DVB Logo
Home
မြန်မာသတင်း
မြန်မာ့ငြိမ်းချမ်းရေးအောင်မြင်အောင်ကူညီမည်ဟု ဂျပန်ဝန်ကြီးချုပ်ကတိပြု
DVB
·
April 15, 2015
မြန်မာ့ငြိမ်းချမ်းရေးအောင်မြင်အောင်ကူညီမည်ဟု  ဂျပန်ဝန်ကြီးချုပ်ကတိပြု
1 / 5
Donate to DVB

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေးဖြစ်စဉ် တိုး တက်အောင်မြင်စေရေး ပူးပေါင်းဆောင်ရွက်ရန် ဂျပန်နဲ့ မြန်မာနှစ်နိုင်ငံ အကြားသဘော တူညီမှုရရှိခဲ့ပါတယ်။

တိုကျိုမြို့မှာ ရောက်ရှိနေတဲ့ မြန်မာသမ္မတရုံး ၀န်ကြီးဦးအောင်မင်းနဲ့ ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးတို့  ဧပြီလ ၁၄ ရက် အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးရာမှာ  မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်စေဖို့  ကူညီမယ်လို့ မစ္စတာအာဘေးက ကတိပြုပြောဆိုတဲ့အကြောင်း  ဂျပန် နိုင်ငံခြားရေးဌာနကို ကိုးကားပြီး ကျိုဒိုသတင်းမှာဖော်ပြပါတယ်။

ဂျပန်အနေနဲ့  မြန်မာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပံ့ပိုးပေးနေပြီး နှစ်ဖက် အကြား အစော ဆုံး အပစ်ရပ်လက်မှတ်ရေးထိုးကြတာကို မြင်တွေ့ရဖို့ မျှော်လင့်တဲ့အကြောင်း လည်းပြောပါတယ်။

ဒါ့ပြင် ပဋိပက္ခဖြစ်ရာ တိုင်းရင်းသားဒေသတွေမှာ လူနေမှုဘ၀တွေ ပိုမိုတိုးတက်ဖွံ့ဖြိုးစေရေး ၅ နှစ်ကာလ အသုံးပြုရန် ပေးမယ်လို့ မနှစ်က ကတိပြုထားတဲ့ ဂျပန်ယန်းငွေ ၁၀ ဘီလီယံ (ကန်ဒေါ်လာ ၈၃ဒသမ၅သန်း) ထောက်ပံ့ကူညီပေးမယ့် ကိစ္စကိုလည်း ဂျပန်ဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီး ဦးအောင်မင်းတို့  အတည်ပြု သဘောတူခဲ့ကြပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်က ရှင်ဇိုအာဘေး ထံပေးပို့တဲ့ သ၀ဏ်လွှာမှာတော့  သမ္မတ အနေနဲ့  ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အသေအချာ အောင်မြင်စေဖို့ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်တယ်၊ မကြာခင်အနာဂတ်ကာလမှာ အစိုးရအနေနဲ့ အပစ်ရပ်စာ ချုပ်ကို အပြီးသတ်နောက်ဆုံး လက်မှတ်ထိုးပြီးသွားရင် နိုင်ငံရေးဆွေးနွေးပွဲတွေ စလုပ်ချင်တယ်လို့ ရေးထားတဲ့အကြောင်း   ၀န်ကြီး ဦးအောင်မင်း ကပြောပါတယ်။

နိုဝင်ဘာလကျင်းပမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို မြန်မာအစိုးရအနေနဲ့  လွတ်လပ်မျှတစွာ ကျင်းပပေးဖို့မျှော်လင့်တယ်လို့လည်း ဂျပန် ၀န်ကြီးချုပ်က မြန်မာ အစိုးရ၀န်ကြီးတွေကို တိုက်တွန်းပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က   ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တနိုင်ငံလုံး အပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ အကြား  တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း သဘောတူညီမှုရခဲ့ပြီးနောက်   ကော်မတီ ဒုဥက္ကဋ္ဌ    ဦးအောင်မင်းနဲ့ အဖွဲ့  ခုလိုဂျပန်နိုင်ငံ သွားရောက်တာဖြစ်ပါတယ်။

သောကြာနေအထိ ၄ ရက်ကြာ ဂျပန်နိုင်ငံခရီးစဉ်မှာ ဦးအောင်မင်းနဲ့ အတူ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့  ဦးခင်ရီ၊ ဦးသန်းဌေးနဲ့ ဒုရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့ အပြင်  မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေလည်း လိုက်ပါသွားပါတယ်။

မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ခရီးစဉ်အတွင်း  ဂျပန် ကာကွယ်ရေးဝန်ကြီးနဲ့ လည်းတွေ့ဆုံခဲ့သလို ဂျပန်နိုင်ငံ ဒိုင်းယက်လွှတ်တော်ကိုလည်း သွားရောက်ပြီး ဂျပန်ဝန်ကြီးချုပ်ဟောင်း ယိုရှိဟီကိုနိုဒါ အပါအ၀င် ဂျပန်လွှတ်တော်အမတ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဓာတ်ပုံ - Myanmar Peace Center

[gallery ids="89536,89537,89538,89539"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013