DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် မြေစာပုံပြိုကျမှု ထပ်မံဖြစ်ပွား၊ လူ ၁၀ ဦး ကျော်ပျောက်ဆုံး
DVB
·
April 9, 2015
ဖားကန့်တွင် မြေစာပုံပြိုကျမှု ထပ်မံဖြစ်ပွား၊ လူ ၁၀ ဦး ကျော်ပျောက်ဆုံး
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုထဲမှာ ဧပြီ ၇ ရက် ညနေပိုင်းက မြေစာပုံထပ်မံပြိုကျပြီး   ရေမဆေးကျောက်ရှာသူတွေ  ပျောက်ဆုံးဒဏ်ရာရမှု ရှိခဲ့ပါတယ်။

လုံးခင်းကျေးရွာအုပ်စု ကုဋေမော်ရွာက  မြယမုံကုမ္ပဏီပိုင် မြေစာပုံသွန်တဲ့ကျင်းထဲမှာ ဧပြီ ၇ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်က မြေစာပုံပြိုကျလို့ လူ ၁၁ ဦးပျောက်ဆုံးပြီး ၆ ဦးကို ဆေးရုံမှာ အတွင်းလူနာအဖြစ်ကုသနေရတယ်လို့ အခင်းဖြစ်ရာနေရာကို သွားကြည့်ခဲ့သူ ဒေသခံ ဦးတင်စိုးက ဒီဗွီဘီကို ပြောပါတယ်။

“မြေပြိုကျတဲ့နေရာက မြေစာပုံသွန်ဖို့ လုပ်ထားတဲ့ ကျင်းကြီးထဲမှာပါ။ ကျင်းရဲ့အနက်က ပေ ၂၅၀ ရှိပြီး အကျယ်က ဧက ၅၀ လောက်ရှိတယ်။ အရင်လက ပြိုသွားတဲ့နေရာကို ပြန်ဖို့နေတာ။ ဒါပေမယ့် မြေစာက အခြောက်မဟုတ်ဘဲ  ရွှံ့မြေတွေဖြစ်လို့  လျှောကျသွားတာ အနက် ပေ ၂၅၀ ကနေ ပေ ၇၀၀ လောက်ထိ ရောက်သွားတယ်။ အဲဒီခါကျတော့ ကျင်းထဲမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေရော၊ ယန္တရားမောင်းတဲ့လူတွေပါ အကုန်လုံးမြေစာအောက်ရောက်ကုန်တယ်။ ဘက်ဖိုးကား ၅ စီး နဲ့ မြေစာသည်ယာဉ်အကြီးစား ၆ စီးလည်း ရွှံ့တွေ ထဲရော ပါသွားတယ်။”

အခုပြိုကျသွားတဲ့ ကျင်းဟာ ကုဋေမော်ရွာနဲ့ ပေ ၁၀၀ လောက်အကွာမှာပဲရှိပြီး ရွာထဲမှာလည်း အက်ကြောင်းတွေရှိတဲ့အတွက် အချိန်မရွေးကျင်းထဲကို ပြိုကျနိုင်တဲ့အခြေအနေရှိကြောင်း၊ ဒါကြောင့် မြယမုံကုမ္ပဏီနဲ့ ကုဋေမော်ရွာတို့ သဘောတူညှနှိုင်းထားချက်အရ ရွာထဲကို မြေမပြိုအောင် ရွာနဲ့နီးတဲ့အပိုင်းဘက်ကို မြေတွေဖို့ပေးရင်း မြေတွေလျှောကျသွားတာလို့ သူက ဆက်ပြောပါတယ်။

၂၀၁၅ ခုနှစ်အတွင်း ဖားကန့်မှာ  မြေစာပုံပြိုမှုတွေ ၅ ကြိမ်လောက်ရှိသွားပြီဖြစ်ပြီး အများစုမှာ စက်ယန္တရားကြီးတွေသုံးပြီး ကျောက်တူးနေတဲ့ ကုမ္ပဏီပိုင် မြေစာပုံတွေက ဖြစ်ကာ သေဆုံးသူတွေဟာ တနိုင်တပိုင်ရေမဆေးကျောက်ရှာသူတွေ ဖြစ်ပါတယ်။

နောက်နောင် ရေမဆေးကျောက်ရှာသူတွေ ဘေးကင်းစွာလုပ်ကိုင်နိုင်ဖို့ စနစ်ကျတဲ့ နည်းလမ်းတွေ ရှာဖွေဆောင်ရွက်သင့်ကြောင်း  ဖားကန့်ဒေသခံလည်းဖြစ် ဖားကန့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နာယကလည်းဖြစ်တဲ့ ဦးဒါရှီ လာဆိုင်းကပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013