DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက်ကျောင်းသားများကို သာယာဝတီတရားရုံးပြောင်းစစ်ရန် အမိန့်ချ
DVB
·
April 23, 2015
သပိတ်မှောက်ကျောင်းသားများကို သာယာဝတီတရားရုံးပြောင်းစစ်ရန် အမိန့်ချ
Donate to DVB

ဖမ်းဆီးခံသပိတ်မှောက်ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို လက်ပံတန်းတရားရုံးမှာ ဒီကနေ့ ထပ်မံရုံးထုတ်ပြီး သူတို့ကို လာမယ့် ဧပြီလ ၃၀ ရက်နေ့ကစပြီး သာယာဝတီ တရားရုံးမှာရုံးပြောင်း စစ်ဆေးမှာဖြစ်တယ်လို့ ကျောင်းသားတွေရဲ့ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ဒီကနေ့ ရုံးထုတ်တဲ့အချိန်မှာတော့ ကျနော်တို့ ရုံးပြောင်းအမိန့်ချပြီးပြီဆိုတာကို ပြောပါတယ်။ အဲတော့ နောက်တပတ် ၃၀ ရက်နေ့မှာ သာယာဝတီကို ရုံးထွက်ရမှာပါ။”

ကျောင်းသားတွေကို လက်ပံတန်းကနေ သာယာဝတီကို တရားရုံးပြောင်းထုတ်ဖို့ တရား လိုဘက်ကတရားရုံးကိုတင်ထားပြီး ဒီကနေ့မှာတော့ ရုံးပြောင်းစစ်ဆေးဖို့ အမိန့်ကျတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံကျောင်းသားတွေထောင်တွင်းကြုံတွေ့နေရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ရုံးထုတ်လာတဲ့ ကျောင်းသားတဦးက “ကျနော်တို့ အနေနဲ့ အခု ထောင်ထဲမှာ ဆိုးဆိုဝါးဝါး ထောင်ရေမသန့်မှုကြောင့် ကျနော်တို့ ၀ဲတွေ ပေါက်ပါတယ်။ ညညဆိုရင် အိပ်လို့တောင်မရဘူး။ နောက် ညဖက်တွေမှာဆိုရင် ရေမကောင်းတော့ ဖြုတ်ကောင်တွေထွက်လာပြီး ကျနော်တို့ကို ကိုက်တယ်။ ဆိုးဆိုးဝါးဝါး အခြေအနေရှိနေ ပါတယ်”လို့ ပြောပါတယ်။

သပိတ်မှောက်ကျောင်းသားနဲ့ဝန်းရံသူ ၇၀ လောက်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု အပါအ၀င် ပုဒ်မ ၅ ခုနဲ့ စွပ်စွဲထားတာ ဖြစ်ပြီး တချို့ ကျောင်းသားခေါင်းဆောင်တွေကတော့ တခြားမြို့နယ်တရားရုံးတွေမှာ နောက်ထပ် ပုဒ်မ အမျိုးမျိုးနဲ့ တရားစွဲဆိုခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013