DVB Logo
Home
နိုင်ငံတကာ
အီရန်စစ်ပွဲတွင် အမေရိကန်၏ တာဝေးပစ် တိကျဒုံးကျည် ကုန်လုနီးဖြစ်
DVB
·
August 5, 2026
Photo: REUTERS/Annegret Hilse/File Photo
Photo: REUTERS/Annegret Hilse/File Photo
Donate to DVB

အီရန်နဲ့ ၅ လကြာ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ အမေရိကန်ကြည်းတပ်က ATACMS နဲ့ PrSM တာဝေးပစ် တိကျဒုံးကျည်အားလုံးနီးပါးကို သုံးစွဲခဲ့တယ်လို့ သတင်းရင်းမြစ် ၂ ယောက်ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။

လက်ကျန် အရေအတွက်ကိုတော့ အတိအကျ မဖော်ပြထားပါဘူး။ ဒီဒုံးကျည်တွေဟာ တစင်းကို အမေရိကန်ဒေါ်လာ ၁ သန်းကျော် တန်ဖိုးရှိပြီး အဝေးကနေ တိတိကျကျ တိုက်ခိုက်နိုင်ပါတယ်။

အမေရိကန်ဟာ တိုမာဟော့ခ် ခရုဇ်ဒုံးကျည် ကမ္ဘာ့လက်ကျန်ရဲ့ ထက်ဝက်နီးပါးကိုလည်း သုံးစွဲခဲ့တယ်လို့ သတင်းရင်းမြစ်တယောက်က ပြောပေမဲ့ ရိုက်တာသတင်းဌာနကတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) ရဲ့ ခန့်မှန်းချက်အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကနေ ဇူလိုင်လအထိ ပက်ထရီယော့ ကြားဖြတ်ဒုံးကျည် ၆၅ ရာခိုင်နှုန်းကို သုံးစွဲခဲ့ပြီး THAAD ဒုံးကျည် လက်ကျန်ဟာလည်း အနည်းဆုံး ၃၈ ရာခိုင်နှုန်း လျော့ကျသွားပါတယ်။ 

ဒီလို လက်ကျန်နည်းပါးလာတဲ့အတွက် ရုရှားနဲ့ တရုတ်ကို ဟန့်တားနိုင်စွမ်း အားနည်းသွားမှာကို အမေရိကန်တာဝန်ရှိသူတချို့က စိုးရိမ်နေကြပါတယ်။ 

အီရန်ကို အကြီးစား တိုက်ခိုက်မှုတွေ ပြန်လုပ်မယ်ဆိုရင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အနေနဲ့ အန္တရာယ်ပိုများတဲ့ လေယာဉ်မှူး ပါဝင်တဲ့ ဗုံးကြဲမစ်ရှင်တွေကို ပိုမို အားထားလာရနိုင်ပါတယ်။ 

ဒါပေမဲ့ ကမ္ဘာတဝန်းက အမေရိကန်ရဲ့ လက်နက်သိုလှောင်မှုတွေကနေ ပြန်လည် ဖြည့်တင်း နိုင်တယ်လို့ တခြားသတင်းရင်းမြစ် တယောက်က ဆိုပါတယ်။

သမ္မတ ထရမ့်ပ်က “အမေရိကန်မှာ ကမ္ဘာပေါ်က ဘယ်နိုင်ငံထက်မဆို ခဲယမ်းတွေ ပိုများပြီး လိုအပ်တာထက်လည်း အများကြီး ပိုရှိတယ်” လို့ ပြောထားပါတယ်။ 

လက်ရှိမှာ လက်နက်ထုတ်လုပ်မှု စံချိန်တင် မြင့်မားနေပေမဲ့ ကာလရှည်စစ်ပွဲအတွက်တော့ လုံလောက်နိုင်မှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013