DVB Logo
Home
မြန်မာသတင်း
အင်ဒိုရောက် မြန်မာရေလုပ်သား ၄၅၀ ကျော်ကို ခရီးသွားလက်မှတ်ထုတ်ပေးမည်
DVB
·
April 11, 2015
အင်ဒိုရောက် မြန်မာရေလုပ်သား ၄၅၀ ကျော်ကို ခရီးသွားလက်မှတ်ထုတ်ပေးမည်
Donate to DVB

အင်ဒိုနီးရှားကနေ မြန်မာငါးဖမ်းလှေလုပ်သား ၄၅၀ ကျော် နေရပ်ပြန်ပို့နိုင်ရေး ခရီးသွား လက်မှတ်တွေ ထုတ်ပေးနိုင်အောင် အချက်အလက်တွေ ကောက်ယူနေတယ်လို့ ဂျာကာတာ အခြေစိုက် မြန်မာသံရုံး တာဝန်ရှိသူက ပြောပါတယ်။

ဘန်ဂျီနာနဲ့ တူရယ်ကျွန်းပေါ်မှာ  နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေအတွက် ရှေ့ပြေး လုပ်ငန်းတွေသွားရောက် ဆောင်ရွက်နေတဲ့ မြန်မာသံရုံး ဒု-အကြီးအကဲ သံမှူးဦးကျော်စိုးသိန်းက

“ဘန်ဂျီနာကရွေ့လာတာ မြန်မာ ၂၈၀ ပါ  ၊ ဘန်ဂျီနာမှာရှိတာက ၁၇၄ ယောက်၊ အခုကတော့ အချက်အလက်တွေကောက်ပြီးတော့ မနက်ဖြန်ကျနော်တို့အဖွဲ့ ဂျာကာတာကို  ပြန်မယ်၊ ပြန်ပြီးတော့ ဟိုမှာ အဲဒီအချက်အလက်တွေ လူဝင်မူကြီးကြပ်ရေးနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနကို တင်မယ်၊  ပြီးတော့ ခရီးသွားလက်မှတ် အမြန်ဆုံးထုတ်ပေးနိုင်အောင် ညှိနှိုင်းဆောင်ရွက်ပေးဖို့ ရှိတယ်။ နောက်ပြီးတော့ ခရီးသွား လက်မှတ်ထုတ်ပြီးရင်တော့ နောက်တဆင့်ကတော့ ပြန်ပို့ဖို့ပေါ့  အဲဒါလေးတွေလုပ်ဖိုရှိပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အစွန်အဖျားက ကျွန်းတွေပေါ်မှာ နေရပ်မပြန်နိုင်ပဲ နှစ်ပေါင်းများစွာ သောင်တင်နေပြီး  ငါးဖမ်း လှေတွေမှာ ကျွန်တွေသဖွယ် အလုပ်ကိုင်နေကြရတဲ့ မြန်မာ အများစုပါဝင်တဲ့ ရေလုပ်သား၃၀၀ ကျော်ကို   ပြီးခဲ့တဲ့ သီတင်းပတ်ကမှ ဘန်ဂျီနာကျွန်းကနေ ပိုမို လုံခြုံစိတ်ချရတဲ့ တူရယ်ကျွန်းပေါ်ကို အင်ဒိုနီးရှားအာဏာပိုင်တွေက  စက်လှေတွေနဲ့  ပို့ဆောင်ပေးခဲ့ တာပါ။

တူရယ်ကျွန်းမှာ ရောက်နေတဲ့ သံမှူးဦးကျော်စိုးသိန်းက  ‘အဓိက ကျနော်တို့တွေ့တာကတော့  လစာအပြည့်အ၀မရကြဘူး။ အလုပ်သမားအခွင့် အရေးတွေ အများကြီးဆုံးရှူံးနစ်နာတယ်။ ဆေးကုသခွင့်မရှိဘူး။ ဆေးကုသရင်ကြည့်ပေးတယ်။ ဆေးမပေးဘူး။ အလုပ်ချိန်ကို မတန်တဆခိုင်းတယ်၊ နေမကောင်းပဲနဲ့ ဖမ်းချုပ်ထား တာတွေလုပ်တယ်လို့ သူတို့ပြောကြာ တာပေါ့  “လို့ပြောပါတယ်။

မြန်မာနိုင်ငံသား အများစုကတော့  မိခင်နိုင်ငံကို  အမြန်  ပြန်ချင်နေကြပြီး အနည်းစုကတော့ လုပ်ခလ စာတွေ မရသေးတဲ့အတွက်  မပြန်လိုသူအချူို့လည်းရှိပါတယ်။

ငါးဖမ်းလှေမှာ စားဖိုမူး အိုးသူကြီးအဖြစ် လုပ်ကိုင်ခဲ့သူ  ဦးသက်နိုင် က “ ကျနော် လာက တည်းက ထိုင်းနိုင်ငံမှာ ၇ ရက်ပဲကြာတယ်။ ဒီကိုရောက်တာလာ အင်ဒိုနီးရှားရောက်လာတာ ခုအင်ဒိုနီးရှားမှာပဲ ၅ နှစ်လောက်ရှိနေပြီ။ စလာကတည်းက လှေပေါ်မှာပဲ တောက်လျှောက်ကျနော်လိုက်လာတာ၊ ခုပြန်မယ်ဆိုတာတောင်မှပဲ ပြန်တော့ ပြန်ချင်တယ်ပေါ့နော်။ ကိုလေးငါးနှစ်လုပ်ထားတဲ့ လုပ်အားခတွေ  ရမှန်းမရမှန် တိတိကျကျ မသိရတဲ့ အတွက်  ကျနော်မပြန်လိုက်ရတာပါ။ ခုချိန်အထိ အင်ဒိုနီးရှာမှာပဲ ရှိနေသေးတယ်။”လို့ ဒီဗွီဘီကို ပြောပါတယ်။

တူရယ်ကျွန်းပေါ် ကယ်ဆယ်ရေးစခန်းတခုမှာ ရောက်ရှိနေတဲ့ မြန်မာငါးဖမ်းလုပ်သား  ရိုဘော့ (ခ) ကိုသက်ဆွေတင့်ကတော့ “ဗမာပြည်ပြန်ရတော့မယ်ဆိုရင်တော့ ကျနော်ကတော့ ကျနော့်အမေရှိသေးတယ်ဆိုရင်ပေါ့၊ အမေဆီမှာပဲပြန်ပြီးတော့ ဘာအလုပ်ပဲဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ်လုပ်ပြီးတော့ပဲ ခေါင်းချတဲ့ အထိ အမေရှိတဲ့အရပ်မှာပဲ နေပြီးတော့မှ နောက်ပိုင်းကျမှ အမေမရှိတော့မှ ကျနော် သွားချင်လာချင်တဲ့ အရပ်ကို ကိုယ့်ဖာသာကို ပြန်ပြီး ထွက်ခွာဖို့ စိတ်ကူးတော့ရှိတယ်။ လောလောဆယ်တော့ ကျနော့်အမေမရှိတော့ ဘူးဆုံး သွားပြီဆိုရင်တော့ ကျနော်ကတော့ မပြန်တော့ ဘူးပေါ့နော်။  ”လို့ပြောပါတယ်။

မြန်မာရေလုပ်သားတွေ မိခင်နိုင်ငံပြန်လာနိုင်ရေးနဲ့ နိုင်ငံသား စိစစ်တဲ့လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ရဲ၊ လူဝင်မှုကြီးကြပ်ရေး၊ လူကုန်ကူးမှုတားဆီးရေးအဖွဲ့၊ လူမှုဝန်ထမ်း ကယ်ဆယ်ေ ရးနဲ့နေရာပြန်ချထားရေးအဖွဲ့တွေ ပါဝင်တဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့လည်း ရှေ့သီတင်းပတ်မှာ အင်ဒိုနီးရှားကို  ရောက်လာဖို့ ရှိနေတယ်လို့ မြန်မာသရုံးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013