
နစ်မြုပ်သွားတဲ့ ရှရှားငါးဖမ်းသင်္ဘောကို ပိုင်ဆိုင်တဲ့ မဂျဲလန် (Magellan) ကုမ္ပဏီကနေ company အသက်ရှင်လျက် ကျန်ရှိနေတဲ့ မြန်မာနိုင်ငံသားသင်္ဘောသား (၂၂) ဦးကို လျော်ကြေးပေးသွားဖို့ ရှိပါတယ်။
သင်္ဘောသား ၁ ဦးကို အမေရိကန်ဒေါ်လာ ၃၀၀၀ နှင့်ညီမျှတဲ့ ရူဘယ်ငွေ၊ သေးဆုံးသွားတဲ့ မြန်မာနိုင်ငံသား ၁၆ ဦးနဲ့ ပျောက်ဆုံးနေတဲ့ မြန်မာနိုင်ငံသား ၄ ဦးတို့ရဲ့ မိဘဆွေမျိုးတွေကိုတော့ အမေရိကန်ဒေါ်လာ ၁၅၀၀၀ နဲ့ ညီတဲ့ ရူဘလ်ငွေတို့ကို မြန်မာနိုင်ငံသံရုံးကနေတဆင့် ဧပြီလနောက်ဆုံးအပတ်အတွင်း ပေးသွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် ရှရှားနိုင်ငံတောင်ပိုင်း စာဟာလင်မြို့ Pacific Plaza Hotel မှာ တည်းခိုနေထိုင်နေစဉ်ကာလအတွင်း နေထိုင်စရိတ်နဲ့ စားစရိတ်တွေကိုလည်း ရုရှားနိုင်ငံက တာဝန်ယူထားပါတယ်။
လိုအပ်တဲ့ အဝတ်အစားတွေနဲ့ တကိုယ်ရေ အသုံးအဆောင်ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့အတွက် မော်စကိုမြို့က မြန်မာနိုင်ငံသံရုံး၊ သံအမတ်ကြီး ဦးတင်ယု မိသားစု၊ ရုရှားနိုင်ငံမှာ ရောက်ရှိနေကြတဲ့ ပညာတော်သင် တပ်မတော်အရာရှိတွေက စုပေါင်းပြီး အလှူငွေ ရူဘလ် ၁ သိန်း ၁ သောင်း ပေးပို့လှူဒါန်းထားတယ်လို့ သိရပါတယ်။
အသက်ရှင်ကျန်ရှိတဲ့ မြန်မာသင်္ဘောသား ၂၂ ဦးဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဧပြီ ၁၂ ရက်နေ့ နေ့လယ်ပိုင်း ရောက်ရှိမှာဖြစ်ပြီး သေဆုံးသူ ၁၆ ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ ဧပြီ ၁၅ ရက်နေ့မှာ စီးလုံးငှားလေယာဉ်နဲ့ ပို့ဆောင်ပေးသွားမယ်လို့ ရှရှားတောင်ပေိုင်း စာဟာလင်ဒေသ နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်ကပြောပါတယ်။











