DVB Logo
Home
မြန်မာသတင်း
မြန်မာအစိုးရ ဒေါ်လာ ၈ သိန်းကျော်ပေးပြီး အမေရိကန်လော်ဘီငှားရမ်း
DVB
·
April 17, 2015
မြန်မာအစိုးရ ဒေါ်လာ ၈ သိန်းကျော်ပေးပြီး အမေရိကန်လော်ဘီငှားရမ်း
Donate to DVB

မြန်မာအစိုးရဟာ သူတို့ကို ထောက်ခံလာအောင် စည်းရုံးဆွဲဆောင်ပေးဖို့အတွက်   ပိုဒက်စ်တာ လော်ဘီအုပ်စုနဲ့  အမေရိကန်ဒေါ်လာ ၈၄၀၀၀၀ တန် သဘောတူစာချုပ် ချုပ်ဆိုလိုက်တယ်လို့   ၀ါရှင်တန်အခြေစိုက် The Hill သတင်းမှာ ဖော်ပြပါတယ်။

ခုနှစ်ကုန်ပိုင်းကျင်းပဖို့ရှိတဲ့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ငှားရမ်းလိုက်တာဖြစ်ပြီး အမေရိကန် လော်ဘီအုပ်စုနဲ့ မြန်မာအစိုးရအကြား တနှစ်ကြာ သဘောတူစာချုပ်ကို မြန်မာ သံရုံးကိုယ်စားလှယ်က လက်မှတ်ရေးထိုးခဲ့တဲ့အကြောင်း၊ သဘောတူညီချက်အရ  မြန်မာအစိုးရက ပိုဒက်စ်တာကုမ္ပဏီကို ဒေါ်လာ ၂၁၀၀၀၀ သုံးလ တခါ ၀န်ဆောင်ခပေးရမယ်လို့ သတင်းမှာရေးပါတယ်။

လော်ဘီကုမ္ပဏီဟာ  မြန်မာနဲ့  အမေရိကန်အစိုးရနဲ့ အဖွဲ့အစည်းတွေအကြား ဆက်ဆံရေး အားကောင်းအောင် မဟာဗျူဟာအကြံဉာဏ်တွေ ပေးရမယ့်အပြင် အမေရိကန်လွှတ်တော်နဲ့ မီဒီယာတွေအပါအ၀င် နှစ်နိုင်ငံ ဆက်ဆံရေး  ဦးစားပေးကိစ္စတွေကို ဆက်သွယ်ဆောင်ရွက်ရာ မှာ အကူအညီပေးရမှာဖြစ်ပါတယ်။

မြန်မာအစိုးရ အဆင့်မြင့်အရာရှိတဦးကတော့ ပိုဒက်စတာကုမ္ပဏီနဲ့ ဆက်သွယ်ဆောင်ရွက်နေ တယ်ဆိုတဲ့ သတင်းမှန်ကန်ကြောင်းနဲ့ ကုမ္ပဏီက  လာရောက်ဆွေးနွေးမှု တွေရှိခဲ့တဲ့အကြောင်း ဒီဗွီဘီကို ပြောပါတယ်။

ဒီကိစ္စကို နိုင်ငံခြားရေးဌာက လုပ်ဆောင်နေတာဖြစ်ပြီး သဘောတူညီချက်တွေနဲ့ ငွေကြေး ပေးဆောင်မှု အသေးစိတ်ကိုတော့ မသိရဘူးလို့လည်း ပြောပါတယ်။

ပိုဒက်စ်တာလော်ဘီအုပ်စုကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။

မြန်မာပြည်ဆိုင်ရာ အမေရိကန်သံတမန်ဟောင်း မစ္စပရစ်စီလာကလပ်ကတော့   မြန်မာအစိုးရအပေါ် နိုင်ငံရေးအရ အမြင်ကောင်းနာမည်ကောင်းတွေရဖို့နဲ့  အမေရိကန် မူဝါဒချမှတ်သူ အသိုင်းအ၀ိုင်းက သူတို့ကိုပိုမို နားလည်လာအောင်  မြန်မာသံရုံးအနေနဲ့ လုပ်ဆောင်ချင်တာဖြစ်ပုံရပြီး ဒီလိုဆောင်ရွက်နိုင်စွမ်းရည်မရှိတဲ့အတွက် ငှားရမ်းတာလို့ ထင်တဲ့အကြောင်း The Hill သတင်းကို ပြောပါတယ်။

အရင် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ စစ်အစိုးရလက်ထက်ကလည်း အမေရိကန်ဒီစီအိုင်ကုမ္ပဏီအုပ်စုနဲ့ ဆက်သွယ်ပြီး စည်းရုံးဆွဲဆောင်တဲ့ လုပ်ငန်းတွေ လုပ်ခဲ့ဖူးသလို  ဒေါက်တာစိန်ဝင်းခေါင်းဆောင်တဲ့ (အန်စီဂျီယူဘီ)အဝေးရောက်ညွန့်ပေါင်း အစိုးရ အဖွဲ့ကလည်း အမေရိကန် အကြံပေးတွေ ငှားရမ်းလုပ်ကိုင်ခဲ့ဖူးပါတယ်။
သတင်းရင်းမြစ်- The Hill

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013