DVB Logo
Home
မြန်မာသတင်း
၂၀၁၅ ရွေးကောက်ပွဲ သတင်းတိုများ
DVB
·
April 18, 2015
၂၀၁၅ ရွေးကောက်ပွဲ သတင်းတိုများ
Donate to DVB

မသန်စွမ်းအခွင့်အရေးအတွက် လွှတ်တော်သက်တမ်းသစ်တွင် ဆွေးနွေးမည်

နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မသန်စွမ်းအခွင့်အရေး ဆောင်ရွက်နိုင်ဖို့အတွက် ဆွေးနွေးသွားမယ်လို့  မြန်မာနိုင်ငံ မသန်စွမ်းရှေ့ဆောင်အဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံ မသန်စွမ်းရှေ့ဆောင်အဖွဲ့ဝင် ဦးနေလင်းစိုး က “ကိုယ်စားလှယ်လောင်းတွေကို ကျနော်တို့က ကိုယ်စားလှယ်ရွေးချယ်ခံရတဲ့အခါမှာ မသန်စွမ်းတဲ့သူတွေအတွက် ဘာတွေ ဆောင်ရွက်ပေးနိုင်မလဲပေါ့။ ဘယ်လို လုပ်ပေးနိုင်မလဲပေါ့၊ ဒါတွေကို သူတို့နဲ့ brain storming လုပ်တဲ့ section လေးတွေ လုပ်ဖို့ ရှိပါတယ်။ ဒါကိုတော့ အနားနီးလာတဲ့ အခါမှာ ပါတီတွေက ကိုယ်စားလှယ်လောင်းအမည် ထုတ်ပြန်တဲ့အခါမှာ ကျနော်တို့က ပါတီတွေနဲ့ ချဉ်းကပ် တွေ့ဆုံပြီးတော့ အကောင်အထည်ဖော်မယ်ပေါ့။ ဒီနည်းအားဖြင့် လာမယ့် လွှတ်တော် သက်တမ်းအသစ်မှာ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ လွှတ်တော်အမတ်တွေ ဖြစ်လာပြီးတော့ ကျနော်တို့ အရေးကိစ္စကိုလည်း တစိတ်တဒေသ ဖြစ်ဖြစ်ပေါ့နော် စိတ်ဝင်စားပြီးတော့ တင်ပြပြောဆို ဆွေးနွေးပြီးတော့ အခွင့်အရေး အကောင်အထည်ဖော် ပေးသူများ ဖြစ်လာဖို့ ရည်မှန်းထားတယ်။”

ဒါ့အပြင် မသန်စွမ်းမဲဆန္ဒရှင်တွေအတွက် မဲရုံဝန်ထမ်းတွေအနေနဲ့ ထိထိရောက်ရောက် အကူအညီပေးနိုင်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပူးပေါင်းပြီး  မဲရုံဝန်ထမ်း ပညာပေးသင်တန်းတွေ ဖွင့်လှစ်ဖို့လည်း စီစဉ်နေပါတယ်။ ဒီအစီအစဉ်တွေကို မေလဆန်းပိုင်းမှာ စတင်သွားမှာ ဖြစ်ပါတယ်။

ပညာအရည်အချင်းသတ်မှတ်ချက် လျော့ပေါ့စဉ်းစားမည့် ခေတ်သစ်ပြည်သူ့ပါတီ

ခေတ်သစ်ပြည်သူ့ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့အခါ ပညာအရည်အချင်း သတ်မှတ်ချက်ကို လျော့ပေါ့ စဉ်းစားသွားမယ်လို့ ခေတ်သစ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်မြင့်က ပြောပါတယ်။

“ပီအိပ်ခ်ျဒီတွေ သတ်မှတ်ချင်တာပေါ့၊ ဒါပေမယ့် လယ်သမားတွေမှာ ရှိမှ မရှိပဲ။ ပါရဂူဘွဲ့တွေ အဲဒီတော့ ၈ တန်းအောင်ရင် အနိမ့်ဆုံးပေါ့လေ။ အမြင့်ဆုံးကတော့ ပါရဂူတွေပေါ့။ ဆိုတော့ ၈ တန်းအောင်အထိ အန်ကယ်တို့ဆီမှာ သတ်မှတ်တယ်။ ဒါမှ လယ်သမား ကိုယ်စားလှယ်တွေ စက်ရုံ၊ အလုပ်ရုံမှာ လုပ်တဲ့သူတွေ တချို့ဆိုရင် ၁၀ တန်းတောင်မအောင်တဲ့ အလုပ်သမားထုတွေ ရှိတယ်။ အဲ့ဒီက ကိုယ်စားလှယ်တွေ လွှတ်တော်ကို ပါမယ်။ ပါမှ တိုင်းပြည်ရဲ့ ပကတိဘဝကို လွှတ်တော်က သုံးသပ်ပြီး ဆောင်ရွက်နိုင်မယ်။ ဒါကြောင့် ပညာအရည်အချင်းက အနိမ့်ဆုံး ၈ တန်း အောင်ရမယ်။  ”

ခေတ်သစ်ပြည်သူ့ပါတီအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ ခုမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ပါတီဝင်ပေါင်း ၁ သိန်းကျော် ရှိပါတယ်။

ရပ်ကျေးအဆင့် ကော်မရှင်သင်တန်းများ ဧရာဝတီတိုင်းတွင် စတင်ပို့ချမည်

ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှု အနေနဲ့ ရပ်ကျေးအဆင့် ကော်မရှင်သင်တန်းတွေကို မေလဆန်းမှာ စတင်ပို့ချသွားမှာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးအောင်မြင့်က “ရပ်ကျေးကော်မရှင်ပါမယ့်သူတွေ ရွေးတဲ့အခါ နိုင်ငံတော်နဲ့ နိုင်ငံသားများအပေါ်မှာ သစ္စာရှိတဲ့ လူတဲ့ ဒါက တော်တော်အရေးကြီးတဲ့ အချက်ဖြစ်တယ်။ တချို့ဆိုရင် ဘယ်ကိစ္စဖြစ်ဖြစ် အမြင်မကြည်ဘူး။ ဥပမာ အစိုးရက လုပ်ငန်းတခု လုပ်တယ်။ အစိုးရက ဘယ်လောက် ကောင်းတာ လုပ်လုပ် တခါတည်း ပြောင်းပြန် ပြန်ပြောတယ်။ အဲဒီလိုလူမျိုး ကော်မရှင်မှာ မရွေးဘူး”  လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013