DVB Logo
Home
Lead Story
သင်္ကြန်အကြိုနေ့ ဟင်္သာတတွင် လေပြင်းတိုက်ခတ် (ဓာတ်ပုံ)
DVB
·
April 14, 2015
သင်္ကြန်အကြိုနေ့ ဟင်္သာတတွင် လေပြင်းတိုက်ခတ် (ဓာတ်ပုံ)
1 / 5
Donate to DVB

သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့ ညနေက ဟင်္သာတမြို့မှာ မိုးသက်လေပြင်း တိုက်ခတ်ခဲ့ပြီး အားကစားကွင်း အဆောက်အဦတချို့နဲ့ ဈေးဆိုင်ခန်းတစ်ချို့ ပျက်စီးခဲ့ပါတယ်။

ဟင်္သာတမြို့တွင် ဧပြီ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့ ညနေ ၅ နာရီခွဲခန့် အချိန်က မိုးသည်းထန်းစွာ ရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခတ်ခဲ့ခြင်းကြောင့် ဟင်္သာတမြို့ရှိ ပြည်သူအားကစားကွင်း အတွင်းရှိ အထူးတန်းပွဲကြည့်စင် အဆောင် (၃) ခု အမိုးလှန်၊ ပြိုကျပျက်စီးခဲ့ပြီး ကပ်လျက်ရှိ ဌေးဝင်းဈေးမှာ ပွဲကြည့်စင်မှ လွှင့်ထွက်လာတဲ့ သစ်၊ သွပ်များကြောင့် ဆိုင်ခန်းတချို့ အမိုးများ ပျက်စီးခဲ့ပါတယ်။

မိုးသက်လေပြင်းတိုက်ခတ်ခြင်းကြောင့် ဟင်္သာတမြို့ ကျောက်တော်ကြီးကုန်း နှင့် အာ/ကာ ဈေးဆိုင်တန်း တွင် ထောင်ထားသော ကြော်ငြာဆိုင်းဘုတ်ကြီးများ ပြိုကျခဲ့ပြီး ပြည်သူအားကစားကွင်း အတွင်းရှိ အထူးတန်းပွဲကြည့်စင် အဆောင် (၃) ခု အမိုးလှန်၊ ပြိုကျပျက်စီးခဲ့ကာ ဌေးဝင်းဈေး အတွင်းရှိ ဈေးဆိုင်ခန်းများတွင်လည်း အမိုးများ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် ကျောက်တော်ကြီးကုန်း ရှိ ကြေငြာဆိုင်းဘုတ်ကြီး လျှပ်စစ်မီးလိုင်းကြိုး ပေါ် ပြိုကျခဲ့၍ မြို့တွင်း လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ကာ ယခုအချိန်ထိ (ဧပြီ ၁၃ ရက် မနက်)အထိ ပြတ်တောက်လျှက်ရှိပါတယ်။

အားကစားနှင့်ကာယပညာဦးစီးဌာန လက်အောက် ပြည်သူ့အားကစားဝင်းအတွင်း ပျက်စီးဆုံးရှုံးမှုမှာ အများဆုံးဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း ၄၀၀ ဝန်းကျင် ပဏာမခန့်မှန်းထားရှိကြောင်း မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြောပါတယ်။

ဓာတ်ပုံ - ပြည့်ဖြိုး (ICJ)
[gallery ids="89400,89401,89402,89403,89404"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013