DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ တာဝန်မှ နုတ်ထွက်
DVB
·
November 24, 2010
Donate to DVB

အံ့​ဘုန်း​မြတ် ၂၃ နိုဝင်ဘာ ၂၀၁၀

ရွေး​ကောက်ပွဲ​အလွန်ကာလ နိုင်ငံ​ရေး​ သုံး​သပ်ချက်​တွေနဲ့​ ပတ်သက်ပြီး​ ပြည်​ထောင်စု ဒီမိုက​ရေစီပါတီ (UDP) နဲ့​ သ​ဘောထား​ မတိုက်ဆိုင်​တော့​တဲ့​အတွက် ဒီလ (၂၂) ရက်​နေ့​က စပြီး​ တာဝန်က တရား​ဝင် နုတ်ထွက် လိုက်တယ်လို့​ ပါတီ ဥက္ကဋ္ဌ ဦး​သိန်း​ဌေး​​က ​ပြောပါတယ်။ ဦး​သိန်း​ဌေး​က သူနုတ်ထွက်​ရအ​ကြောင်း​ရင်း​ ၃ ချက်ကို အခုလို ​ပြောပါတယ်။

“ပထမသုံး​သပ်ချက်က ကျ​နော်တို့​နိုဝင်ဘာ (၇) ရက်​နေ့​ရောက်​တော့​ ရှင်း​လင်း​တဲ့​အ​ဖြေကို ရလာကြပြီ၊​ မြင်လာကြပြီ ဆိုတဲ့​ သုံး​သပ်ချက်ပါ။ အဲဒီနိုဝင်ဘာ (၇) ရက်​နေ့​ရဲ့​ အ​ဖြေ​ကြောင့်​ ဒီမိုကရက်တစ်ပါတီ​တွေနဲ့​ အင်အား​စုများ​က အချင်း​ချင်း​ ​ပြေလည်ညီညွတ် ဝန်း​ရံပြီး​ ​ဒေါ်စုရဲ့​ ဦး​ဆောင်မှုနဲ့​အတူ ပူး​ပေါင်း​လုပ်​ဆောင်မှသာ ရမယ်ဆိုတဲ့​ အ​ဖြေကို ရလာကြတယ်။

“ဒုတိယ သုံး​သပ်ချက်က လက်ရှိမှာ နည်း​လမ်း​ပေါင်း​စုံနဲ့​ အဓမ္မ အနိုင်ယူသွား​ကြတဲ့​ ကြံ့​ခိုင်​ရေး​ပါတီကို လူထုက လုံး​ဝလက်မခံနိုင်ဘူး​ဆိုတဲ့​ အ​ကြောင်း​ သိလာကြတယ်။ အဲဒါလည်း​ ကမ္ဘာ့​နိုင်ငံအသီး​သီး​ကော မိမိတိုင်း​ပြည်က​ကော သိလာတဲ့​အချက်ပါ။

“တတိယသုံး​သပ်ချက်က အဲဒီအ​ခြေအ​နေ​ကြောင့်​ တတိယ အင်အား​စု​တွေ လက်ရှိမှာ ထူ​ထောင်လို့​လည်း​ မရဘူး​။ ရပ်တည်လို့​လည်း​ မဖြစ်ဘူး​ဆိုတာကို ပွင့်​ပွင့်​လင်း​လင်း​ သိလာတယ်။ ဘာဖြစ်လို့​လည်း​ဆို​တော့​ ဇာတ်က တဆက်တည်း​ ဖြစ်သွား​ပြီဆိုတာကို မြင်လာကြပြီဆို​တော့​ ဒီလိုသုံး​သပ်ချက်ကို ထုတ်လိုက်ရပါတယ်။ ကျ​နော့်​ရဲ့​အမြင်၊​ ကျ​နော့်​ရဲ့​ ဆုံး​ဖြတ်ချက်ပါ။ အဲဒီအ​ပေါ်မှာ ကျ​နော်တို့​က နည်း​နည်း​ကွဲလွဲသွား​ပါတယ်။ ဒါ​ကြောင့်​ ကျ​နော်ခိုင်ခိုင်မာမာ ရပ်တည်ချင်တယ်၊​ ရပ်တည်လိုတဲ့​ ဆန္ဒနဲ့​ ထွက်လိုက်တာပါ။”

တတိယနိုင်ငံ​ရေး​လမ်း​စဉ်ကို မယုံကြည်​တော့​တာ​ကြောင့်​ အခုလို ရပ်နား​လိုက်တာဖြစ်တယ်လို့​လည်း​ ဦး​သိန်း​ဌေး​က ​ပြောပါတယ်။

“ဒီတတိယအင်အား​စုလို့​ ထပ်လုပ်လာတဲ့​ အင်အား​စု​တွေ နိုဝင်ဘာ (၇) ရက်​နေ့​မှာ ကျ​နော်တို့​ နိုင်ငံ​ရေး​ လုပ်ကြံခံရမှု ဖြစ်သွား​တယ်။ အဲဒီအတွက်​ကြောင့်​ တတိယအင်အား​စု​တွေ ဒီအချိန်မှာ ရှိခဲ့​သည်ရှိ​သော် ပြည်သူလူထုလည်း​ ​ဝေဝါး​သွား​စေမယ် ပြည်သူလူထုလည်း​ ရှုပ်​ထွေး​သွား​စေမယ့်​ အချက် ဖြစ်သွား​စေတယ်။ ဒီအချိန်မှာ တတိယ အင်အား​စုကို ဖြစ်ရင်​တောင်မှ ခဏသိမ်း​ထား​ကောင်း​ သိမ်း​ထား​ရပါမယ်။ ကျ​နော်တို့​လိုချင်တဲ့​ အချက်က အုပ်ချုပ်​ရေး​စနစ်ကို ​ပြောင်း​ချင်တာ၊​ တိုင်း​ပြည်အတွက် ပြည်သူလူထုအတွက် အုပ်ချုပ်​ရေး​ စနစ်ကို ​ပြောင်း​ချင်တာပါ။ ​ပြောင်း​ချင်တယ်ဆိုတဲ့​ အတွက်​ကြောင့်​ ကျ​နော်တို့​က လုပ်သင့်​တာ​တွေကို ​ပြေ​ပြေလည်လည် ညှိနှိုင်း​တိုင်ပင် ​ဆောင်ရွက်ပြီး​တော့​ သွား​သင့်​တယ် လို့​ယူဆတယ်။ အဲဒီအချိန်မှာ လက်ရှိအ​နေအထား​က ​ဒေါ်စုသာလျှင် ဦး​ဆောင်မှု​ပေး​ရပါလိမ့်​မယ်။ ဒါကို ကျ​နော်က ယူဆတာပါ။”

ဦး​သိန်း​ဌေး​မတိုင်ခင်ကလည်း​ ပါတီဥက္ကဋ္ဌရာထူး​က​နေ ၈၈ မျိုး​ဆက်​ကျောင်း​သား​တဦး​ဖြစ်တဲ့​ ကိုဖြိုး​မင်း​သိန်း​လည်း​ နုတ်ထွက်ခဲ့​ဖူး​ပါတယ်။ ဦး​သိန်း​ဌေး​ဟာ ပဲခူး​တိုင်း​ဒေသကြီး​ အမျိုး​သား​လွှတ်​တော်အတွက် ဝင်​ရောက်ယှဉ်ပြိုင်ခဲ့​တဲ့​ ကိုယ်စား​လှယ်တဦး​ဖြစ်ပြီး​ ​ရွေး​ကောက်ပွဲအတွင်း​ ​ကော်မရှင်ဝန်ထမ်း​တွေ၊​ ကြံ့​ခိုင်​ရေး​ပါတီဝင်​တွေ မဲမသမာမှု​တွေနဲ့​ ပတ်သက်ပြီး​ ထုတ်​ဖော်​ပြောဆို​နေသူတဦး​လည်း​ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013