DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်တွင် အစိုးရတပ်မတော်ယာဉ်မတော်တဆဖြစ်၊ ၁၈ ဦးသေဆုံး
DVB
·
April 22, 2015
ရှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်တွင် အစိုးရတပ်မတော်ယာဉ်မတော်တဆဖြစ်၊ ၁၈ ဦးသေဆုံး
Donate to DVB

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းပြင်းမြို့နယ်ထဲမှာ ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းက တပ်မတော်ယာဉ်တန်းက ကားတစ်စီး မတော်တဆထိခိုက်မှုဖြစ်ပွားပြီး ၁၈ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားပါတယ်။

ကျိုင်းတုံမြို့နယ် လွယ်မွေဘက်ကနေလာတဲ့ အဲဒီအစိုးရယာဉ်တန်းဟာ မိုင်းပျဉ်းမြို့နယ် ပန်ပေါင်းရွာ နဲ့ ဟိုနားကျောင်းရွာကြား တောင်ပေါ်လမ်း မှာ မတော်တဆထိခိုက်မှုဖြစ်ပြီး သေဆုံးသူ နဲ့ လူနာတွေ ဆေးရုံကိုရောက်လာတယ်လို့ မိုင်းပြင်းဆေးရုံတာဝန်ကျ ၀န်ထမ်းတစ်ဦးက ဒီဗွီဘီ ကို ပြောပါတယ်။

"သေဆုံးသူ ၁၈ ဦးနဲ့ လူနာ ၃ ဦး မနေ့ညနေက ဆေးရုံကိုရောက်လာပါတယ်။ အကုန်လုံး အစိုးရတပ်ကချည်းပါပဲ၊ ဗိုလ်မှူးတွေ ဗိုလ်ကြီးတွေလဲပါတယ်လို့ပြောတယ်၊ နာမည်တွေ ရာထူးတွေတော့ အတိအကျမသိရပါဘူးရှင့် ၊ ဒဏ်ရာရသူ ၃ ဦးက ဒဏ်ရာပြင်းလို့ ကျိုင်းတုံဆေးရုံကို လွှဲလိုက်ပြီး သေဆုံးသူတွေကိုတော့ မနက်ဖြန် သဂြိုဟ်မယ်လို့ ပြောပါတယ်။"

ယာဉ်မတော်တဆဖြစ်ပွားရတဲ့အကြောင်းရင်းကို မသိရပေမယ့်လည်း ကားဟာချောက်နက်ထဲကို ပြုတ်ကျသွားတာဖြစ်ပြီး အဲဒီအချိန်က မိုင်းပြင်းမှာ မိုးရောလေပါ တိုက်ခတ်နေတယ်လို့ ဆေးရုံဝန်ထမ်းက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013