DVB Logo
Home
မှုခင်း/မူးယစ်ဆေး
မြန်မာသင်္ဘောသားရုပ်အလောင်းများ ရန်ကုန်လေဆိပ်ရောက်ရှိ
DVB
·
April 16, 2015
မြန်မာသင်္ဘောသားရုပ်အလောင်းများ ရန်ကုန်လေဆိပ်ရောက်ရှိ
1 / 6
Donate to DVB

ရုရှားသင်္ဘောနစ်မြုပ်ရာမှာ သေဆုံးသွားတဲ့ မြန်မာသင်္ဘောသား ၁၆ ဦးရဲ့ ရုပ်အလောင်းတွေ ဒီကနေ့ မွန်းလွဲပိုင်း ၁၂ နာရီခွဲလောက်က ကိုရီးယား စင်းလုံးငှား လေယာဉ်နဲ့ ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိလာပါတယ်။

ရန်ကုန်လေဆိပ်မှာ  စောင့်ဆိုင်းနေတဲ့ မိသားစုဝင်တွေထဲက သေဆုံးသူမြန်မာ သင်္ဘောသား ကိုဟန်လင်းအောင်ရဲ့ ဦးလေးဖြစ်သူက “အခုလောလောဆယ်တော့ လေယာဉ်တော့ဆိုက်နေပြီ၊ အလောင်းတွေ ရောက်လာပြီ၊ ဆေးရုံကနေ ဒလကို သယ်သွားရ မယ်၊  စိတ်တော့မကောင်းဘူး။     အစစ အကူအညီပေးကြတဲ့အတွက်၊  အားလုံးအဆင်ပြေပါတယ်။ လျော်ကြေးတွေဘာတွေကိစ္စကတော့ နောက်မှ ကုမ္ပဏီနဲ့ ဆက်ပြောရမယ်” လို့ ပြောပါတယ်။

မြန်မာသင်္ဘောသားတွေရဲ့ နာရေးကိစ္စအတွက် သင်္ဘောအေးဂျင့်ကုမ္ပဏီတွေက  ဆက်သွယ် အကူညီတောင်းထားတဲ့အတွက် လူမှုကူညီရေးအသင်းတွေက လေဆိပ်မှာ လာရောက်ပြီး အလောင်းတွေ သယ်ယူဖို့ တာဝန်ယူကူညီဆောင်ရွက်ပေးနေပါတယ်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ဒုဥက္ကဋ္ဌ  ဒေါ်သန်းမြင့်အောင်က “ရုရှားမှာ သင်္ဘောနစ်တဲ့ အလောင်း ၁၆ လောင်းမှာ  ကျမတို့နာရေးကူညီမှုအသင်းက  ၅ လောင်းသယ်ရမယ်၊ အဆင်သင့်သွားစောင့်နေတာပါ။  တခြားအသင်းတွေလည်းရှိပါတယ်။ အစုံပါပဲ၊ ရေဝေးကိုပို့ရမှာရှိတယ်၊ ဒလကိုပို့ရမှာရှိတယ်၊ နောက်တဦးကတော့ ကာယကံရှင်မိသားစုနဲ့ မတွေ့ရသေးဘူး၊ ဘယ်ပို့ရမယ်မှန်းမသိသေးဘူး။  မိသားစုတွေကတော့ အပူမီးတဖက်၊ မျှော်လင့်ချက်တဖက်နဲ့ပေါ့။ တော်တော်လေးတော့ စိတ်စောနေ စိတ်လှုပ်ရှားနေကြတယ်” လို့  ရန်ကုန်လေဆိပ်ကနေပြောပါတယ်။

နိုင်ငံတကာသင်္ဘောသား ၁၃၀ ကျော်ပါဝင်တဲ့ ရုရှားငါဖမ်းသင်္ဘော ဒဲလ်နီဗော့စ်တော့ဟာ ဧပြီ ၂ ရက်နေ့မနက်အစောပိုင်းက  ရှရှားနိုင်ငံ အိုခေါ့ရှ်ပင်လယ်ထဲမှာ နစ်မြုပ်သွားခဲ့တာပါ။

သင်္ဘောပေါ်မှာ မြန်မာသင်္ဘောသား ၄၂ ယောက် လိုက်ပါသွားခဲ့ပြီး အသက်ရှင်သူ ၂၂ ဦးကတော့ ဧပြီ ၁၂ ရက်က မြန်မာနိုင်ငံကို  ပြန်ရောက်လာပါတယ်။  သေဆုံးသူ ၁၆ ဦးရဲ့ ရုပ်အလောင်းတွေကတော့ ဒီနေ့ ပြန်ရောက်လာတာဖြစ်ပြီး ၄ ဦးကတော့ ပျောက်ဆုံးနေ ဆဲဖြစ်ပါတယ်။

နစ်မြုပ်သွားတဲ့ ရုရှား ငါးဖမ်းသင်္ဘောရဲ့  Magellan  ကုမ္ပဏီက  နစ်နာကြေးအဖြစ် သေဆုံးသူ မြန်မာ ၁၆ ဦးနဲ့ ပျောက်ဆုံး ၄ ဦးအတွက် အမေရိကန်ဒေါ်လာ ၁၅၀၀၀ နဲ့ ညီမျှတဲ့ ရုရှားရူဘလ်ငွေနဲ့ အသက်ရှင် မြန်မာသင်္ဘောသား ၂၂ ဦးအတွက် တဦးလျင် ကန်ဒေါ်လာ ၃၀၀၀ နဲ့ ညီတဲ့  ရုရှားရူဘယ်ငွေ ဧပြီလ နောက်ဆုံးပတ် ပေးအပ်သွားမယ်လို့  မော်စကို မြန်မာသံရုံးကကြေညာထားပါတယ်။

ဓာတ်ပုံ - Than Myint Aung

[gallery ids="89642,89643,89644,89645,89646"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013