DVB Logo
Home
မြန်မာသတင်း
နတ်မောက်မြို့နယ် ကျေးရွာတချို့ သောက်သုံးရေ အခက်ကြုံ
DVB
·
April 9, 2015
နတ်မောက်မြို့နယ် ကျေးရွာတချို့ သောက်သုံးရေ အခက်ကြုံ
Donate to DVB

မကွေးတိုင်းး နတ်မောက်မြို့နယ်အတွင်းက ကွင်းကြီး၊ ကမ်းပြို၊ လျှော်ချောင်းလေးနဲ့ အနီးတ၀ှိက်က ကျေးရွာတွေမှာ  ဒေသခံတွေ  သောက်သုံးရေး အခက်အခဲကြုံတွေ့နေကြရပါတယ်။

ကမ်းပြိုရွာမှာဆိုရင် ဆည်ရေရှိပေမယ့် ရေငန်တဲ့အတွက် ရွာနဲ့ ၁ မိုင်ခွဲလောက်ဝေးတဲ့ ချောင်းရေကို သွားခတ်ပြီး အသုံးပြုကြရတယ်လို့  ဒေသခံရွာသား ဦးစိုးဝင်းက ပြောပါတယ်။

“အခုတလောကကျတော့ ကျနော်တို့ဒီ ချောင်းရေကို ၁ မိုင်ခွဲလောက်သွားသွားပြီးတော့ ရေပုံးတွေနဲ့ ခတ်ရတယ်။ ချောင်းထဲသွားခတ်တဲ့အခါ နာရီဝက် တနာရီလောက်ကြာတယ်လေ။ ကျနော်တို့ ဒုက္ခခံပြီးတော့ နွားလှည်းတွေနဲ့ ရေပုံးရေစည်တွေနဲ့ အဲလို တိုက်။ ရွက်အိုးတွေနဲ့ ချောင်းတွေထဲမှာ သွားပြီးတော့ လက်ယက်တွင်းတွေနဲ့ ခတ်နေရတယ်။”

ရွာအတွင်းမှာ အ၀ီစိရေတွင်းတတွင်းရှိပေမယ့် ရေစည်တစည်ကို ကျပ်၂၀၀ ပေးဝယ်ရတဲ့ အတွက် ငွေကြေး မတတ်နိုင်သူအများစုကတော့  ၁ မိုင်ခွဲလောက်ဝေးတဲ့ ချောင်းဆီကိုပဲ သွား ရေခတ်နေကြရတာပါ။

ရေအခက်အခဲကြုံတွေ့နေရတဲ့ ဒေသကို သွားရောက်ကူညီခဲ့တဲ့ လူမှုအဖွဲ့အစည်းက ကိုရန်အောင်ကတော့  “သူတို့က ရေအခက်အခဲရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ ဒေသက ရေငံထွက်တာ များတယ်။ အဲတော့ ရေငံကိုပဲ မဖြစ်မနေ သုံးနေရတာပေါ့။ ချိုးရေရောသောက်ရေရော ရေငံ သုံးနေရတယ်။ ကလေးတွေကျတော့လည်း အဲဒီရေငံကိုသုံးတဲ့အတွက် သူတို့ပြောပြချက်အရ ခြေထောက်ယောင်တာမျိုးတွေ ဖြစ်တယ်။”  လို့ ပြောပါတယ်။

ဒါကြောင့် အဲဒီဒေသမှာ စက်ရေတွင်းရှိရင် သောက်သုံးရေအတွက် ပိုပြီး အဆင်ပြေနိုင်တယ်လို့လည်း သူက ခန်းမှန်းပြောဆိုပါတယ်။ ကျွဲနွားတိရစ္တာန်တွေအတွက်လည်း ဒီရေပဲ အသုံးပြုရတဲ့အတွက် ရွာမှာ အ၀ိစိတွင်းတွေ ထပ်မံတူးနိုင်ဖို့  အကူအညီလိုအပ်တယ်လို့  ရွာသားတွေက ပြောပါတယ်။

အလားတူ ပြဿ    နာမျိုးတွေ မကွေးတိုင်းဒေသကြီးအတွင်းက တခြားကျေးရွာတွေမှာလည်း ရရင်ဆိုင်နေကြရတယ်လို့ ရေအခက်အခဲ သွားရောက် အကူအညီပေးနေတဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013