DVB Logo
Home
မြန်မာသတင်း
ကလေးစစ်သားစုဆောင်းသည့် တပ်မတော်သား ၂၇၀ ကျော်အရေးယူ
DVB
·
April 9, 2015
ကလေးစစ်သားစုဆောင်းသည့် တပ်မတော်သား ၂၇၀ ကျော်အရေးယူ
Donate to DVB

ကလေးစစ်သား စုဆောင်းခဲ့တဲ့ တပ်မတော် အရာရှိ အယောက် ၅၀ နဲ့ အခြားဆင့် ၂၇၇ ဦးတို့ကို စစ်စည်းကမ်းအရ အရေးယူဆောင်ရွက်ခဲ့တယ်လို့  ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောပါတယ်။

ဧပြီ ၈ ရက် ပြည်သူ့လွှတ်တော်မှာ ပြောကြားသွားတာဖြစ်ပြီး အသက် ၁၈ နှစ်မပြည့်ဘဲ စုဆောင်းခဲ့တဲ့ ကလေးစစ်သား  ၅၉၄ ဦးကို တပ်မတော်က နုတ်ထွက်ခွင့်ပေးကာ မိဘအုပ်ထိန်းသူထံ ပြန်လွှဲပြီးပြီလို့ ပြောသွားပါတယ်။

အလုံ မဲဆန္ဒနယ် လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က အရွယ်မရောက်သေးတဲ့ ကလေး သူငယ်တွေကို အဓမ္မစေခိုင်းမှု၊ စွန့်ပစ်ခံရမှု၊ ရောင်းစားမှုတွေ ပပျောက်စေဖို့နဲ့ တောရောမြို့ပါ မွေးစာရင်းလွယ်ကူ လျင်မြန်စွာ ထုတ်ပေးဖို့ နဲ့ အသက်မပြည့်တဲ့ ကလေးတွေကို စစ်မှုထမ်းဖို့ တပ်သားစုဆောင်းမှုတွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မေးမြန်းသွားခဲ့တာပါ။

ပြည်ထဲရေးဒုဝန်ကြီးက ကလေး စွန့်ပစ်၊ ခိုးယူရောင်းစားမှုပပျောက်ရေး သီးခြားစီမံချက် ချမှတ်ဆောင် ရွက်ခြင်း မရှိပေမယ့်  ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူနေကြောင်း၊  အသက် ၁၂ နှစ်အောက်ကလေးကို စွန့်ပစ်ခြင်းကျူးလွန်ပါက ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင် ပြီး ကလေးသူငယ်တွေကို ရောင်းဝယ်တာ၊ အဓမ္မ စေခိုင်းတာတွေကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေနဲ့ အရေးယူအပြစ်ပေးနိုင်ပြီး အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်အထိ ချမှတ်နိုင်တယ်လို့ ပြောသွားပါတယ်။

သင်္ဃန်းကျွန်းအမတ် ဦးသိန်းညွန့်ရဲ့ ကလေးသူငယ်တွေကို လိင်မှုဆိုင်ရာ စော်ကား ညှဉ်းပန်းခြင်းမှ ကာကွယ်သည့်ဥပဒေကြမ်း လက်ခံဆွေးနွေးဖို့ တင်သွင်းတဲ့ အဆိုကိုတော့  သဘော မတူသူများတဲ့အတွက် မဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013