
အနောက်အာဖရိကမှာ လှုပ်ရှားနေတဲ့ ဂျာမက်နူစ်ရတ် အယ်လ်အစ္စလာမ် ဝါလ်မူစ်လင်မီနင် (JNIM) အမည်ရှိ အလ်ကိုင်းဒါးနဲ့ဆက်နွှယ်နေတဲ့ အစ္စလာမ္မစ် စစ်သွေးကြွမဟာမိတ်အဖွဲ့ဟာ မာလီ အလယ်ပိုင်းရှိ ဟွမ်ဘိုရီစစ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး မာလီမြို့တော်အနီးရှိ စစ်ဆေးရေးဂိတ်၂ ခုကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဧပြီ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
JNIM သူပုန်အဖွဲ့ကလည်း ဟွမ်ဘိုရီ စစ်စခန်းကို သူတို့ထိန်းချုပ်ထားပြီလို့ ဧပြီ ၃၀ ရက်မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။
JNIM အဖွဲ့ဟာ လူဦးရေ ၄ သန်းရှိတဲ့ ဘာမာကိုမြို့ကို အလုံးစုံ ဝိုင်းရံပိတ်ဆို့သွားမယ်လို့ ဒီအပတ် အစောပိုင်းမှာ ခြိမ်းခြောက်ခဲ့ပါသေးတယ်။
အရင်ကလည်း မီးစက်တွေကို အားကိုးနေရတဲ့ မြို့တော်ကို လောင်စာဆီ ဖြတ်တောက် ခဲ့ဖူးပါတယ်။ ဧပြီ ၃၀ ရက်မှာမာလီအစိုးရဟာ ရုရှားလေ့ကျင့်ရေး ခံယူထားတဲ့ ကာကွယ်ရေးဝန်ကြီး ဆာဒီယို ကမာရာအတွက် နိုင်ငံတော်ဈာပနအခမ်းအနားကို ကျင်းပပေးခဲ့ ပါတယ်။
ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ ကာလအတွင်းမှာ အသေခံ ကားဗုံးခွဲသမား ၄ ယောက်ဟာ ကာကွယ်ရေးဝန်ကြီး ကမာရာရဲ့ နေအိမ်ကို ဝင်တိုက်ခိုက်ခဲ့လို့ သေဆုံးသွားခဲ့ပြီး အဲဒီစစ်သွေးကြွ တွေဟာ ကျယ်ပြောလှတဲ့ သဲကန္တာရဒေသတဝိုက်က တခြားပစ်မှတ်တွေကိုလည်း တိုက်ခိုက် ခဲ့ပါတယ်။
စစ်တပ်ကလည်း တွာရဂ်ခွဲထွက်ရေးသမားတွေက ဒီသီတင်းပတ်ကုန်မှာ ပြန်လည်သိမ်းပိုက်ခဲ့တဲ့ မဟာဗျူဟာကျတဲ့ ကီဒါလ်မြို့ကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ကီဒါလ်မြို့ဟာ ၂၀၂၃ ခုနှစ်မှာ ရုရှားရဲ့အကူအညီနဲ့ စစ်တပ်က သိမ်းပိုက်ပြီးနောက်ပိုင်း အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ အရင်ကတည်းက ရှိနေခဲ့တာဖြစ်ပါတယ်။
Source:Reuters











