DVB Logo
Home
မြန်မာသတင်း
လေပြင်းများတိုက်ခတ်နိုင်ဟု မိုးဇလသတိပေး
DVB
·
April 16, 2015
လေပြင်းများတိုက်ခတ်နိုင်ဟု မိုးဇလသတိပေး
1 / 5
Donate to DVB

မြန်မာပြည်ဒေသအနှံ့မှာ မိုးကြိုကာလအတွင်း နေ့အပူချိန်တွေ မြင့်တက်လာရာမှ မွန်းလွဲနှင့် ညနေပိုင်းတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်ပြီး ရွေ့လျားရာနေရာ တလျှောက် လေပြင်းတွေ တိုက်ခတ်နိုင်တယ်လို့  မိုးလေ၀သနှင့် ဇလဗေဒ ဌာနက သတိပေးချက်ထုတ်ပြန်ပါတယ်။

ဧပြီ ၁၅ ရက်ထုတ်ပြန်ချက်မှာ  လေပြင်းတွေနဲ့အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ နေရာကွက်မိုးထစ်ချုန်းရွာခြင်းတွေဖြစ်နိုင်သလို ပင်လယ်ကမ်း ရိုးတန်းတွေမှာလည်း လေပွေလှိုင်းတွေကြောင့် လေရစ်ခွေမှု တွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

လေပြင်းတိုက်ခတ်စဉ်မြေပြင်/ရေပြင်လေစာ ၁ နာရီ ၃၅ မိုင်ကနေ မိုင် ၄၀ အထိ တိုက်ခ တ်နိုင်တယ်လို့ ခန့်မှန်းထားပြီး ပြည်သူတွေအနေနဲ့ မိုးလေ၀သဖြစ်စဉ်တွေကို အထူးဂရုပြုနေထိုင်သွားဖို့  မိုးဇလက သတိပေး နှိုးဆော်ထားပါတယ်။

မိုး/ဇလညွှန်ကြားမှု ဦးစီးဌာန(အထက်မြန်မာပြည်) ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက “အနောက်မြောက်ဘက်ကလာတဲ့ အခြေအနေမျိုးဆိုရင် မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အထက်ပိုင်း ဒေသတွေ၊ အရှေ့ဘက်ကလာတဲ့ လေပွေလေလှိုင်းတွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုရင် နိုင်ငံအောက်ပိုင်းဒေသတွေပေါ့၊ မိုးလေ၀သအခြေအနေ ဖြစ်ပေါ်တဲ့ ပုံစံကတော့ တဒေသနဲ့ တဒေသမသူညီဘူး။ မိုးတိမ်တောင်တွေနဲ့ ဆက်စပ် ဖြစ်ပေါ်တဲ့အခြေအနေဆိုရင် မွန်းလွဲ ညနေပိုင်းတွေမှာ ပိုပြီးအဖြစ်များတတ်တာကို ဂရုပြုစေချင်ပါတယ်။ အခုအခြေအနေ ကနေစပြီး ဧပြီ ၂၀ ရက်၊ ၂၁ရက် လာမယ့်သီတင်းပတ်တွေမှာလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ် အားလုံးလိုလိုမှာ နေရာကွက်ကြား မိုးထစ်ချုံးရွာနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်တတ်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နဲ့ ၁၃  ရက်နေ့တွေကလည်း ဧရာဝတီတိုင်း ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်၊ အင်္ဂါပူမြို့နယ်၊ ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ မကွေးတိုင်း နတ်မောက်မြိုနုယ်ထဲက ကျေးရွာတွေမှာလေပြင်းတွေ တိုက်ခတ်ပြီး  လူနေအိမ်တွေ စာသင်ကျောင်းတွေ ပျက်စီးမှုရှိခဲ့ပါတယ်။

သင်္ကြန်အကြိုနေ့ ညနေက ဟင်္သာတွင် မိုးသက်လေပြင်း တိုက်ခတ်ခဲ့ပြီး တွေ့ရစဉ် (ဓာတ်ပုံ - PyiPhyo CJ)

[gallery ids="89649,89650,89651,89652,89653"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013