DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ကာလ အရေးပေါ်ကျန်းမာရေး ယခင်နှစ်ထက် ကူညီခဲ့ရဟုဆို
DVB
·
April 18, 2015
သင်္ကြန်ကာလ အရေးပေါ်ကျန်းမာရေး ယခင်နှစ်ထက် ကူညီခဲ့ရဟုဆို
1 / 7
Donate to DVB

ဒီနှစ်သင်္ကြန်ကာလမှာ အရေးပေါ်ကျန်းမာရေး ကိစ္စတွေကို မနှစ်ကထက် ပိုပြီး ကူညီ ပေးခဲ့ရတယ်လို့ နာရေးကူညီမှုအသင်း ရန်ကုန်ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

“နိုင်ငံခြားသား ၄ ယောက်အပါအ၀င် လူနာ ၂၇ ယောက်ကို ဆေးရုံကိုပို့ပေးခဲ့ပါတယ်။ ထိခိုက် ဒဏ်ရာရတာ အများဆုံးကတော့ ရန်ဖြစ်တာပါ။ မနှစ်ကနဲ့ယှဉ်မယ်ဆိုရင် ဒဏ်ရာအသေးအဖွဲရတာက ပိုများလာပါတယ်” လို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ရဲ့ အရေးပေါ်ကယ်ဆယ်ရေးတာဝန်ခံ ကိုရဲလင်းမြင့်က ပြောပါတယ်။

နာရေးကူညီမှုအသင်း ရန်ကုန် အနေနဲ့ သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့က သုံးနေရာမှာ လူနာတင်ယာဉ်တွေနဲ့ ကူညီနေခဲ့တာ ဖြစ်ပါတယ်။

မနှစ်ကနဲ့ ယှဉ်မယ်ဆိုရင် တနိုင်ငံလုံးမှာ သင်္ကြန်နဲ့ ပတ်သက်တဲ့ မှုခင်းလျော့သွားပေမယ့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကတော့ ပိုများလာတယ်လို့ မြန်မာနိုင်ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်အရ သိရပါတယ်။

မနှစ်က တနိုင်ငံလုံးမှာ သင်္ကြန်နဲ့ ပတ်သက်တဲ့ မှုခင်းပေါင်း ၁၉၄ ခု ဖြစ်ပွားခဲ့ပြီး လူ ၁၅ ယောက်သေဆုံးပြီး ၁၉၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒီနှစ်မှာတော့ မှုခင်းပေါင်း ၁၇၄ ခု ဖြစ်ခဲ့ပေမယ့် လူ ၁၆ ယောက် သေဆုံးပြီး ၃၅၆ ယောက် ဒဏ်ရာရခဲ့တာပါ။

ဒီအထဲမှာ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရတာက အများဆုံးဖြစ်ပြီး ၂၆၁ ယောက်ရှိပါတယ်။

ထိုင်းနိုင်ငံ ဆုန်ကရန် သင်္ကြန်ပွဲတော်ကာလမှာတော့ လူ ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ - နာရေးကူညီမှုအသင်း-ရန်ကုန်

[gallery ids="89831,89832,89833,89834,89835,89836,89837"]

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013