DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံကျောင်းသားများကို မိဘများနှင့်တွေ့ခွင့်မပေးသဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွား
DVB
·
April 9, 2015
ဖမ်းဆီးခံကျောင်းသားများကို မိဘများနှင့်တွေ့ခွင့်မပေးသဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွား
1 / 5
Donate to DVB

ဖမ်းဆီးခံသပိတ်မှောက်ကျောင်သားတွေနဲ့ဝန်းရံပြည်သူတွေကို  လက်ပံတန်းတရားရုံးမှာ ဒီကနေ့ ရုံးထုတ်ရာ ကျောင်းသားတွေနဲ့ မိဘတွေကို တွေ့ခွင့်မပေးခဲ့တဲ့အတွက် ရုန်းရင်းဆန်ခတ် အနည်းငယ်ဖြစ်ပွားခဲ့ပါတယ်။

ဖမ်းဆီးခံကျောင်းသား ကိုရဲဝင်းအောင်ရဲ့ ဖခင် ဦးစံထွန်းက “မနက်တုန်းက တွေ့ခွင့်မပေးဘူး။ သာယာဝတီထောင်မှာ သွားတွေ့ပါဆိုပြီးတော့ ပြောတယ်ပေါ့။ ပြောတော့ အဲဒီမှာ ရုန်းရင်းဆန်ခတ်ဖြစ်သွားတာပေါ့နော်။ ဖြစ်တော့ အဲဒီမှာ အထွေထွေအုပ်ချုပ်ရေးက လူကြီး တယောက်က ၀င်ညှိပြီးတောမှ တွေ့ခွင့်ရတာပါ။”

ကျောင်းသားတွေဘက်က ဥပဒေကြောင်းအရ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်ကလည်း ရုံးချိန်းမှာ မိဘတွေနဲ့ တွေ့ခွင့်မပေးတဲ့အတွက် ပြဿ နာတွေ ကြီးထွားလာနိုင်တယ်လို့ ပြောပါတယ်။

“မိဘမိသားစုက ပစ္စည်းလေးတွေ၊ စားစရာ သောက်စရာတောင်မှ ပေးခွင့်မရတဲ့ အနေအထားအပေါ် လူထုရဲ့ တောင်းဆိုမှုတွေ ပြင်းထန်လာတော့မှပဲ ခွင့်ပြုလိုက်တယ်။ အဲတော့ ကျနော်စိုးရိမ်တာက ဒီလိုသာ အာဏာပိုင်တွေဘက်က လုပ်နေမယ်ဆိုရင် ပြဿ နာကြီးထွားလာနိုင်တယ်။ တရားရုံးကိုထွက်လာတယ်ဆိုရင် ဘယ်လိုအကြောင်းပြချက်နဲ့ပဲ ထွက်ထွက် သူတို့မှာ မိသားစုနဲ့တွေ့ဆုံခွင့်က လူ့အခွင့်အရေးတရပ် အနေနဲ့ရှိတယ်။ အဲတော့ လူ့အခွင့်အရေးကို မျက်ကွယ်ပြုပြီးတော့ လုပ်နေမယ်ဆိုရင် ပြဿ နာတွေက လူထုနဲ့ ထိပ်တိုက်တွေ့မှုတွေဖြစ်လာမယ်။”

လက်ပံတန်း တရားရုံးမှာ သပိတ်မှောက်ကျောင်းသားနဲ့ဝန်းရံသူ ၇၀ လောက်ကို  နိုင်ငံတော် အကြည်ညို ပျက်စေမှု အပါအ၀င် ပုဒ်မ ၅ ခုနဲ့ စွပ်စွဲထားတာ ဖြစ်ပြီး တချို့ ကျောင်းသားခေါင်းဆောင်တွေကတော့ တခြားမြို့နယ်တရားရုံးတွေမှာ နောက်ထပ် ပုဒ်မ အမျိုးမျိုးနဲ့  တရားစွဲဆိုခံထားရပါတယ်။

ဒီကနေ့ရုံးချိန်းမှာတော့ ကျောင်းသားတွေကို ဘာမှ မစစ်ဆေးဘဲ လာမယ့် ဧပြီလ ၂၃ ရက်နေ့ ရုံးပြန်ချိန်းဆိုလိုက်တယ်လို့   ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

ကျောင်းသားတွေကို လက်ပံတန်းကနေ သာယာဝတီကို တရားရုံးပြောင်းထုတ်ဖို့ တရား လိုဘက်က တရားရုံးကိုတင်ထားပြီး သင်္ကြန်ပြီးမှ တရားရုံးပြောင်းရေးမပြောင်းရေးကိစ္စ အမိန့်ချမှတ်ဖို့ရှိတယ်လို့လည်း ရှေ့နေက ပြောပါတယ်။

[gallery ids="88926,88927,88928,88929,88930"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013