DVB Logo
Home
မြန်မာသတင်း
နစ်မြုပ်ရုရှားသင်္ဘောမှ မြန်မာများ ယနေ့ည ပြန်ရောက်မည်
DVB
·
April 12, 2015
နစ်မြုပ်ရုရှားသင်္ဘောမှ မြန်မာများ ယနေ့ည ပြန်ရောက်မည်
Donate to DVB

ရုရှားငါးဖမ်းသဘောင်္ နစ်မြုပ်ရာမှာ အသက်မသေဘဲ ကျန်ရစ်နေတဲ့ မြန်မာအလုပ်သမား ၂၂ ဦးဟာ ရုရှားနိုင်ငံ ဆာခါလင်းမြို့ကနေ မြန်မာနိုင်ငံကို ဒီနေ့ညပြန်ရောက်မှာ ဖြစ်ပါတယ်။

သင်္ဘောနစ်မြုပ်ရာမှာ သေဆုံးသွားတဲ့ မြန်မာအလုပ်သမား ၁၆ ဦးရဲ့ ရုပ်အလောင်းတွေကိုလည်း လေယာဉ်တစီးနဲ့ ရန်ကုန်ကို ပြန်လည်ပို့ဆောင်မယ်လို့ ရုရှားနိုင်ငံ မြန်မာသံရုံးရဲ့ အင်တာနက် စာမျက်နှာမှာ ရေးသားထားပါတယ်။

သဘောင်္သား ၁၃၀ ကျော်ပါဝင်တဲ့ ရုရှားငါဖမ်းသင်္ဘော ဒဲလ်နီ ဗော့စ်တော့ဟာ ဧပြီ ၂ ရက်နေ့က ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း အိုခေါ့ရှပင်လယ်ထဲမှာ နစ်မြုပ်သွားခဲ့တာပါ။

သင်္ဘောပေါ်မှာ မြန်မာသင်္ဘောသား ၄၂ ယောက် လိုက်ပါသွားခဲ့ပြီး အသက် ရှင်သူ ၂၂ ယောက်၊ သေဆုံးသူ ၁၆ ယောက်နဲ့ ၄ ယောက်မှာ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

သေဆုံးသူတွေအတွက် ရုရှားအလုပ်သမားဝန်ကြီးဌာနက မြန်မာငွေ သိန်း ၂၀၀ နဲ့ ညီမျှတဲ့ ရုရှားရူဘယ်ငွေ ၁ သန်းစီ ကူညီထောက်ပံ့မယ်လို့ ပြောဆိုထားပါတယ်။

မြန်မာသင်္ဘောသားတွေကို ငါးဖမ်းသမားလုပ်ရမယ်လို့ မပြောဘဲ စေလွှတ်ခဲ့တဲ့ ရန်ကုန်အခြေစိုက် ကုမဏီ ၅ ခုကိုလည်း လိုင်စင်သိမ်းယူခံထားရသလို  တရားမ၀င် ခေါ်ယူတဲ့ ရုရှားသင်္ဘောလိုင်း အရေးယူ ခံရထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013