DVB Logo
Home
မြန်မာသတင်း
နာမကျန်းကလေးများကို ပျော်စရာဖန်တီးပေးသည့် မြန်မာကရောင်းဒေါက်တာအဖွဲ့ (ရုပ်သံ)
DVB
·
April 7, 2015
နာမကျန်းကလေးများကို ပျော်စရာဖန်တီးပေးသည့် မြန်မာကရောင်းဒေါက်တာအဖွဲ့ (ရုပ်သံ)
Donate to DVB

နာမကျန်းဖြစ်နေတဲ့ ကလေးတွေရဲ့ စိတ်ခံစားမှုတွေကို တဒင်္ဂသက်သာသွားအောင် ပျော်စရာတွေ ဖန်တီးပေးတဲ့ ဒီလို ကရောင်းဒေါက်တာအဖွဲ့လေးတွေက နိုင်ငံတကာမှာ ရှိနေတာတော့ ကြာပါပြီ။ မြန်မာနိုင်ငံကိုတော့ အမေရိကန် ဇနီးမောင်နှံ နှစ်ယောက်က သယ်ဆောင်လာခဲ့ပါတယ်။ စိတ်ပါဝင်စားတဲ့ မြန်မာလူငယ် ၁၀ ယောက်ကို သင်တန်းပေးရင်း ၂၀၁၂ခုနှစ်ရဲ့ ဖေဖော်ဝါရီလထဲမှာ လုပ်ငန်းစတင်ခဲ့ပါတယ်။

စတင်အကောင်အထည်ဖော်တဲ့အခါမှာတော့ တကယ်လုပ်မယ့်သူက ၂ယောက်ပဲ ကျန်ရှိပါတော့တယ်။ ကရောင်းဒေါက်တာ ပိစိရယ်လို့ ခံယူထားတဲ့ မကြည်ငြိမ်းချမ်းကျော်နဲ့ နောက်တဦးပါ။

ပရဟိတလုပ်တဲ့အဖွဲ့တွေက အများကြီးပဲလေ။ လူကြီးတွေအတွက် လုပ်ပေးနေတဲ့ ပရဟိတ အဖွဲ့တွေ အများကြီးပဲ။ ဒါပေမယ့် ဒီလိုအဖွဲ့မျိုးက မရှိသေးဘူး။ တခါမှလဲ မကြားဖူးသေးဘူးပေါ့နော်။ ဒါပေမယ့် တွေ့လိုက်တဲ့အချိန်မှာ ကလေးတွေ ရီအောင်လို့ လုပ်ပေးတယ်ဆိုတာလေးကို သဘောကျသွားတယ်။ ပြီးတော့ အရင်ကလည်း ကလေးက ချစ်တတ်တော့လေ ငါလဲ ဒီအဖွဲ့မှာ လုပ်ကြည့်ချင်တယ်ဆိုတဲ့ စိတ်လေးနဲ့ ဆက်သွယ်ပြီး လုပ်ဖြစ်သွားတာ လို့ ဒေါက်တာဇီးကွက်လို့လည်း နာမည်ခံထားတဲ့ မချိုဝေအောင်က ပြောပါတယ်။

၃ နှစ်တာအတောအတွင်းမှာတော့ သူတို့အဖွဲ့လေးဟာ အဖွဲ့ဝင် ၇ ယောက် ဖြစ်လာပါတယ်။ သူတို့တွေဟာ တနလာင်္ကနေ သောကြာနေ့အထိ မိမိတို့လုပ်ငန်းတွေကို လုပ်ကိုင်ပြီး နားရက်ဖြစ်တဲ့ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ အနားမယူပဲ ဆေးရုံတွေသွားပြီး ကလေးတွေအတွက် တတ်စွမ်းသလောက် ကူညီနေသူတွေပါ။

သူတို့လိုလုပ်နိုင်မယ့် စေတနာရှင်တွေပေါ်ပေါက်လာဖို့ကိုလည်း ကြိုးစားနေကြပါတယ်။
အဖွဲ့ဝင်များလာရင် လက်ဆင့်လဲ ကမ်းပေးချင်တယ်၊ ကိုယ်တွေက အသက်ကြီးသွားရင် ဆက်မလုပ်နိုင်တော့ဘူး၊ အဖွဲ့ဝင်များလာရင် ဆေးရုံတခုထဲကို ၂ဖွဲ့ခွဲပြီး သွားနိုင်မယ်။ နောက် အဖွဲ့ရဲ့ ပရိုဂရမ်က ဆေးမကုနိုင်တဲ့ ကလေးတွေကို ဆေးကုပေးချင်တယ် လို့ ဒေါက်တာပိစိက ပြောပါတယ်။

မြန်မာပြည်နဲ့ စိမ်းနေသေးတဲ့ ဒီလုပ်ငန်းကို သူတို့တွေကတော့ အောင်အောင်မြင်မြင်နဲ့ လုပ်နိုင်ခဲ့ပါပြီ။ ရှေ့ဆက်ပြီးတော့လည်း နာမကျန်းဖြစ်နေတဲ့ ကလေးတွေ ပျော်ရွှင်ဖို့ သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေ အသုံးပြုပြီး ချီတက်ကြဦးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013