DVB Logo
Home
မြန်မာသတင်း
နှစ်သစ်ဦးကျိန်စာတိုက်သည့် အနုပညာရှင် ကိုစန်းဇော်ထွေး ဖမ်းဆီးခံရ
DVB
·
April 15, 2015
နှစ်သစ်ဦးကျိန်စာတိုက်သည့် အနုပညာရှင် ကိုစန်းဇော်ထွေး ဖမ်းဆီးခံရ
Donate to DVB

အစိုးရ၊ ရဲနဲ့ စစ်တပ်ကို နှစ်သစ်ဦးကျိန်စာတိုက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ပန်းချီ အနုညာရှင် ကိုစန်းဇော်ထွေးကို ရန်ကုန်မြို့ သုဝဏ္ဏ နေအိမ်ကနေ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ညသန်းခေါင်လောက်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဧပြီ ၁၄ ရက် မွန်းလွဲပိုင်း ၁နာရီလောက်မှာ သူ့ကို နေအိမ်ကနေ ဖမ်းဆီးသွားပြီး သုဝဏ္ဏမြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားကာ ည ၁၂ နာရီလောက်မှာ နေပြည်တော်က အကြောင်းပြန်ကြားချက်တစုံတရာမရတဲ့အတွက် လိုအပ်လို့ ခေါ်ရင်ရဲစခန်းကို ပြန်လာ ပါမယ်ဆိုတဲ့ ခံဝန် ကတိ လက်မှတ်ထိုး ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုစန်းဇော်ထွေးက ဒီဗွီဘီကိုပြောပါတယ်။

သုဝဏ္ဏရဲစခန်း တာဝန်ကျရဲတပ်ဖွဲ့ဝင်တဦးကလည်း ညကတည်းက ပြန်လွှတ်ပေး လိုက်ပြီဖြစ်တဲ့အကြောင်းနဲ့ စခန်းမှာသူ့ကို ဘယ်အမှုနဲ့မှ အရေုးယူထားတာ မရှိဘူးလို့ ပြောပါတယ်။

ကိုစန်းဇော်ထွေးဟာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ ကူညီသူတွေ လွတ်မြောက်ဖို့ သူ့ရဲ့နေအိမ်ရှေ့မှာ နှစ်ဦးဆုတောင်းရေးခဲ့သလို နှစ်သစ်ဦးကျိန်စာဆိုပြီး “ပြည်သူနှင့် ကျောင်းသားများကို ဒုက္ခအမျိုးမျိုးပေးခဲ့တဲ့ အစိုးရ၊ ရဲ၊ စစ်သားနဲ့ စွမ်းအားရှင်တွေ ဘေးဆိုးအမျိုးမျိုး ကြုံတွေ့ကြပါစေ” လို့ နေအိမ်ရှေ့မှာ ပရိတ်အိုးတွေ ၊ပရိတ်ကြိုးတွေနဲ့ ခင်းကျင်းကာ ကျိန်စာရေးခဲ့တာပါ။

ဒီကျိန်စာဟာ ပြည်သူနဲ့ကျောင်းသားတွေကို ဒုက္ခပေးနေတဲ့ အာဏာပိုင်တွေကိုသာ ရည်ရွယ်ပြီး ပြည်သူကိုကာကွယ်သူတွေကို မရည်ရွယ်အကြောင်း ကိုစန်းဇော်ထွေး က ပြောပါတယ်။

“ပြည်သူကို အကာအကွယ်ပေးမယ့် အစိုးရတွေ စစ်သားတွေကို မဆိုလိုဘူး။ ဒုက္ခပေးနေတဲ့ ရဲတွေ၊ အစိုးရတွေ၊ စစ်သားတွေဟာ နိုင်ငံထဲမှာ တကယ်ပဲရှိနေတယ်ဆိုတာကို ပြောချင်တာဖြစ်တယ်လို့ ဒါကြောင့်မို့ ကျနော် အဲဒီကျိန်စာကိုရေးတာဖြစ်တယ်လို့၊ ကျနော်တို့ဟာ ကျနော်တို့ စိတ်ထဲမှာ ခံစားနေရတဲ့ ခံစားချက်တွေ ပြောချင်တာတွေကို အစိုးရပဲံဖြစ်ပါစေ၊ စစ်သားကိုပဲ ဖြစ်ပါစေ၊ ရဲကိုပဲဖြစ်ပါစေ ပွင့်ပွင့်လင်းလင်း အေးအေးချမ်းချမ်းနဲ့ ကိုယ့်ဆန္ဒအတိုင်း ပြောခွင့်ရှိတယ်ဆိုတဲ့ဟာကို ကျနော့်ရပ်ကွက်ထဲက လူတွေလည်းသိအောင် မြင်တဲ့လူတိုင်းလည်း သိအောင် ကျနော်ဒါကို လုပ်တာဖြစ်တယ်။”

ရဲစခန်းက ပြန်လွတ်လာပြီးနောက် ဒီကနေ့ သင်္ကြန် အကြတ်နေ့ဆုတောင်းအဖြစ် “ကျရင် ထောင်၊ ထောင်ရင်ပျံတက် အမှန်တရားအတွက်” လို့ စာရေးသားပြီး ပစ်တိုင်းထောင် အရုပ်မှာ စက္ကူ တောင်ပံ တပ်ကာ သရုပ်ဖော် အနုပညာ နေအိမ်ရှေ့မှာ တင်ဆက်ထား ပါတယ်။

ကိုစန်းဇော်ထွေးဟာ ၁၉၉၉ ခုနှစ်မှာ ကျောင်းသားလူပ်ရှားမူ့ကြောင့် ထောင်ဒဏ် ၃၆ နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၁၂ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာ သူဖြစ်ပါတယ်။ သူ ရဲ့ အနု ပညာဖန်တီးမူ့ ဖြစ်တဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ ပုံဖော်ခဲ့တဲ့ ပန်းချီဟာ လန်ဒန်မြို့မှာကျင်းပတဲ့ 2014 ARTRAKER နိုင်ငံတကာ ပန်းချီအနုပညာပြိုင်ပွဲမှာ ပထမဆုရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
နှစ်သစ်ဦးကျိန်စာတိုက်သည့် အနုပညာရှင် ကိုစန်းဇော်ထွေး ဖမ်းဆီးခံရ