DVB Logo
Home
Lead Story
သင်္ကြန်နှင့် သူတို့ဘဝ
DVB
·
April 14, 2015
သင်္ကြန်နှင့် သူတို့ဘဝ
1 / 6
Donate to DVB

အတာကူးတဲ့ တန်ခူးလရောက်ရင်ဖြင့် သင်္ကြန်မှာ ပါဝင်ဆင်နွှဲဖို့ ကိုယ့်စိတ်ကူး စရိုက်နဲ့ အညီ ကြိုတင်ပြင်ဆင်မှုတွေကို အမျိုးမျိုးပြုလုပ်လေ့ရှိပါတယ်။

အလှူဒါနပြုဖို့ တရားစခန်းဝင်ဖို့ စတဲ့ ကုသိုလ်ကောင်းမှုတွေလုပ်ဖို့ ပြင်ဆင်မှုတွေ လုပ်လေ့ရှိသလို တချို့ကလည်း ခရီးထွက်ဖို့ အစရှိတဲ့ ပြင်ဆင်မှုတွေအပြင် တချို့ကလည်း မဏ္ဍပ်ထိုင်တာ၊ လှပတဲ့ မဏ္ဍပ်ဖြစ်အောင် ဆင်ယင်တာ၊ ရေပက်ခံကားနဲ့ မြို့ထဲလည့်တာ စတဲ့ သင်္ကြန်ကာလမှာ ပျော်ရွှင်ဖို့ အတွက် ကြိုတင်စီစဉ်မှုတွေ လုပ်ဆောင်လေ့ရှိပါတယ်။

အလားတူ သင်္ကြန်တွင်းမှာ ၀မ်းရေးအတွက် နေ့တဓူဝ ရုန်းကန်ရတဲ့သူတွေကလည်း ဒီပွဲတော်ကို အမှီပြုလို့ အရင်ထက် ၀င်ငွေကောင်းအောင် ရှာဖွေမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိနေပါတယ်။

ဒီအထဲမှာတော့ ရေသန့်ဗူးနဲ့ ပုလင်းခွံကောက်တဲ့ လူငယ်တွေလည်း ပါဝင်နေပါတယ်။

သင်္ကြန်ကာလအတွင်း တခြားသူတွေလိုမပျော်နိုင်ဘဲ ၀မ်းစာရေးအတွက် ရေသန့်ဗူး၊ အရက် ဘီယာဘူးခွံတွေကို လိုက်လံစုဆောင်း ကောက်ယူနေတဲ့ သူတို့ရဲ့ ရုန်းကန်လှုပ်ရှားနေတဲ့ ဘ၀ပုံရိပ်တချို့ဟာ သင်္ကြန်ရဲ့ မထင်မရှား အမေခံ ပုံရိပ် တခု ဖြစ်လာပါတယ်။

[gallery ids="89445,89446,89447,89448,89449"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013