DVB Logo
Home
Lead Story
စစ်အုပ်စုကို အသိအမှတ်မပြုရန် အရပ်ဘက်အဖွဲ့  ၂၀၀ ကျော်က အာဆီယံကို တောင်းဆို
DVB
·
April 29, 2026
Photo: ASEAN
Photo: ASEAN
Donate to DVB

စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်စဉ်ဟာ တရားဝင်မှု ပျက်ပြယ်ကြောင်း ကြေညာပေးဖို့နဲ့ စစ်တပ် ဦးဆောင်တဲ့ ဟန်ပြအစိုးရ၊ လွှတ်တော်အပါအဝင် တရားမဝင် နိုင်ငံရေးယန္တရားတွေကို အသိအမှတ်မပြုဖို့ မြန်မာနဲ့ နိုင်ငံတကာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၀၁ ဖွဲ့က အာဆီယံကို ဧပြီ ၂၄ ရက်နေ့စွဲနဲ့ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ပါတယ်။

လက်ရှိ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံတွေဆီကို ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့နဲ့ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့လည်း ထုတ်ပြန်တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာ စစ်အုပ်စုဟာ အရပ်သားပြည်သူ ၅၁၈ ယေက်အထိ သတ်ဖြတ်ခဲ့ပြီး ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း လူအသေအပျောက်အများဆုံးလ ဖြစ်ခဲ့တယ်လို့ အဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။

ဒါကြောင့် အာဆီယံအနေနဲ့ စစ်အုပ်စု ကိုယ်စားလှယ်တွေကို အစည်းအဝေးတွေမှာ တက်ရောက်ခွင့်မပြုဘဲ ပိတ်ပင်ဖို့နဲ့ စစ်တပ်ဆီ လက်နက်နဲ့ လေယာဉ်ဆီ စီးဆင်းမှုတွေကို အရေးပေါ် တားဆီးပေးဖို့ တောင်းဆိုထားကြပါတယ်။

ဒါ့အပြင် စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းက လူသားလုံခြုံမှု အကျပ်အတည်းကို ပိုမိုဆိုးရွားစေတဲ့အတွက် စစ်အုပ်စုကို ကျော်လွှားပြီး NUG၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေကတဆင့် ပြည်သူတွေထံ နယ်စပ်ဖြတ်ကျော် အကူအညီတွေ တိုက်ရိုက်ရောက်အောင် ဆောင်ရွက်ပေးဖို့လည်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ စစ်အာဏာရှင်ကို ပြတ်ပြတ်သားသား ဖိအားပေးရမှာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါအဖြစ် မပါဝင်ဘဲ မြန်မာပြည်သူတွေဘက်က ရပ်တည်ဖို့ အချိန်တန်ပြီဖြစ်တယ်လို့လည်း အရပ်ဘက်အဖွဲ့အစည်း ၂၀၁ ဖွဲ့က တိုက်တွန်းထားပါတယ်။

အရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော်ထဲမှာ လူ့အခွင့်အရေးအဖွဲ့တွေ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLBနဲ့ တိုင်းရင်းသားအမျိုးသမီးအဖွဲ့စည်းတွေ၊ ALTSEAN-Burma၊ မြန်မာ့မိတ်ဆွေ MilkTea Alliance အဖွဲ့ ၊ သွေးစွန်းငွေလှုပ်ရှားမှုလှုပ်ရှားမှုအဖွဲ့၊ ရှေ့ပြေးအသံအဖွဲ့၊ ကျောင်းသားအဖွဲ့တွေ၊ သပိတ်အဖွဲ့တွေ၊ တောင်သူတွေနဲ့ သတင်းမီဒီယာတွေလည်း ပါတင်ပါတယ်။

ဒီအိတ်ဖွင့်ပေးစာကို  ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တီမောလက်စ်တေနဲ့ ဗီယက်နမ် နိုင်ငံတွေက ခေါင်းဆောင်တွေထံကိုလည်း လိပ်မူပြီးပေးပို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013