DVB Logo
Home
မြန်မာသတင်း
မြန်မာအစိုးရ၏ လိုင်စင်တင်းကျပ်မှုကြောင့် ထိုင်းပွဲစီစဉ်ရေးအဖွဲ့ လုပ်ငန်းများ ခေတ္တရပ်ဆိုင်း
DVB
·
April 18, 2015
မြန်မာအစိုးရ၏ လိုင်စင်တင်းကျပ်မှုကြောင့် ထိုင်းပွဲစီစဉ်ရေးအဖွဲ့ လုပ်ငန်းများ ခေတ္တရပ်ဆိုင်း
Donate to DVB

မြန်မာအစိုးရရဲ့ လိုင်စင်တင်းကျပ်မှုကြောင့် ထိုင်းနိုင်ငံရဲ့အကြီးဆုံး ပွဲစီစဉ်ရေးအဖွဲ့ Index Creative Village (ICV) က မြန်မာမှာ လုပ်ဆောင်မယ့် လုပ်ငန်းတွေကို ယာယီရပ်နားလိုက်ပါတယ်။

ဒီနှစ်အတွင်း မြန်မာနိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ဆန္ဒပြမှုတွေကို ကာကွယ်ဖို့ အတွက် လူစုလူဝေးစုစည်းတာတွေကို  တင်းကျပ်တဲ့ ညွန်ကြားချက်တွေ အစိုးရက ချမှတ်ခဲ့တဲ့ အတွက် ၂၀၁၄ အကယ်ဒမီဆုပေးပွဲ အပြင်အဆင်တွေကို တာဝန်ယူ စီစဉ်ပေးခဲ့တဲ့ ICV လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တာလို့ ဘန်ကောက်ပိုစ့်သတင်းက ရေးပါတယ်။

နိုင်ငံရေးအခြေအနေတွေ ကောင်းမွန်လာတဲ့အထိ လုပ်ဆောင်မယ့် အစီအစဉ်တွေကို ရပ်တန့်ထားမယ်လို့ ICV ပူးတွဲတည်ထောင်သူက ပြောပါတယ်။

ဒါအပြင် အခြား အစီအစဉ်တွေဖြစ်တဲ့ ကုန်စည်ပြပွဲကိုလည်း ရပ်နားထားမှာ ဖြစ်ပါတယ်။

ဒီအတွက် အရင် ၂ နှစ်က လုပ်ဆောင်ခဲ့တဲ့ ICVရဲ့ သင်္ကြန်နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေကို ဒီနှစ်မှာတော့ လုပ်ဆောင်ခဲ့ခြင်း မရှိပါဘူး။ ၂၀၁၃ သင်္ကြန်နဲ့ပတ်သက်ပြီး ICV က လုပ်ဆောင်တဲ့ပွဲကို လူ ၇ သိန်းကျော်လာရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံ ဖော်အဲဗား အုပ်စုနဲ့ လက်တွဲဖော်ဖြစ်တဲ့ ICVက ၂၀၁၀ ခုနှစ်ကတည်းက အကျိုးတူ လုပ်ငန်း တရပ်အနေနဲ့ မြန်မာနိုင်ငံထဲကို ပထမဆုံး လုပ်ကိုင်ခဲ့တဲ့ ထိုင်း မီဒီယာနဲ့ ပွဲစီစဉ်တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

ဒါအပြင် ၂၀၁၂ ခုနှစ် နှစ်ကူးကြိုတာ၊ ၂၀၁၁ ခုနှစ် အကယ်ဒမီဆုပေးပွဲ ၂၀၁၂ ခုနှစ် ပြည်ထောင်စုနေ့ အခမ်းအနားတွေကိုလည်း ICVက လုပ်ဆောင်ပေးခဲ့ပါတယ်။

Index အဖွဲ့ဟာ ပွဲ တွေ စီစဉ်ရာ မှာ ကမ္ဘာ အဆင့် ၇ နေ ရာမှာ ရှိပြီး  မြန်မာအစိုးရသစ်တက်လာပြီးနောက်မှာ မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်လာတဲ့  စီးပွားရေးလုပ်ငန်းအုပ်စုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013