DVB Logo
Home
နိုင်ငံရေး
ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ အမျိုး​သမီး​အဖွဲ့ ပထမဆုံး​အကြိမ် တွေ့ဆုံ
DVB
·
November 26, 2010
Donate to DVB

နန်း​ခမ်း​က​ယောက် ၂၄-၁၁-၂၀၁ဝ

အမျိုး​သား​​ဒီမိုက​ရေစီ​အဖွဲ့​ချုပ်မှ အမျိုး​သမီး​​အဖွဲ့​ဝင်​တွေကို ​ဒေါ်​အောင်ဆန်း​ စုကြည်​က ပထမဆုံး​​အကြိမ်​အဖြစ် ဒီက​နေ့​ ​တွေ့​ဆုံ​ခဲ့​တယ်လို့​ သိရ​ပါတယ်။ အဖွဲ့​ချုပ်ရုံး​မှာ ဒီက​နေ့​​တွေ့​ဆုံကြပြီး​၊​ အမျိုး​သမီး​​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည် အပါအဝင် အမျိုး​သမီး​​အဖွဲ့​ဝင်​တွေ ၂ဝဝ​​လောက် တက်​ရောက်​ခဲ့​တယ်လို့​ သိရ​ပါတယ်။ တွေ့​ဆုံပွဲမှာ အဖွဲ့​ချုပ်အမျိုး​သမီး​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က သဘာပတိ ပြုလုပ်ခဲ့​ပြီး​၊​ တာဝန်ခံဖြစ်တဲ့​ ​ဒေါက်တာ ​မေဝင်း​မြင့်​က အခမ်း​အနား​ မှူး​အဖြစ် တာဝန်ယူခဲ့​တာဖြစ်ပါတယ်။ ဒီ​ဆွေး​နွေး​ပွဲမှာ တက်​ရောက်လာတဲ့​ တိုင်း​နဲ့​ပြည်နယ်က အမျိုး​သမီး​အသံကို ​ဒေါ်​အောင်ဆန်း​ကြည်က အရင် ကြား​ချင်တယ်လို့​ ​ပြောတဲ့​အတွက် အခုလို အသီး​သီး​ တင်ပြသွား​တယ်လို့​ ​ဒေါ်​မေဝင်း​မြင့်​က ​ပြောပြပါတယ်။ “ကချင်ပြည်နယ်တို့​ ဘာတို့​မှာက သူတို့​ ဖွဲ့​စည်း​ရာမှာ နည်း​နည်း​ အခက်အခဲ ​တွေ့​ရတယ်ဆိုတဲ့​အ​ကြောင်း​၊​ တိုင်း​နဲ့​ပြည်နယ် အား​လုံး​ နီး​ပါး​လောက် က​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လုံခြုံ​ရေး​ကို စိတ်ပူတယ်ဆိုတဲ့​ အ​ကြောင်း​တွေ ​ပြောကြပါတယ်။ “​နောက်ပြီး​တော့​ ဒုတိယမျိုး​ဆက်ဖြစ်တဲ့​ လူငယ်​တွေရဲ့​ အရည်အ​သွေး​ မြင့်​မား​ဖို့​ ဒီအိုင်တီ​ခေတ်မှာ အန်အယ်လ်ဒီ က​လေး​တွေကို စွမ်း​ရည်မြင့်​မား​လာ ​အောင် လုပ်​ပေး​ဖို့​ဆိုပြီး​တော့​ ကချင်ပြည်နယ်က တင်သွား​တာ​တွေ ရှိပါတယ်။ ” ရှမ်း​ပြည်နယ်ဆိုရင်လည်း​ လူငယ်​တွေ မူး​ယစ်​ဆေး​ဝါး​ သုံး​စွဲတာ တိုး​ပွား​နေတဲ့​အ​ကြောင်း​ ရှမ်း​ကိုယ်စား​လှယ် ​ဒေါက်တာ​ဒေါ်သန်း​ငွေက တင်ပြတာကိုလည်း​ အခုလို​ပြောပါတယ်။ “အခုအခါမှာ အမျိုး​သမီး​မိခင်​တွေက စီး​ပွား​ရေး​ကို ဦး​ဆောင်ပြီး​တော့​ လုပ်​နေရတယ်။ သူတို့​ ​ခေတ်တုန်း​က ပညာ​တွေ မသင်ခဲ့​ရဘူး​။ သူတို့​သား​သမီး​တွေရဲ့​ ​ခေတ်မှာ ပညာ​တွေကို ပြန်ပြီး​တော့​ သင်ကြား​နိုင်ဖို့​ သား​သမီး​တွေရဲ့​ ပညာသင်ဖို့​အတွက် သူတို့​ ကြိုး​စား​ပြီး​တော့​ ရှာ​နေရတယ်၊​ ဒါ​ပေမယ့်​ တချို့​ရှမ်း​ပြည်မှာရှိတဲ့​ က​လေး​တွေက မူယစ်​ဆေး​ဝါး​ဆွဲ​နေတာများ​တယ်။ ​နေ့​စဉ် ၁ဝ ဦး​လောက်က ဒီ မူး​ယစ်​ဆေး​ဝါး​ကြောင့်​ အသက် ဆုံး​±ှုံး​နေတာ​တွေ ရှိပါတယ်။ ဒါကို ကာကွယ်ဖို့​ပေါ့​နော်။” အလား​တူ ပြည်နယ်နဲ့​တိုင်း​ အသီး​သီး​က တင်ပြချက်​တွေကိုလည်း​ ​ဒေါက်တာ ​မေဝင်း​မြင့်​က အခုလို ဆက်​ပြောပြပါတယ်။ “နယ်စပ်​တွေနဲ့​ နီး​တဲ့​နေရာ​တွေကျ​တော့​ လူကုန်ကူး​ ကိစ္စ​တွေ တင်သွား​တာ ရှိပါတယ်။ ရခိုင်ပြည်နယ် ကိုယ်စား​လှယ်​တွေဆိုရင်လည်း​ ဖွဲ့​စည်း​ရေး​ကိစ္စတို့​၊​ ​နောက် ဂီရိမုန်တိုင်း​ သင့်​တဲ့​ ​နေရာ​တွေမှာ သူတို့​ သွား​လုပ်ကိုင်တဲ့​ အခါမှာ အကူအညီ လိုအပ်​နေတာ​တွေကို တင်ပြသွား​တာ ဖြစ်ပါတယ်။ “ဧရာဝတီတိုင်း​က တင်ပြသွား​တာက​တော့​ ဒီ အဖွဲ့​အစည်း​တွေမှာ​ပေါ့​နော် စာရွက်​ပေါ်မှာ နာမည်သာ ရှိပြီး​တော့​ လူမရှိတဲ့​ ကိစ္စ​တွေ၊​ ​နောက် ​ဒေါ်​အောင်ဆန်း​စုကြည် မလွတ်ခင်မှာ လူနည်း​ပြီး​တော့​ အခုအခါမှာ လူ​တွေ များ​လာတာ​ပေါ့​နော်၊​ အဲဒီ​တော့​ ဒီအလုပ်ကို လက်​တွေ့​ကျကျ လုပ်ကိုင်ဖို့​ သူတို့​ တင်ပြသွား​တာ​တွေ ရှိပါတယ်။ “​နောက်ပြီး​တော့​ မင်း​လှ ကိုယ်စား​လှယ် ပဲခူး​တိုင်း​က ​ဒေါ်လှလှမိုး​ဆိုရင် အဖွဲ့​အစည်း​ ကိစ္စကို လူမှု​ရေး​တွေအ​နေနဲ့​ မင်း​လှမှာရှိတဲ့​ နာ​ရေး​ကူညီမှုအသင်း​တွေ လုပ်​ဆောင်ချက်​တွေ တင်ပြသွာတယ်။ ကရင်ပြည်နယ်ကျ​တော့​ သူတို့​က သူတို့​နေရာမှ ဖွဲ့​စည်း​ဖို့​ ခက်ခဲတယ်။ နယ်စပ်​တွေ ဖြစ်​နေတယ်။ ဖွဲ့​စည်း​ရာမှာ ဒီဘက်က အာဏာပိုင်ရှိသလို ဟိုဘက်က လက်နက်ကိုင် အဖွဲ့​အစည်း​တွေ ရှိတယ်​ပေါ့​။ ဒီကြား​ထဲမှာ ဆက်ဆံ​နေရတဲ့​အတွက် ဖွဲ့​စည်း​ဖို့​ ခက်ခဲတယ် ဆိုတဲ့​အ​ကြောင်း​တွေကို သူတို့​ တင်ပြသွား​ပါတယ်။ “တနင်္သာရီတိုင်း​ကျ​တော့​ ဖွဲ့​စည်း​နိုင်​ပေမယ့်​ တချို့​နေရာ​တွေမှာ ဖွဲ့​စည်း​ရ ခက်ခဲတယ်ဆိုတဲ့​ဟာ​တွေ သူတို့​တင်ပြတာ ဖြစ်ပါတယ်။” တင်ပြချက်အား​လုံး​ကို ​ဒေါ်​အောင်ဆန်း​စုကြည်က မှတ်သား​သွား​ပြီး​ ​ရှေ့​ဆက် ဘာ​တွေ လုပ်ကြမလဲဆိုတာကို ဒုတိယအကြိမ် အမျိုး​သမီး​အစည်း​ဝေး​ ထပ် ​ဆွေး​နွေး​ကြမှာဖြစ်တယ် လို့​ သိရပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013