DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုဆိုင်ရာကျင့်ဝတ် တတိယမူကြမ်း ရပါပြီ - ဦးမျိုးညွန့်
DVB
·
April 11, 2015
ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုဆိုင်ရာကျင့်ဝတ် တတိယမူကြမ်း ရပါပြီ - ဦးမျိုးညွန့်
Donate to DVB

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေအကြား ရေးဆွဲနေတဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးခြင်းဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေနဲ့ပတ်သက်ပြီး ဒီလုပ်ငန်းစဉ်မှာ အစဉ်တစိုက် ပါဝင်လာခဲ့တဲ့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ အတွင်းရေးမှူး ဦးမျိုးညွန့်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေအကြားထဲမှာ Code of Conduct ဆိုပြီးတော့ လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ လုပ်နေတာတခုရှိတယ်ပေါ့။ ဘာကြောင့် ရေးဆွဲလုပ်ကိုင်နေတာလဲ ဆိုတာရှင်းပြပါ။

“ဒါနဲ့ပတ်သက်လို့ ကျနော်သိသလောက်ပြောပြမယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အဆင့် ဆင့်ပေါ့လေ။ ရွေးကောက်ပွဲကော်မရှင်များကြားမှာလည်းပဲ ပြဿနာအနည်းဆုံးနဲ့ အလွတ်လပ်ဆုံး၊ အမျှတ ဆုံး၊ မြင်သာထင်ရှားအရှိဆုံး ရွေးကောက်ပွဲဖြစ်ရလေအောင် Code of Conduct တခုတော့လိုတယ်။ ဗမာလိုဖြင့်တော့ ကျင့်ဝတ်စည်းကမ်းပေါ့၊ ကျင့်ဝတ်စည်းမျဉ်းတခုလိုတယ်။ ဘာကျင့်ဝတ်စည်းမျဉ်း ဆိုလဲဆိုတဲ့ အခါကျတော့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ ကျင့်ဝတ်စည်းကမ်း (Code of Conduct for Election Campaign) ဒီလို ခေါင်းစည်းပြုပြီးတော့ လာပါတယ်။”

Code of Conduct က အခု ဘယ်အဆင့် ဘယ်အခြေအနေကို ရောက်သွားပြီလဲ။

“Third Draft (တတိယမူကြမ်း) တော့ ရောက်သွားပြီ။ ကျနော်ထင်တာ အားလုံးပြီးဆုံးသွားဖို့ကတော့ ဒါက အချိန်ကာလအတိုင်းအတာလည်း ရှိတယ်။ ကျနော်တို့သည် မေလ၊ ဇွန်လ လောက်ထက် နောက်ကျပြီးတော့ ဘယ်လုပ်လို့ဖြစ်မလဲ။ ရွေးကောက်ပွဲက နောက်သုံးလထက် ဟိုဖက် နည်းနည်းဆိုရင် လာတော့မယ်။ အဲဒီတော့ ကိစ္စအရပ်ရပ်သည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲအတွက် လုပ်ရမယ့် ကိစ္စတွေဟာလည်း အဲဒီ ဇွန်၊ ဇူလိုင်ထက်နောက်ကျလို့ မဖြစ်နိုင်ဘူး။ အဲဒီလောက်အတွင်းမှာ ပြီးအောင် ဆောင်ရွက်ရမယ့် အနေအထားရှိပါတယ်။”

အခုထွက်ပေါ်လာမယ့် Code of Conduct က နိုင်ငံရေးပါတီတွေအတွက် အခက်အခဲဖြစ်စေမယ့်ဟာမျိုးရှိ မလား၊ အဆင်ပြေစေနိုင်သလား ဘယ်လိုမျိုး သုံးသပ်သလဲ။

“ဒီလိုဗျ။ အဆင်ပြေနိုင်ပါတယ်။ ကျနော်တို့ကလည်း ဒီဟာကို အနည်းဆုံး ပါတီစုံဒီမိုကရေစီ စနစ်မှာဖြင့် ယဉ်ကျေးမှုအနေနဲ့ ရှိသင့်တယ်။ အမြင့်ဆုံး ဒါအသုံးချပေါ့ နောက်ဆုံးကျ ပြင်ဦးပေါ့။ ဒါလည်း တခါတည်းနဲ့ ပြည့်စုံမှာမှ မဟုတ်ဘဲ။ အဲသလိုတော့ သွားသင့်တယ်ဆိုတာကို စဉ်းစားရင်းနဲ့ ကျနော် ပါဝင်ဆောင်ရွက်နေတာပါ။”

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလမှာ ပါတီတွေအနေနဲ့ လိုက်နာရမယ့် ကျင့်ဝတ် ပေါ့နော်။ မလိုက်နာ ခဲ့လို့ရှိရင်၊ Code of Conduct က ချိုးဖောက်လို့ရှိရင် ဘယ်လိုမျိုးဖြစ်လာမလဲ။

“မလိုက်နာရင် တရားရုံးသဘောတွေပေါ့ ။ အငြင်းပွားစရာဖြစ်လာရင် နိုင်ငံရေးပါတီတွေချင်း ညှိနှိုင်းတဲ့ကော်မတီလိုဟာမျိုး တခုခုကနေပြီးတော့ ဒါကို ကြားနာ ဆုံးဖြတ်ကြည့်၊ အဲဒါမှ မလိုက်နာဘူးဆိုရင်တော့ ရွေးကောက်ပွဲကော်မရှင်ဥပဒေတို့ ဘာတို့အရ နိုင်ငံရေးပါတီများ တပါတီနဲ့တပါတီကို ရွေးကောက်ပွဲမှာ မကျေနပ်ရင် မဲစာရင်းကစလို့ မဲပုံးတွေအဆုံး မကျေနပ်ရင် တရားစွဲတာတွေဘာတွေရှိတယ်မဟုတ်လား။ အဲဒီလို တရားစွဲပေါ့။ အဲဒီအထိအောင်သွား။”

ဒါနဲ့ပတ်သက်ပြီးဘာများ ဖြည့်စွက်ပြောစရာရှိမလဲ။

“ထင်မြင်ချက်ကလေးပြောရရင်ဖြင့် Code of Conduct တွေ ရှိရင် မကောင်းဘူးလားဆိုရင် ရှိရင်ကောင်း ပါတယ်။ အဆင့်အတန်းရှိတဲ့တိုင်းပြည်၊ ဒီမိုကရေစီရှိတဲ့တိုင်းပြည်တွေမှာ ဒါတွေရှိတဲ့အတွက် ရှိရင်ကောင်း တယ်။ သို့သော် ဘာတော့ သတိထားစေလိုလဲဆိုတော့ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးပါမှ ဆေးအတွက် မလေးဖို့တော့ ပါဝင်ပတ်သက်သူတွေအကုန်လုံးကိုရော၊ ရွေးကောက်ပွဲကော်မရှင်ရော၊ နိုင်ငံတော်ရော အဲဒါ စဉ်းစားရမှာပါပဲ။ အဲဒီဟာ မဖြစ်အောင်၊ ဆေးအတွက် မလေးအောင် ကျနော်တို့ သတိထားဖို့လိုတယ်လို့ပဲ ထင်ပါတယ်။ ဒါဟာ နိုင်ငံရေးပါတီတခု၊ အစုအဖွဲ့တခုကနေ မရပါဘူး။ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ဆိုတော့ အားလုံးသဘောတူတဲ့ Code of Conduct တော့ ပေါ်လာနိုင် တယ်၊ ပေါ်လာလျှင်လည်း ကောင်းတယ်။ ကြီးတဲ့အမှုငယ်၊ ငယ်တဲ့အမှု ပျောက်မယ်ပေါ့ အဲလို တွေ့ရပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013