DVB Logo
Home
မြန်မာသတင်း
အနာဂတ်အတွက် ဟောကိန်းမထုတ်ရန် ဗေဒင်ဆရာကို ထိုင်းဝန်ကြီးချုပ် အမိန့်ပေး
DVB
·
April 7, 2015
Donate to DVB

သူရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဟောကိန်းထုတ်တာကို ရပ်တန့်ဖို့ နာမည်ကြီးဗေဒင်ဆရာ နိုင်းဝါးရင်း ဘိုဝိလတ်လိုတ်ကို ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက အမိန့်ပေးလိုက်ပါတယ်။

ဧပြီ ၅ ရက် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ကို လာရောက်ရာမှာ ၃ နှစ်လောက် အာဏာကို ဆက်လက် ထိန်းသိမ်းရအုံးမယ်လို့ ဗေဒင်ဆရာက ဟောကိန်းထုတ်ပြီးတဲ့နောက် အခုလို အမိန့်ပေးလိုက်တာလို့ ဘန်ကောက်ပိုစ်သတင်းစာက ရေးပါတယ်။

နောင်နှစ်မှာ ရွေးကောက်ပွဲကို ကျင်းပနိုင်မှာ မဟုတ်သလို ပရာယွတ်က ၃ နှစ်လောက် အထိ အာဏာကို ဆက်ယူထားရအုံးမယ်လို့ နိုင်းဝါးရင်း ဘိုဝိလတ်လိတ်က ဟောကိန်းထုတ်ထားပါတယ်။

အမှောင့်အဖျက်လုပ်ငန်းတွေ ဆက်ဖြစ်နေသရွေ့နဲ့ ပန်းတိုင်ကို မရောက်သေးတဲ့ သမျှ စစ်တပ်ကခေါင်းဆောင်တဲ့ အစိုးရက အာဏာကို ဆက်လက်ကိုင်ထားမယ်ဆိုတာနဲ့ ဟောကိန်းက အံဝင်ဂွင်ကျဖြစ်နေတယ်လို့ အစိုးရ လက်ထောက်ပြောခွင့်ရက ပြောကြားအပြီးမှာ အငြင်းပွားစရာဖြစ်လာခဲ့တာပါ။
လမ်းပြမြေပုံမှာပါတဲ့ သတ်မှတ် အချိန်အတိုင်း ဒီမိုကရေစီကို ပြန်လည် ထိန်းသိမ်းဖို့နဲ့ ရွေးကောက်ပွဲကျင်းပဖို့ ဆက်လုပ်သွားမှာလို့ ပရာယွတ်က ပြောပါတယ်။

"ကျနော်မသိပါဘူး၊ ဗေဒင်ဆရာကို သွားမေးပါ၊ ကျနော်မှာ ကိုယ်ပိုင် လမ်းပြမြေပုံရှိပါတယ်၊ ဗေဒင်ဆရာကို နောက်ထပ် ဟောကိန်းတွေ မထုတ်ဖို့ ကျနော် အချက်ပေးထားပါတယ်၊ အာဏာကို ကိုင်ထားဖို့ ရည်ရွယ်မထားပါဘူး”လို့ သူက ပြောပါတယ်။
အစိုးရကတော့ ၂၀၁၆ မှာ ရွေးကောက်ပွဲကျင်းပသွားမယ်ဆိုတဲ့ အစီအစဉ်အတိုင်း လုပ်ဆောင်မယ်လို့ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး အမျိုးသားကောင်စီပြောခွင့်ရက ပြောပါတယ်။
နိုင်းဝါးရင်း ဘိုဝိလတ်လိုတ်ဟာ ထိုင်းမှာ အငြိမ်းစားနဲ့ လက်ရှိ ဗိုလ်ချုပ်တွေ နိုင်ငံရေးသမားတွေရဲ့ အကြိုက်နှစ်သက်ဆုံး ဗေဒင်ဆရာဖြစ်ပြီး ပရာယွတ်က ဧပြီ ၅ ရက်က သူအိမ်ကို သွားရောက် လည်ပတ်ခဲ့ပါတယ်။

နိုင်းဝါးရင်း ဘိုဝိလတ်လိုတ်ကို အမျိုးသားလုံခြုံရေး ကောင်စီရဲ့ ဗေဒင်ဆရာ အဖြစ်လူသိများပါ တယ်။

၂၀၀၆ စက်တင်ဘာ ၁၉ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်လက်ထပ်မှာ စစ်တပ်အကြီးအကဲဟောင်းက အာဏာမသိမ်းခင်သူနဲ့ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013