DVB Logo
Home
Lead Story
ထားဝယ်မြို့က ကလေးသင်္ကြန် (ဓာတ်ပုံအက်ဆေး)
DVB
·
April 11, 2015
ထားဝယ်မြို့က ကလေးသင်္ကြန် (ဓာတ်ပုံအက်ဆေး)
1 / 12
Donate to DVB

ဒီလိုနေ့ရက်မျိုးတွေရောက်ရင် ဘယ်အရပ်ဒေသမှာမှ ကြုံတွေ့ရလေ့မရှိတဲ့ ကလေးသင်္ကြန်

လို့ ခေါ်တဲ့ ထားဝယ်သင်္ကြန်အကြိုရက်တွေကို လွမ်းမိကြမှာပါ။ သင်္ကြန်ဆိုတာကလည်း အပျော်တွေ ကူးစက်တတ်တာကိုး။

သင်္ကြန်ရေလောင်းကြ၊ ပက်ကြရင်း သူတို့လေးတွေရဲ့နှုတ်က ထွက်လာတဲ့ လက်တန်းဆိုကြတဲ့ သံချပ်လေးတွေ၊ သီချင်းတွေကလည်း မြင်ရကြားရသူတွေရဲ့ နှလုံးကိုကြည်မွေ့ ပြုံးပျော်စေတာအမှန်ပါ။

ဟော...ဒီနေ့ဆို ထားဝယ်လို သားဂန်းဂျန်လို့ ခေါ်တဲ့ ကလေးသင်္ကြန်ရက်တောင် ရောက်ပါပြီ။ ထားဝယ်သင်္ကြန်က သင်္ကြန်အကျနေ့မတိုင်ခင် သုံးရက်ကို ကလေးသင်္ကြန်ရက်ဆိုပြီး သတ်မှတ်ကစားကြတာကိုး။

မနက်ကတည်းက လမ်းတွေပေါ်မှာ ဆူညံလို့...။ တချို့ကလေးတွေက ရေပြွန်၊ ရေခွက်ကိုယ်စီနဲ့ ရပ်ကွက်လမ်းတွေထဲလှည့်လို့..။ တချို့ အဘိုးအဘွားတွေကလည်း သူတို့ရဲ့ချစ်မြေးလေးတွေ ရေကစားတာ ထိုင်စောင့်လို့..။ ထားဝယ်ရိုးရာ အတာသင်္ကြန်ရက်မြတ်ဟာ စတင်အသက်ဝင်နေပါပြီ။ နှစ်သစ်အခါသမယမှာ ရွှင်လန်းချမ်းမြေ့ကြပြီး ဘေးဘယာဝေးကွာကြပါစေ။ ခုဒီနှစ်တွေမှာ ထားဝယ်သင်္ကြန်ရက်တွေကို မဆုံကြသူများလည်း နောင်နှစ်တွေမှာ ချစ်သော မိသားစုတွေနဲ့အတူ ပျော်ရွှင်စွာ ကြုံဆုံခွင့်ရကြပါစေကြောင်း ဆုမွန်တောင်းအပ်ပါတယ်။

လေးစားမှုဖြင့်....

သတင်းဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

[gallery ids="89135,89136,89137,89138,89139,89140,89142,89143,89144,89146,89147,89148"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013