DVB Logo
Home
မြန်မာသတင်း
မြန်မာအလှူသွားသည့် ထိုင်းမိသားစု ယာဉ်တိုက်မှုဖြစ်ပြီး ၁ ဦးသေ ၇ ဦးဒဏ်ရာရ
DVB
·
April 21, 2015
မြန်မာအလှူသွားသည့် ထိုင်းမိသားစု ယာဉ်တိုက်မှုဖြစ်ပြီး ၁ ဦးသေ ၇ ဦးဒဏ်ရာရ
Donate to DVB

ထိုင်းနိုင်ငံ ဆန်ခရဘူရီမြို့ကနေ မြန်မာနိုင်ငံ ကရင်ပြည်နယ် ဘုရားသုံးဆူ ဘက်ကိုသွားပြီး အလှူလုပ်မယ့် ထိုင်းမိသားတစ်စု မြန်မာဘက်ခြမ်းမှာ ယာဉ်မတော်တဆတိုက်မှု ဖြစ်ပြီး ၁ ဦးသေဆုံး ၇ ဦး ဒဏ်ရာရသွားတယ်လို့ အေအက်စ်တီဗွီ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဧပြီလ ၂၀ ရက် မနက်က လူနာတင်ယာဉ်ကားတွေနဲ့အတူ သေဆုံး ဒဏ်ရာရသူတွေကို နယ်စပ်ကနေ သွားကြိုကာ ဆန်ခရဘူရီမြို့နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆန်ခရဘူရီ ရဲစခန်း တာဝန်ကျရဲမှူး ကရိန်းကိုင်း တန်ချန်းက သတင်းထောက်တွေကို ပြောပါတယ်။

သေဆုံးသူမှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်ပြီး ကျန်ဒဏ်ရာရသူတွေထဲမှ ကရင်သံဃာတော် ၁ ပါး၊ အသက် ၇၈ နှစ်ရွယ် အဖိုးအို ၁ ဦး ၊ ၁၆ နှစ်ရွယ် မိန်းကလေးတစ်ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ဖြစ်ပြီး အဖိုးအိုမှာ ဒဏ်ရာပြင်းထန် တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေဟာ ဆန်ခဘူရီမြို့နယ် နောင်လူးကျေးရွာအုပ်စု ဖတ်ထနားရွာသစ်က ဖြစ်ပြီး ဖတ်ထနားကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် ဦးဆောင်ကာ မြန်မာနိုင်ငံ ကရင်ပြည်နယ် ဘုရားသုံးဆူဘက်ကို သင်္ကြန်ကာလ အလှူလုပ်ဖို့ အသွား လမ်းမှာ မတော်တဆ ထိခိုက်ခဲ့တာလို့ တာဝန်ကျရဲမှူးက ပြောပါတယ်။

အလှူလုပ်မယ့်လူတွေဟာ ဟိုင်းလပ်ကားသုံးစီးနဲ့ အတူတကွ ထွက်ခွာသွားကြပြီး ထိုင်းနယ်စပ်အလွန် ၂၀ ကီလိုမီတာအကွာအရောက် ဟိုင်းလပ်ဖိုး ၀ီးလ်ကားတစ်စီးက မတော်တဆတိုက်မိခဲ့တာပါ။ အဲဒီကားပေါ်မှာ စီးနင်းလိုက်ပါသွားသူပေါင်း ၁၅ ဦးရှိပြီး ၁ဦးသေ ၈ ဦးဒဏ်ရာ ရခဲ့တာလို့ ဆိုပါတယ်။

ယာဉ်မတော်တဆထိခိုက်မှု အကြောင်းရင်း အတိအကျသိရဖို့ မြန်မာဘက်က အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ဆက်လက်စုံစမ်းစစ်ဆေးနေဆဲလို့ တာဝန်ကျရဲမှူးက သတင်းထောက်တွေကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013