DVB Logo
Home
Lead Story
ကမ္ဘာမြေနေ့အပေါ် မြန်မာ့သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေရဲ့ အမြင်များ
DVB
·
April 22, 2015
ကမ္ဘာမြေနေ့အပေါ် မြန်မာ့သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေရဲ့ အမြင်များ
Donate to DVB

ဧပြီလ ၂၂ ရက်နေ့ဟာ  မြေကမ္ဘာနေ့ ဖြစ်ပါတယ်။ မြန်မာ့သစ်ပင်သစ်တောတွေ စိမ်းလန်းစိုပြေ ရေးနဲ့ သဘာဝပတ်ဝန်းကျင် မပျက်စီးရအောင် ထိန်းသိမ်းရေး မြန်မာနိုင်ငံသားတိုင်း ကိုယ့်အသိ စိတ်ဓာတ်နဲ့ စောင့်ရှောက်ကာကွယ်ဖို့ လိုနေတယ်လို့  မြန်မာ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက ပြောပါတယ်။

မြေကမ္ဘာနေ့ အထိမ်းအမှတ် ကမ္ဘာတဝှမ်းမှာ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေက သစ်ပင်စိုက်တာ၊ ရေနဲ့လျှပ်စစ်မီးစတဲ့ လောင်စာစွမ်းအင်တွေကို ချွေတာသုံးဆွဲကြဖို့ လူထုကို ပုံသဏ္ဍာန်မျိုးစုံနဲ့ စည်းရုံးလှုံ့ဆော်ကြပေမယ့် မြန်မာနိုင်ငံမှာတော့ သိသာ ထင်ရှားတဲ့ လှုပ်ရှားမှုတွေ မတွေ့ရပါဘူး။

မြေကမ္ဘာနေ့ အပေါ် မြန်မာပြည်က ကမ္ဘာမြေချစ်သူတွေရဲ့ အမြင်သဘောထားတွေကို စုစည်း တင်ပြပေးလိုက်ပါတယ်။

မင်းထက်ငြိမ်းချမ်း (မန္တလေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ)

“မြေကမ္ဘာနေ့ အထိမ်းအမှတ် အခမ်းအနားတွေ ကျနော်တို့ ဆီမှာတော့ တွင်တွင်ကျယ်ကျယ် ကျင်းပတာတွေ သိပ်မတွေ့ရဘူး။ ကျနော်ကိုယ်တိုင်လည်း အဲဒါနဲ့ သိပ်မယဉ်ပါးဘူး။ ဒါပေမယ့် ဗမာပြည်မှာရှိတဲ့ နိုင်ငံတကာ ဟိုတယ်ကြီးတွေကနေ အဲဒီနေ့မှာ မီးအမှောင်ချတာတို့၊ လျှပ်စစ်မီးတွေ မသုံးဘဲနဲ့ သဘာဝအတိုင်း နာရီအနည်းငယ်နေတာတို့ ဒါမျိုးတွေတော့ ကျနော်တို့ တွေ့ခဲ့ပါတယ်။ အဲဒီတော့ ဒီမြေကမ္ဘာနေ့ အထိမ်းအမှတ်အနေနဲ့ အခမ်းအနားတွေ ဒီထက်ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လူထုပညာပေးမှုတွေ၊ အစိုးရရော၊ အန်ဂျီအိုတွေကရော၊ လုပ်နိုင်မယ်ဆို ရင်တော့ ပိုကောင်းတာပေါ့နော်။

“ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က မြေကမ္ဘာပေါ်မှာ မှီတင်းနေထိုင်ကြရတာကိုး လူသာမျိုး နွယ်ဆိုတာ။ အဲတော့ မြေကမ္ဘာရှင်သန်နေဖို့ ကမ္ဘကြီးကို ပျက်စီးရာ ပျက်စီးကြောင်းတွေကို ဟန့်တားကြဖို့ လိုပါတယ်။ ကျနော်တို့ မီတင်းနေထိုင်တဲ့ မြေကမ္ဘာမှာ ပျက်စီးယိုယွင်းမှုတွေ အများကြီးရှိနေပြီ။ အခု ကျနော်တို့ မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းပဲ ဒီရာသီမှာ တနိုင်ငံလုံး ခရမ်းလွန်ရောင်ခြည်လွန်ကဲမှုတွေ ကျနော်တို့ တွေ့နေရပြီ။ ရာသီဥတုပြောင်းလဲခြင်းဒဏ်တွေ ကျနော်တို့ ခံနေရပြီ။ သစ်တောတွေ ဖြုန်တီးလို့ မြစ်တွေ၊ ဆည်တွေကြောင့်ဖို့ ဆိုးဝါးတဲ့ဒဏ်တွေ ခံနေရတယ်။ လူလုပ်တဲ့တောင်ယာကြောင့်မို့ ဆိုဝါးမှုတွေခံနေရပြီ။ စက်ရုံအညစ်အကြေးတွေ ကြောင့်မို့ ကျနော်တို့ ခံနေရတယ်။ အဲတော့ ကမ္ဘာမှာလည်း ဒီလို အဖြစ်အပျက်တွေအများကြီးရှိ တယ်။ အဲဒီအတွက်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ပညာရှင်တွေ၊ နားလည် တတ်ကျွမ်းသူတွေ၊ အစိုးရကောင်းတွေ ဦးဆောင်ပြီးတော့ လူထုနဲ့ပူးပေါင်းဆောင်ရွက်တာတွေ ရှိသော်လည်ပဲ ပျက်စီးမှုတွေက များနေတုန်းပဲလေ။ အဲတော့ အဲလို ထိမ်းသိမ်းချင်တဲ့ စိတ်ဓါတ်တွေကိုတော့ ကျောင်းသားဘ၀ ငယ်စဉ်ကတည်းက လေ့ကျင်ပျိုးထောင်ပြီး ကမ္ဘာမြေနေ့ကိုလည်းပဲ တွင်တွင်ကျယ်ကျယ် လူထုကြားမှာလုပ်နိုင်ရင် ကောင်းတယ်လို့ ကျနော်မြင်ပါတယ်။”

ဆရာတော် ဘဒ္ဒ န္တ စိန္တိတ (အာရှအလင်းရောင်ဖောင်ဒေးရှင်း တည်ထောင်သူ)

“ဒီနေ့ မြေကမ္ဘာနေ့မှာပေါ့နော် မြန်မာနိုင်ငံမှာရှိကြတဲ့ ပုဂ္ဂိုလ်တွေပေါ့နော် ဒီသဘာဝပတ်ဝန်း ကျင်ကို အသိအမှတ်ပြုစေချင်ပါတယ်။ အထူးသဖြင့် နိုင်ငံတော်မှာ တာဝန်ရှိနေကြတဲ့ ပုဂ္ဂိုလ် တွေပေါ့။ ဒီသဘာဝပတ်ဝန်းကျင်ကို နားလည်စေချင်တယ်။ အစိုးရအနေနဲ့ သစ်ပင်တွေ စနစ်တကျ ပြန်လည်ပြီးတော့လည်း စိုက်ပျိုးစေချင်တယ်။ ခုတ်တဲ့နေရာမှာလည်း စနစ်တကျ ခုတ်စေချင် တယ်။ အခု သဘာဝပတ်ဝန်းကျင်က အရမ်းပျက်စီးသွားနေတာကို သိဖို့တော့ သင့်ပြီးလို့တော့ ဘုန်းဘုန်းတို့က ထင်တယ်လေ။ နောက်အလုပ်တွေလည်း လုပ်စေချင်တယ် လေ။ အခု ဘုန်းဘုန်း မွေးထားတဲ့သစ်တောလေးတောင်မှ လူတွေကလာပြီး မီးသွေးဖုတ်လိုက် ခုတ်လိုက်တဲ့ ဘုန်းဘုန်းတို့က ဝေးတဲ့အခါကျတော့ သွားပြီးတော မစောင့်လျှောက်နိုင်ဘူး ဖြစ်တယ်။”

နန်းခမ်းလှိုင် (KDSN ကရင်နီသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့)

“ကမ္ဘာမြေနေ့အနေနဲ့ ကျမ ပြောချင်တာကတော့ မြန်မာပြည်ရဲ့မြေဟာ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူပြည်သားတွေအားလုံးနဲ့ သက်ဆိုင်ပါတယ်။ အစိုးရတခုထဲ မဟုတ်ပါဘူး။ ဆိုတဲ့အခါကျ တော့ ဒီသဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းတဲ့နေရာမှာလည်း လူထုရဲ့ သဘောဆန္ဒကို ရယူပြီး ထိန်းသိမ်းပြုပြင်ဖို့လိုအပ်တယ်လို့ ယူဆပါတယ်။ အခု သူတို့က ကြွေးကျော်နေကြတယ်။ သဘာဝ ပြုပြင်ပြောင်းလဲရေးတို့၊ ဖွံ့ဖြိုးရေးတို့ လုပ်တဲ့ နေရာမှာ ကျမတို့ ဒီသဘာဝမြေ၊ သဘာဝ တောတောင်၊ လယ်ယာကိုင်းကျွန်းတွေဟာ သဘာဝမဟုတ်တော့ဘူး။ အကုန်လုံးက သူတိုရဲ့ စီးပွားရေးဖွံ့ဖြိုးရေး အသုံးချမှုတွေမှာ ခံစားနေကြတယ်။ ဒါကြောင့် ကျမကတော့ တောင်းဆို ချင်တာကတော့ အစိုးရတွေရဲ့ လက်ရှိလုပ်နေတဲ့ မြေယာ သိမ်းဆည်းမှုတွေ၊ မြေယာထွန်ယက်မှုတွေ မြေယာတွေနဲ့ပတ်သက်ပြီး စီးပွားရေး လုပ်နေတာကို ရပ်တန့်ပေးဖို့ တောင်းဆိုချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013