DVB Logo
Home
မြန်မာသတင်း
မြန်မာသမ္မတနှင့် တရုတ်၊ ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်များ နယ်စပ်တည်ငြိမ်ရေးဆွေးနွေး
DVB
·
April 23, 2015
မြန်မာသမ္မတနှင့် တရုတ်၊ ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်များ နယ်စပ်တည်ငြိမ်ရေးဆွေးနွေး
Donate to DVB

အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ အိမ်နီးချင်း တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး နယ်စပ်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဧပြီ ၂၂ ရက်နေ့ ညနေက ဂျကာတာမြို့ ကွန်ဗန်းရှင်းစင်တာမှာ တရုတ်သမ္မတ ရှီကျင့်ပင်းနဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံပြီး စီးပွားရေးနဲ့ တခြားကဏ္ဍပေါင်းစုံမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်နိုင်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရက သတင်း ထုတ်ပြန်ပါတယ်။

နယ်စပ်ဒေသ အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်မှု ပူးပေါင်း ဆောင်ရွက်ရေး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနဲ့ မြန်မာ ၄ နိုင်ငံ စီးပွားရေးစင်္ကြံင်္ံ အကောင်အထည်ဖော်ရေး၊ ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမ စီမံချက်ပူးပေါင်းဆောင်ရွက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရေး၊ အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (အေအိုင်အိုင်ဘီ) တည်ထောင်ရေး၊ ဘဏ္ဍာရေး၊ စိုက်ပျိုးရေး၊ စက်မှုနဲ့ လျှပ်စစ် စွမ်းအင်ကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေအတွက် မြန်မာနဲ့ တရုတ် ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီတွေ့ဆုံပွဲမှာ တရုတ်သမ္မတ ရှီကျင့်ပင်းက တရုတ်နိုင်ငံအနေနဲ့ မြန်မာငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်ပြောင်းလဲမှုအသစ်တွေ အမြန်ဆုံး မြင်တွေ့ရဖို့ မျှော်လင့်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခပြသနာတွေကို ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှုတွေက တဆင့် နိုင်ငံရေးအရ အဖြေရှာဖို့ အားထုတ်မှုတွေကို အားပေးထောက်ခံတဲ့အကြောင်း ပြောကြားခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

အလားတူ မြန်မာသမ္မတဦးသိန်းစိန်ဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့လည်း ဧပြီ ၂၂ ရက်က သီးခြား တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်စီးပွား မြှင့်တင်နိုင်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကိစ္စတွေ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါ တယ်။

မြန်မာသမ္မတဟာ ဂျကာတာနဲ့ ဘန်ဒေါင်းမြို့မှာ ကျင်းပတဲ့ အာရှ-အာဖရိက ထိပ်သီး ညီလာခံနဲ့ တခြား အစည်းအဝေးတွေကို တက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိ နေတာ ဖြစ်ပါတယ်။

မနေ့က ကျင်းပတဲ့ ညီလာခံဖွင့်ပွဲအခမ်းအနားမှာ သမ္မတဦးသိန်းစိန်က မိန့်ခွန်းပြောရာမှာ မြန်မာဟာ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတွေနဲ့အတူ ၁၉၅၅ ခုနှစ်မှာ ပထမဆုံး ဘန်ဒေါင်းညီလာခံကို ကျင်းပဖို့ အဆိုပြုခဲ့တဲ့ ၅ နိုင်ငံထဲမှာ ပါဝင်တာကို ဂုဏ်ယူကြောင်းနဲ့ အာရှ-အာဖရိက နိုင်ငံတွေအကြား ပိုမိုတည်ငြိမ်အေးချမ်းသာယာဝပြောမှု ကို ဦးတည်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေ ပူးပေါင်းဆောင်ရွက်မှု ဆက်တိုးမြှင့်ဖို့ ပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013