DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့မြစ်များ ၃၅ နှစ်အတွင်း အခြောက်ခန်းဆုံးကာလကြုံ၊ ရေချိုရင်းမြစ်လျော့နည်း
DVB
·
September 17, 2026
Photo: Reuters
Photo: Reuters
Donate to DVB

၂၀၂၅ ခုနှစ်ဟာ ၃၅ နှစ်တာ ကာလအတွင်း ကမ္ဘာ့မြစ်တွေ အခြောက်ခန်းဆုံးနှစ်တွေထဲက တနှစ်ဖြစ်ခဲ့တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီး (WMO) က ထုတ်ပြန်ပါတယ်။

ရေခဲမြစ်တွေ ဆက်ကျုံ့လာပြီး မြေအောက်ရေရင်းမြစ်တွေ လျော့နည်းလာချိန်မှာ ကမ္ဘာ့ရေဖူလုံရေးအတွက် ခြိမ်းခြောက်မှု တိုးလာနေတယ်လို့ စက်တင်ဘာ ၁၇ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နှစ်ပတ်လည် ကမ္ဘာ့ရေအရင်းအမြစ် အစီရင်ခံစာအရ ကမ္ဘာ့မြစ်ဝှမ်းဧရိယာ စုစုပေါင်းရဲ့ ၃၆ ရာခိုင်နှုန်းမှာ ပုံမှန်ထက် ရေစီးနည်းခဲ့ပါတယ်။

ရေသံသရာလည်ပတ်မှု ပုံမှန်မဟုတ်တဲ့ အခြေအနေ ပိုဆိုးလာပြီးတော့ ကာလရှည် မိုးခေါင်မှုတွေနဲ့ ပြင်းထန်တဲ့ ရေကြီးမှုတွေက လူမှုဘဝနဲ့ စီးပွားရေးကို ထိခိုက်နေပါတယ်။

မြေအောက်ရေ၊ ရေကန်၊ မြစ်၊ မြေဆီလွှာနဲ့ ရေခဲထုတွေမှာရှိတဲ့ စုစုပေါင်း ရေပမာဏဟာ ၂၀၁၀ ပြည့်လွန်နှစ်တွေ အလယ်ပိုင်းကစပြီး လျော့ကျလာပါတယ်။

“ကျမတို့ရဲ့ အရန်ရေကို ထုတ်သုံးနေရပါတယ်” လို့ WMO အတွင်းရေးမှူးချုပ် ဆယ်လက်စ်တေ ဆော်လိုက စက်တင်ဘာ ၁၅ ရက် ဂျီနီဗာသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

၂၀၂၅ ခုနှစ်အထိ ကမ္ဘာ့အဓိကရေခဲမြစ်ဒေသ အားလုံးမှာ ရေခဲထုလျော့ကျမှု လေးနှစ်ဆက်တိုက် ဖြစ်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ်အတွက် စာရင်းအရ ရေခဲတန်ချိန် ၄၀၈ ဘီလီယံနီးပါး ဆုံးရှုံးခဲ့ပြီး ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်ကို ၁ ဒသမ ၁ မီလီမီတာလောက် မြင့်တက်စေခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ဆုံးရှုံးခဲ့တဲ့ ရေခဲထုရဲ့ ရေပမာဏဟာ ကမ္ဘာတဝန်း တနှစ်တာထုတ်ယူတဲ့ ရေချိုပမာဏရဲ့ သုံးပုံတပုံနီးပါးနဲ့ ညီမျှပါတယ်။

ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ကမ္ဘာတဝန်း မှတ်တမ်းတင်ထားတဲ့ ရေနဲ့ဆက်စပ်တဲ့ သဘာဝဘေး အနည်းဆုံး တဝက်ဟာ အာရှနဲ့ အာဖရိကမှာ ဖြစ်ခဲ့ပြီး သေဆုံးသူစုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကလည်း ဒီဒေသနှစ်ခုက ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013