DVB Logo
Home
မြန်မာသတင်း
ဒေါ်ခင်ဝင်းအမှု တရားခွင်ကအပြန် ယာဉ်တိုက်မှု ရွာသား ၁၅ ဦးဒဏ်ရာရ
DVB
·
April 9, 2015
ဒေါ်ခင်ဝင်းအမှု တရားခွင်ကအပြန် ယာဉ်တိုက်မှု ရွာသား ၁၅ ဦးဒဏ်ရာရ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ဒေါ်ခင်ဝင်းအမှု တရားခွင်က ပြန်လာတဲ့ ရွာသားတွေစီးလာတဲ့ ထော်လာဂျီယာဉ်နဲ့   ကုန်တင်ယာဉ်ငယ်တစီး တိုက်မိတဲ့အတွက် ကား တိမ်းမှောက်ပြီး ၁၅ ဦးဒဏ်ရရှိသွားပါတယ်။

ရဲတပ်ဖွဲ့ရဲ့သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တဲ့ ဒေါ်ခင်ဝင်အမှုနဲ့ ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ်တရားရုံးမှာ ဒီကနေ့ အမိန့်ချမှတ်တဲ့ တရားခွင်ကို  လက်ပံတောင်းဒေသက တောင်သူ၁၀၀ ကျော်လည်း သွားရောက်နားထောင်ခဲ့ပြီး စီရင်ချက်ချပြီးလို့ အပြန်မှာ ကားတိုက်မှုဖြစ်ပွားခဲ့တာပါ။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး မိုးကြိုးပြင်အလယ်ရွာက ကိုဖိုးလပြည့်က “ကျနော်တို့ တရားရုံးကနေ ပြန်လာပြီးတော့ ဆားလင်းကြီကနေ အထွက် ၁ မိုင်လောက် အဝေးမှာ ကျနော်တို့ ထော်လာဂျီက လမ်းဘေးကို ချရပ်တဲ့ဟာကို ဟိုကားကြီးက အရှိန်နဲ့မောင်းလာပြီး ၀င်တိုက်လိုက်တယ်။ ပေ ၂၀ လောက်ကားနောက်ပါသွားပြီး  ချောက်ထဲကို ပြုတ်ကျသွားတာ။ ပြုတ်ကျတော့ အောက်က ရေတွေရှိလို့ ရေသာမရှိဘူးဆိုရင်တော့ အသေအပျောက်တော့ များမယ်။ အခုကတော့ ခြေထောက်ကျိုးတဲ့သူ၊ လက်ကျိုးတဲ့သူနဲ့ နံရိုးကျိုးတဲ့သူပဲရှိတယ်။”

ထော်လာဂျီပေါ်မှာ ၂၄ ယောက်စီးနင်းပြီး ကျန်သူတွေ အနည်းအကျဉ်းဒဏ်ရာရကြပြီး ၁၅ ဦးကတော့ လက်ကျိုးသူ၊ ခြေကျိုးသူနဲ့ နံရိုးကျိုးသူတွေဖြစ်တယ်လို့လည်း ကိုဖိုးလပြည့်က ပြောပါတယ်။

ဒဏ်ရာရသူ ၁၅ ဦးထဲက အသက် ၅၀ကျော်အရွယ် အမျိုးသားတဦးသာပါပြီး ကျန်သူတွေကတော့ အမျိုးသမီးတွေဖြစ်တယ်လို့ဆိုပါတယ်။ ဒဏ်ရသူတွေဟာဆယ်တည်းရွာ၊ မိုးကြိုးပြင်အလယ်ရွာနဲ့ မြောက်ရွာသားတွေဖြစ်ပြီး ဆားလင်းကြီးဆေးရုံကို ပို့ဆောင် ဆေးကုသမှုခံယူနေကြပါတယ်။

ဒီကနေ့ ဆားလင်းကြီးမြို့နယ် တရားရုံးမှာ လက်ပံတောင်း ကြေးနီစီမံကိန်း အဓိကရုဏ်းမှာ အသက် ၅၀ ကျော်အရွယ် မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေဆုံးခဲ့ရမှုဟာ သေနတ်ထိမှန်သေဆုံးခဲ့တာလို့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် တရားရုံးကအမိန့်ချပါတယ်။

[gallery ids="88995,88996,88997,88998"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013