DVB Logo
Home
မြန်မာသတင်း
ပထမဆုံးနိုင်ငံခြားဘဏ်ခွဲ မြန်မာနိုင်ငံမှာစတင်ဖွင့်လှစ်
DVB
·
April 23, 2015
ပထမဆုံးနိုင်ငံခြားဘဏ်ခွဲ မြန်မာနိုင်ငံမှာစတင်ဖွင့်လှစ်
Donate to DVB

ဂျပန်နိုင်ငံရဲ့ အထင်ကရဘဏ်ကြီးတခုဖြစ်တဲ့ တိုကျို-မစ်ဆူဘီရှီ ယူအက်ဖ်ဂျေဘဏ်ဟာ မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်း ၀န်ဆောင်မှုပေးဖို့ ပထမဆုံးဘဏ်ခွဲရုံးကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်မှာ ဧပြီလ ၂၂ ရက်က စတင် ဖွင့်လှစ်လိုက်ပါတယ်။

ဂျပန်ဘဏ်အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေဆောင်ရွက်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပြည်တွင်းဘဏ်တွေကို ချေးငွေထုတ်ပေးတာ၊ နိုင်ငံခြားငွေလဲလှယ်ပေးတာ၊ အပ်နှံငွေ လက်ခံတာနဲ့ တခြားဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုတွေပေးဖို့ အစီအစဉ်ရှိတယ်လို့ ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ကတော့ မြန်မာ့ ဘဏ်လုပ်ငန်းအတွက် သမိုင်းမှတ်တိုင်သစ်ဖြစ်တဲ့အကြောင်းနဲ့ ပြည်တွင်းဘဏ်တွေနဲ့ ဂျပန်ဘဏ်တွေပိုမိုပူးပေါင်းပြီး စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူပြုမယ်လို့ ဘဏ်ခွဲ ရုံး ဖွင့်ပွဲအခမ်းအနားမှာပြောပါတယ်။

အလားတူဂျပန်နိုင်ငံရဲ့ ဆူမီတိုမိုမစ်ဆူအီဘဏ်ကော်ပိုရေးရှင်းနဲ့ စင်ကာပူရဲ့ အိုစီဘီစီ ဘဏ်တွေ ကလည်း ရန်ကုန်မှာ ဘဏ်ခွဲတစ်ခု ဖွင့်လှစ်ဖို့ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ အရင်စစ်အစိုးရလက်ထက်က နိုင်ငံခြားဘဏ်တွေအနေနဲ့ ကို်ယ်စား လှယ်ရုံးတွေပဲ ဖွင့်လှစ်ခွင့်ရထားခဲ့ရာက ခုချိန်မှာ နိုင်ငံခြားဘဏ်ခွဲရုံး တခုအနေနဲ့ ပထမဆုံး ဖွင့်လှစ်လုပ်ကိုင်တာပါ။

၂၀၁၄ အောက်တိုဘာ ၁ ရက်က ဂျပန်ဘဏ်ကြီး ၃ ဘဏ်အပါအ၀င် သြစကြေးလျ၊ နယူးဇီလန်၊ တရုတ်၊ စင်ကာပူ၊ မလေးရှားနဲ့ထိုင်း စတဲ့ နိုင်ငံတွေက နိုင်ငံခြားဘဏ်ပေါင်း ၉ ဘဏ်ကို လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် အစိုးရကချပေးခဲ့တာပါ။

အဆိုပါဘဏ် ၉ ဘဏ်ထဲကမှ စင်ကာပူရဲ့ အိုစီဘီစီဘဏ်နဲ့ ဂျပန်ဘဏ် ၂ဘဏ်စုစုပေါင်း ၃ ဘဏ်ကို အစိုးရက ဧပြီ ၂ ရက်နေ့က ဘဏ်ခွဲတွေဖွင့်ခွင့် အတည်ပြုပေးခဲ့တာဖြစ်ပြီး တိုကျို- မစ်ဆူဘီရှီ ယူအက်ဖ်ဂျေဘဏ်ကတော့ လိုင်စင်ရပြီး မြန်မာပြည်မှာ ပထမဦးဆုံး ဘဏ်ခွဲ တရားဝင် ဖွင့်လှစ်လိုက်တဲ့ဘဏ်ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013