DVB Logo
Home
မြန်မာသတင်း
ထားဝယ်ရေနက်ဆိပ်ကမ်း ပူးပေါင်းဆောင်ရွက်ရန် ဂျပန်သဘောတူညီ
DVB
·
April 22, 2015
ထားဝယ်ရေနက်ဆိပ်ကမ်း ပူးပေါင်းဆောင်ရွက်ရန် ဂျပန်သဘောတူညီ
Donate to DVB

မြန်မာနိုင်ငံ ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် (DSEZ) စီမံကိန်းမှာ ဂျပန်က ပါဝင်လာဖို့အတွက် ဇူလိုင်လမှာ လက်မှတ်ရေးထိုးဖို့ ရှိနေပါတယ်။

ထိုင်းအမျိုးသား စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး အာခွန် တမ်ပစ်တယပိုင်ဆစ်က ထိုင်း၊ မြန်မာနဲ့အတူ ဂျပန်ကလည်း ညီမျှတဲ့ အစုအစပ် ပါဝင်မယ်လို့ ထိုင်းဘန်ကောက်ပိုစ့် သတင်းစာက ရေးပါတယ်။

ဧပြီ ၂၃-၂၅ ဒီနေရာကို သွားရောက်လည်ပတ်ပြီးရင်တော့ လုပ်ဆောင်မယ့် အခြေအနေ အသေးစိတ်ကို သိရမယ်လို့လည်း သူက ပြောပါတယ်။

"ဆုံးဖြတ်ချက်ကို ၂ နှစ်ကြာ စဉ်းစားပြီးတဲ့နောက်မှာ ထားဝယ်ဖွံ့ဖြိုးရေးမှာ ပါဝင်ဖို့ ဂျပန်ကလည်း သဘောတူညီခဲ့ပါတယ်။ ဒါပေမယ့် မြန်မာအစိုးရက အခြေခံအဆောက်အဦကို အရင်တည်ဆောက်ပြီးမှ သင့်တော်ရာ စီမံကိန်းတွေမှာ ပုဂ္ဂလိက ကဏ္ဍတွေကို ရင်းနှီးမြှုပ်နှံခွင့်ပေးတဲ့အတွက် တချို့အယူအဆတွေ ပြောင်းလဲသွားပါတယ်”လို့ အာခွန် တမ်ပစ်တယ ပိုင်ဆစ်က ပြောပါတယ်။

၂၀၁၃ ခုနှစ် ထိုင်းမြန်မာက တူညီတဲ့ အစုရှယ်ယာနဲ့ ကနဦး ဘတ် ၁၂ သန်း ရင်းနှီးမြုပ်နှံဖို့ ကားလမ်း၊ ဆိပ်ကမ်း၊ မီးရထားလမ်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ စက်မှုလုပ်ငန်းတွေ ထူထောင်ဖို့ သဘောတူညီခဲ့ပါတယ်။

ဂျပန်အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်နိုင်ဖို့ ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ပြည့်စုံတဲ့ အထူးအစီအစဉ်ကို ဖန်တီးဖို့ ထိုင်းနဲ့ မြန်မာက သဘောတူညီခဲ့ပါတယ်။

ဇွန်လမှာ ဒီအစီအစဉ်ကို အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကော်ပရေးရှင်း အေဂျင်စီ (NESDB) က စီစဉ်ဆောင်ရွက်နေပါတယ်။

အစီအစဉ်မှာ စက်မှုဇုန်နယ်မြေ ၁၃၂ စကွဲကီလိုမီတာ ကျယ်ဝန်းမှာ ဖြစ်သလို၊ ကုန်ပစ္စည်းတန်ချိန် သန်း ၁၇၀ ကို ၀န်ဆောင်ပေးနိုင်မယ့် ရေနက်ဆိပ်ကမ်း၊ ထိုင်းနဲ့ မြန်မာကို ချိတ်ဆက်မယ့် ၄ လမ်းမောင်း ကားနဲ့ လျှပ်စစ်စက်ရုံအပြင် ရေထောက်ပံ့ထုတ်လုပ်မှုတွေ ပါဝင်တာဖြစ်ပါတယ်။

ဒါအပြင် ထိုင်းနယ်စပ်ကနေ ထားဝယ်စီမံကိန်းအထိ ၁၃၂ ကီလိုမီတာရှည်တဲ့ လမ်းကို ဖောက်လုပ်ဖို့ ဘတ် ၄.၅ ဘီလီယံကို မြန်မာအစိုးရကို ချေးဌားပေးဖို့ NESDB က ထိုင်းဘဏ္ဍာရေးဝန်ကြီးကို တောင်းဆိုထားပါတယ်။

ဒီချေးငွေအတွက် မြန်မာအစိုးရကလည်း လွှတ်တော်ကနေ အတည်ပြုချက် ရယူရမှာ ဖြစ်သလို လမ်းတည်ဆောက်မှုတွေအတွက် ပတ်ဝန်းကျင် သက်ရောက်မှုဆိုင်ရာ အကဲဖြတ်ချက်ကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ပထမအဆင့်အနေနဲ့ လျှပ်စစ်မီးစက်ရုံ၊ စက်မှုဇုန်နယ်မြေတွေကို အပြီးသတ် အကောင်အထည် ဖော်ဖို့ အီတာလျံထိုင်းဖွံ့ဖြိုးရေးနဲ့ ရိုဂျနာ စက်မှုဇုန်တို့က မြန်မာအစိုးရနဲ့ မေနဲ့ ဇွန်လမှာ လတ်မှတ်ရေးထိုးဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013