DVB Logo
Home
မြန်မာသတင်း
ပညာရေးနှင့်ပတ်သက်သည့် သံချပ်စာသားများ ဆင်ဆာဖြတ်ခံရ
DVB
·
April 8, 2015
ပညာရေးနှင့်ပတ်သက်သည့် သံချပ်စာသားများ ဆင်ဆာဖြတ်ခံရ
Donate to DVB

သံချပ်စာသားတွေကို ဆင်ဆာတင်ရာမှာ ရန်ကုန်တိုင်း သံချပ်စိစစ်ရေးကော်မတီက ပညာရေးနဲ့ပတ်သက်လို့ စပ်ဆိုထားတဲ့ သံချပ်စာသားတွေကို အဓိကထားပြီး ဖြတ်တောက်လိုက်တယ်လို့ သံချပ်အဖွဲ့တွေက ပြောလိုက်ပါတယ်။

နှစ်ပေါင်း ၂၀ ကျော် အပိတ်ခံခဲ့ရတဲ့ သင်္ကြန်ရဲ့ပြယုဂ်ဖြစ်တဲ့ သံချပ်ဖျော်ဖြေမှုတွေကို အစိုးရကတကျော့ပြန်ခွင့်ပြုခဲ့တယ်ဆိုပေမယ့် ပြည်သူတွေအတွက် အဓိက မီးမောင်း ထိုးပြချင်တဲ့ သံချပ်စာသားတွေကိုတော့ ဖြတ်တောက်မှုတွေ လုပ်နေဆဲပါ။

အဲဒီအထဲကမှ ပညာရေးနဲ့ပတ်သက်လို့ စပ်ဆိုထားတဲ့ အဓိကသံချပ်စာသားတွေ အပုဒ်လိုက်ဖြတ်တောက်ခံလိုက်ရတယ်လို့ အပြာရဲ့အနီသံချပ်အဖွဲ့ခေါင်းဆောင် ဦးခန့်မင်းထက်က ပြောပါတယ်။

ဒါကြောင့် စိစစ်ရေးအဖွဲ့ကိုမတင်ဘဲ သံချပ်ဖျော်ဖြေမယ့် အဖွဲ့တွေရှိသလို၊ စိစစ်ရေးကော်မတီရဲ့ သံချပ်စာသားဖြတ်တောက်ခံခဲ့ရတဲ့ တချို့သံချပ်အဖွဲ့တွေကလည်း သင်္ကြန်မှာ သံချပ်ကို စိတ်ကြိုက်တိုင်ပြီး ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ဒီအတွက်တော့ ဖမ်းမယ်ဆိုရင်လည်း အဆင်သင့် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

မဆလအစိုးရခေတ်တုန်းက   မီဒီယာတွေကို ထိန်းချုပ်ခဲ့ပေမယ့် သင်္ကြန်ပွဲတော်ရောက်မှ အစိုးရကို အပြုသဘောနဲ့ဝေဖန်ဖို့ ပေါ်လာတဲ့ သံချပ်အဖွဲ့တွေကို ခွင့်ပြုခဲ့ပါတယ်။

ဒါပေမယ့် ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ပေးနေတဲ့ အခုအရပ်သား အစိုးရလက်ထပ်ကျမှ အဲဒီလိုအခွင့်အရေးမျိုး မရတော့ဘူးလို့ တို့ခေတ်နဲ့အပြိုင် ဂန္ထ၀င်သံချပ်အဖွဲ့ စတင်တည်ထောင်သူ ဦးကျော်ကျော်ဦးက ပြောပါတယ်။

မြန်မာ့ရိုးရာသင်္ကြန်နဲ့ ခွဲလို့မရတဲ့သံချပ်ရိုးရာဓလေ့ကို ၁၉၈၈ ခုနှစ် တပ်မတော်အစိုးရက အာဏာသိမ်းပြီး နောက်မှ ပျောက်ကွယ်သွားခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်ကြမှ သံချပ်စာသားတွေကို  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့ထားတဲ့ စိစစ်ရေးကော်မတီရဲ့ ကြိုတင်စီစစ်တဲ့ ပုံစံနဲ့ တကျော့ပြန်လည်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဒီနှစ်မဟာသင်္ကြန်မှာ သံချပ်အဖွဲ့တွေ အများစုကတော့ ပညာရေးနဲ့ပက်သက်တဲ့ သံချပ်စာသားတွေ ထည့်သွင်းဖျော်ဖြေဖို့ စီစဉ်ထားပေမယ့် အဲဒီ့သံချပ်စာသားတွေကို စိစစ်ရေးကော်မတီရဲ့ အပုဒ်လိုက် ဆင်ဆာဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

အပြည့်အစုံ ရုပ်သံကြည့်ရှုရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013