PSG နဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ဘရက်ဒ်လေ ဘာကိုလာဟာ လီဗာပူးအသင်းကို ပြောင်းရွှေ့ဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ ဘာကိုလာဟာ လီဗာပူးရဲ့ ကမ်းလှမ်းမှုကို လက်ခံထားတာပါ။ ဒါပေမဲ့ အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေး တန်ဖိုးကွာဟချက်က အများကြီးရှိနေတာကြောင့် အပြောင်းအရွှေ့က သေချာမှု မရှိသေးပါဘူး။
ဘာကိုလာ လီဗာပူးကို ပြောင်းရွှေ့နိုင်ခြေရှိတာကြောင့် ပြင်သစ်ချန်ပီယံ PSG အသင်းကတော့ အိုင်ဗရီကို့စ် တောင်ပံကစားသမား ယန် ဒီယိုမန်ဒီကို ခေါ်ယူဖို့ ကြိုးစားလာနိုင်ပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိ ဒီယိုမန်ဒီဟာ RB လိုက်ပ်ဇစ်မှာ ကစားနေတာပါ။
PSG ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဒီကစားသမားအတွက် အပြိုင်ဖြစ်လာနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။










