DVB Logo
Home
မြန်မာသတင်း
အတွင်းဝန်များ ခန့်ထားရေး အစိုးရဆက်လုပ်မည်
DVB
·
April 9, 2015
အတွင်းဝန်များ ခန့်ထားရေး အစိုးရဆက်လုပ်မည်
Donate to DVB

အစိုးရ၀န်ကြီးဌာနတွေမှာ အမြဲတန်းအတွင်းဝန်တွေ ခန့်ထားရေးကိစ္စ ဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အစိုးရ၀န်ကြီးတွေက ဒီကနေ့  ပြည်ထောင်စုလွှတ်တော်မှာ လာရောက်ရှင်းလင်း ပြောကြားပါတယ်။

အမြဲတန်း အတွင်းဝန်ရာထူး တီထွင်ခန့်ထားခြင်းကို အခု အစိုးရသက်တမ်းမှာ မဆောင်ရွက်ဘဲ ဆိုင်းငံ့ထားဖို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမြတ်ဉာဏစိုးက အစိုးရကိုတိုက်တွန်းခဲ့တဲ့  အဆိုနဲ့ပတ်သက်လို့ရှင်းလင်းတာပါ။

ဒီအဆိုကို ကြံ့ခိုင်ရေးပါတီအမတ်ဦးဇော်မြင့်ဖေက ထောက်ခံဆွေးနွေးပြီး အမျိုးသားစီမံကိန်းဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နဲ့ ပြည်ထောင်စုရာထူးဝန်ဦးကျော်သူတို့က ဥပဒေနဲ့ အညီ ခန့်ထားလုပ်ဆောင်တာဖြစ်ကြောင်း ပြောပါတယ်။

သီပေါမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက “ဦးဇော်မြင့်ဖေက အခု ရာထူးသစ်တီထွင်ခန့်ထားတာဟာ လက်ရှိ ဒုဝန်ကြီးတွေလို ဝေလေလေဖြစ်နေမလားပေါ့၊ အစိုးရအဖွဲ့ကြီးက ထိရောက်မှု မဖြစ်ဘဲနဲ့ လေးနေမလားပေါ့၊သူ့စိုးရိမ်ချက်နဲ့ ထောက်ပြဝေဖန်တယ်။ ဒေါက်တာကံဇော်တို့ လာဖြေသွားတာတော့ အရှည်ကြီးပေါ့ဗျာ၊ဒါတွေ သူတို့လုပ်တာ ဥပဒေနဲ့ ညီပါတယ်ပေါ့”

လွှတ်တော်နာယကက အစိုးရအဖွဲ့အနေနဲ့ လွှတ်တော်ကိုတင်ပြစရာမလိုဘဲ လုပ်ပိုင်ခွင့်ရှိလို့ လုပ်ဆောင်တယ်ဆိုရင် နောင်ဖြစ်ပေါ်လာမယ့် ကိစ္စအရပ်ရပ်ကို တာဝန်ယူရမယ်လို့ မှတ်ချက်ပေးပြောကြားခဲ့ပြီး အဆိုကို မှတ်တမ်းတင်လိုက်ပါတယ်။

အစိုးရ၀န်ကြီးဌာနပေါင်း ၃၀ ကျော်ရှိပြီး ဌာနတိုင်းမှာ အမြဲတမ်းအတွင်းဝန်ခန့်ဖို့ ရှိတယ်လို့ ပြီးခဲ့တဲ့နှစ်ကတည်းက သမ္မတဦးသိန်းစိန်က ထုတ်ဖော်ပြောကြားထားပါတယ်။

ပါလီမန်ဒီမိုကရေစီခေတ်မှာ ၀န်ကြီးနဲ့ ဒုဝန်ကြီး ဆိုသူတွေဟာ အနိုင်ရပါတီကလာပြီး ၅ နှစ်လုပ်၊ အဲ့ဒီနောက် နောက်တယောက်ပြောင်းဆိုတာမျိုး ရှိနိုင်တာမို့ ဌာနအကြောင်း အကုန်သိနိုင်တဲ့ ဌာနမှာ တောက်လျှောက်လုပ်လာတဲ့သူတွေကို အမြဲတမ်းအတွင်းဝန်ခန့်ဖို့ စီစဉ်တာဖြစ်ပါတယ်။

အမြဲတမ်းအတွင်းဝန် ခန့်တဲ့အခါ စစ်တပ်ကလာတဲ့ မိုးကျရွှေကိုယ်တွေပဲ ဖြစ်ဖို့များပြီး လက်ရှိဌာနဆိုင်ရာ အကြီးအကဲတွေဖြစ်တဲ့ ဦးဆောင်ညွှန်ရေးမှူး၊ ညွှန်ကြားရေးမှူး ချုပ်တာဝန်ထမ်းဆောင်နေသူ အများစုဟာလည်း  မိုးကျရွှေကိုယ်တွေအများစု ဖြစ်တယ်ဆိုပြီး ဝေဖန်ခံနေရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013