DVB Logo
Home
အားကစား
အာဆင်နယ်အသင်း၏ ချန်ပီယံအောင်ပွဲကို ဗြိတိန်ဝန်ကြီးချုပ် ချီးကျူးဂုဏ်ပြု 
DVB
·
May 20, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာဟာ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ခဏဘေးဖယ်ထားပြီး သူအားပေးတဲ့ အာဆင်နယ်အသင်းရဲ့ ၂၂ နှစ်အကြာ ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိမှုအပေါ် လူမှုကွန်ရက်ကနေ ဂုဏ်ပြုစကား ပြောလိုက်ပါတယ်။

ဝန်ကြီးချုပ် စတာမာက “အာဆင်နယ်အတွက် ၂၂ နှစ်တိုင်တိုင် စောင့်ခဲ့ရတယ်။ နောက်ဆုံးတော့ တို့တွေ ရှိသင့်တဲ့နေရာကို ပြန်ရောက်ပြီ။ ချန်ပီယံတွေပဲ” လို့ X လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့တာပါ။

လက်ရှိမှာ ဝန်ကြီးချုပ်စတာမာဟာ ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်မှုတွေကြောင့် ရာထူးကနေ နုတ်ထွက်ပေးဖို့ ပါတီတွင်း ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

မနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်မှာ အမှတ်ပေးဇယား ဒုတိယနေရာက ပြိုင်ဘက် မန်စီးတီးအသင်းဟာ ဘုန်းမောက်နဲ့ သရေကျခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ သေချာသွားတာ ဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေ လန်ဒန်မြို့ရှိ အဲမ်မရိတ်စ်အိမ်ကွင်း အပြင်ဘက်မှာရော၊ လန်ဒန်မြောက်ပိုင်း ပတ်ဝန်းကျင်နဲ့ ယမကာဆိုင်တွေမှာ အုန်းအုန်းကျွက်ကျွက် အောင်ပွဲခံခဲ့ကြပါတယ်။

အာဆင်နယ်ကစားသမားတွေနဲ့ ဝန်ထမ်းတွေဟာလည်း ကလပ်ရဲ့ လေ့ကျင့်ရေးကွင်းမှာ စုဝေးပြီး မန်စီးတီးပွဲပြီးဆုံးချိန်မှာ သီချင်းဆို ကခုန်ခဲ့ကြသလို ကွင်းလယ်လူ ဒီကလန် ရိုက်စ်ကလည်း လူမှုကွန်ရက်မှာ "It's done ပြီးသွားပြီ" လို့ ရေးသားကာ အောင်ပွဲခံပုံကို တင်ခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာ အပါအဝင် အာဆင်နယ်ပရိသတ် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာတို့ ကလည်း အသင်းအတွက် ဂုဏ်ယူကြောင်း သဝဏ်လွှာပါးခဲ့ကြပါတယ်။

အာဆင်နယ်အသင်းဟာ လာမဲ့ မေ ၃၀ ရက်မှာ ပီအက်စ်ဂျီအသင်းနဲ့ ဥရောပချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားရဦးမှာဖြစ်လို့ ပရိသတ်တွေက ဖလား ၂ လုံး ရယူနိုင်ဖို့ပါ မျှော်လင့်နေကြပါတယ်။

လာမဲ့တနင်္ဂနွေနေ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ရာသီပိတ်ပွဲစဉ်အပြီးမှာ ပရီးမီးယားလိဂ်ဖလားကို အာဆင်နယ်အသင်း တရားဝင်မြှောက်ကိုင် အောင်ပွဲခံသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013