DVB Logo
Home
မြန်မာသတင်း
သင်္ကြန်​ ၂ ရက်အတွင်း​ မှုခင်း​ပေါင်း ၁၀၀ ကျော် ဖြစ်​ပွား၊ လူ ၂၅၀ ​ကျော်​ ဒဏ်​ရာရ
DVB
·
April 17, 2015
သင်္ကြန်​ ၂ ရက်အတွင်း​ မှုခင်း​ပေါင်း ၁၀၀ ကျော် ဖြစ်​ပွား၊ လူ ၂၅၀ ​ကျော်​ ဒဏ်​ရာရ
1 / 8
Donate to DVB

သင်္ကြန်​အကျ​နေ့နဲ့ အကြတ်နေ့မှာ သင်္ကြန်​နဲ့ ပတ်​သက်​တဲ့ မှုခင်း​ပေါင်း ၁၀၅ ခု ဖြစ်​ပွားပြီး လူ ၂၅၁ ​ဦး​ ဒဏ်​ရာရခဲ့တယ်​လို့ မြန်​မာနိုင်​ငံ ရဲတပ်​ဖွဲ့က သတင်းထုတ်​ပြန်​လိုက်​ပါတယ်​။

ကရင်​နဲ့ ချင်းပြည်​နယ်​ မပါဝင်​တဲ့ အဲဒီ ထုတ်​ပြန်​ချက်​မှာ ​ သင်္ကြန်​အကျ​နေ့က နေပြည်​​တော်​မှာ မုဒိမ်းမှု ၁ ခု၊ ဧရာဝတီတိုင်းမှာ လူသတ်​မှု ၁ ခုနဲ့ ရှမ်းပြည်​နယ်​မှာ ​သေမှု​သေခင်း ၁ ခုရှိတယ်​လို့ ​ဖော်​ပြထားပါတယ်​။

ထူးခြားတာ​တွေက​တော့ ​ သင်္ကြန်​အကျ​နေ့က နေပြည်​​တော်​မှာ မုဒိမ်းမှု၊ ကာယိ​နြေ္ဒဖျက်​ဆီးမှုနဲ့ လက်​နက်​မှု ၁ ​မှုစီ၊ ရခိုင်​ပြည်​နယ်​မှာ မူးယစ်​ရမ်းကားမှု၊ လက်​နက်​မှုနဲ့ ခိုက်​ရန်​ဖြစ်​ပွားမှု ၁ ​မှုစီဖြစ်​ပွားခဲ့တာပါ။

သင်္ကြန်အကြတ်နေ့မှာတော့ နေပြည်တော်မှာ ယာဉ်မတော်တဆမှု ၁ ခုကြောင့် လူ ၃၁ ယောက်ဒဏ်ရာရပြီး ရန်ဖြစ်လို့ ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဧပြီလ ၁၄ နဲ့ ၁၅ ရက်​က ယာဉ်မတော်တဆမှုပေါင်း ၂၉ မှုရှိပြီး လူပေါင်း ၂၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

မှုခင်း အများဆုံးက​တော့ ရန်​ကုန်​တိုင်းဖြစ်​ပြီး ခါးပိုက်​နှိုက်​ ၂၅ မှုနဲ့ ယာဉ်​မ​တော်​တဆမှု ၄ မှု ဖြစ်​ပွားခဲ့ပါတယ်​။

ဧပြီလ ၁၄ နဲ့ ၁၅ ရက်​က သင်္ကြန်​နဲ့ ပတ်​သက်​တဲ့ မှုခင်း​တွေ​ကြောင့်​ တိုင်းနဲ့ ပြည်​နယ်​ ၁၃ ခုမှာ ​သေဆုံးသူ စုစု​ပေါင်း ၃ ​ယောက်​ရှိတာပါ။

[gallery ids="89684,89685,89686,89687,89688,89689,89690,89691"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013