DVB Logo
Home
မြန်မာသတင်း
မြန်မာကလေးအလုပ်သမားများ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ
DVB
·
April 9, 2015
မြန်မာကလေးအလုပ်သမားများ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ
1 / 5
Donate to DVB

ထိုင်းနိုင်ငံ မြောက်ပိုင်း  တာ့ခ်ခရိုင်နဲ့ တောင်ပိုင်း ချွန်းဖွန်းခရိုင်တွေမှာ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာအလုပ်သမားတွေနဲ့ အသက်မပြည့်ဘဲ အလုပ်ဝင်လုပ်နေတဲ့ ကလေးအလုပ်သမားတွေ ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဧပြီ ၉ ရက်နေ့ မနက်ပိုင်းက တာ့ခ်ခရိုင်ဝန် ဦးဆောင်ပြီး နယ်မြေခံ စစ်တပ်နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မဲဆောက်မြို့နယ်ထဲမှာရှိတဲ့ စက်ရုံအလုပ်ရုံနဲ့ တခြားလုပ်ငန်းခွင်တွေ ၀င်ရောက်စစ်ဆေးရာမှာ အထောက်အထားမရှိ မြန်မာအလုပ်သမား ၂၀ ဖမ်းဆီးရမိပြီး အဲဒီထဲမှာ အသက် ၁၅ နှစ်အောက် ကလေးက ၆ ဦးပါဝင်တယ်လို့  ဆိုပါတယ်။

ဒီစစ်ဆေးမှုနဲ့ ပတ်သက်ပြီး တာ့ခ်ခရိုင်ဝန် နိုင်းဆုမ်ချိုင်းရတ်က  “ကျနော်တို့ ဒေသထဲမှာ ကလေးအလုပ်သမားခိုင်းစေမှု၊ လုပ်ငန်းခွင်အနေအထား မှန်ကန်သင့်လျော်မှုနဲ့ ပတ်ဝန်းကျင်အနေအထားတွေ သွားစစ်ဆေးခဲ့တယ်။ အဲဒီမှာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တဲ့ စက်ရုံအလုပ်ရုံတွေ အများကြီးတွေ့ရပါတယ်။ ပြီးတော့ ကလေးအလုပ်သမားစေခိုင်းတာလည်း တွေ့ရတယ်။ သူတို့မျက်နှာတွေက အလုပ်လုပ်ရမယ့်အရွယ်တွေ မဟုတ်ဘူး။ တချိန်တည်းမှာပဲ တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားတွေ ခန့်ထားတာလည်း တွေ့ရပါတယ်။ ဒါကြောင့် ဒီပြဿ နာတွေ ဆက်လက်ဖြေရှင်းသွားရမှာ ဖြစ်တယ်။”

ဒီစစ်ဆေးမှုဟာ ထိုင်းအစိုးရရဲ့ အထူးညွှန်ကြားချက်နဲ့ ဆောင်ရွက်တာဖြစ်ပြီး နယ်မြေထဲ တရားမ၀င်မှုတွေ ပပျောက်အောင် ဆက်လက်စစ်ဆေးဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

အလားတူ ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင်ထဲမှာလည်း ဒီကနေ့ မနက် ၁၁ နာရီခွဲအချိန်က ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၅ ဦးကို ဖမ်းဆီးရမိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမ၀င်သူတွေ ပုန်းအောင်းနေကြောင်း ကြိုတင်သတင်းပေးချက်အရ   ထာ့ချဲ့မြို့နယ်ရဲတပ်ဖွဲ့နဲ့ နယ်မြေခံစစ်တပ်တို့ ပူးပေါင်းအင်အား ၂၀ ကျော်ဟာ  ထာ့ခမ့်ကျေးရွာ အုပ်စုက ဆီအုန်းစိုက်ခင်းထဲမှာ ပုန်းအောင်းနေတဲ့ သူတို့ကို ၀င်ရောက်စီးနင်း ဖမ်းဆီးခဲ့တာလို့  ရဲအုပ် နိုင်းဆိုဖွန်းဆုခန်ငင်း က သတင်းထောက်တွေကို ပြောပါတယ်။

ဖမ်းဆီးရမိသူတွေထဲမှာ အမျိုးသား ၄၀ အမျိုးသမီး ၅ ဦး ပါဝင်ပြီး အားလုံးဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းက ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံမှာ  အလုပ်လာ လုပ်ဖို့  မြန်မာပွဲစားအဆက်အသွယ်နဲ့ ကော့သောင်းကနေ ရနောင်းဘက်ကို လှေနဲ့ ကူးလာကာ ဟိုင်းလပ်ကား ၂ စီးက လာကြိုပြီး ချွန်းဖွန်းမှာ တထောက်နားစဉ် အဖမ်းခံရတာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံထဲလာဖို့ ပွဲစားကို တဦးလျှင် ဘတ်ငွေ ၉ ထောင် မှ ၁ သောင်း ၅ ထောင်ထိ ခရီင်္း အနီးအဝေးကိုလိုက် ပေးဆောင်ရပြီး ဆီအုန်းခြံထဲထိ လိုက်ပို့ပေးတဲ့သူကတော့ ဆိုင်ကယ်ပစ်ထားပြီး ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဆိုပါတယ်။

ထွက်ပြေးလွတ်မြောက်နေသူရော၊ ပွဲစားဂိုဏ်းကိုပါ ဥပဒေအရ လိုအပ်သလိုအရေးယူဖို့ ကွင်းဆက်တွေဆက်လက်ရှာဖွေစစ်ဆေးသွားမယ်လို့ ရဲကသတင်းထောက်တွေကို ပြောပါ တယ်။

[gallery ids="88963,88964,88965,88966,88967"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013