
သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုဝန်ကြီး ၈ ဦး၊ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးအပါအ၀င် ဒုတိယ ၀န်ကြီးတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ကို အထူးလေယာဉ်နဲ့ သွားရောက်ပြီး ခု တင် (၁၀၀) ဆေးရုံက လူနာတွေကို လက်ဆောင်ပစ္စည်းပေးတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံတော်သမ္မတနဲ့ အဖွဲ့ဝင်တွေကို နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီး ၀န်ကြီးတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကအဖွဲ့တွေနဲ့ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူတွေက ကြိုဆို နှုတ်ဆက်ကြတယ်လို့ ဆိုပါတယ်။
သမ္မတဟာ ဆေးစတိုနှင့် သွားနှင့်ခံတွင်းကုသခန်းတွေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနဲ့ ဆရာဝန် တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တွေ့ဆုံရာမှာ နယ်မြေကွင်းဆင်းပြီး ပြည်သူလူထုနှင့်ထိ တွေ့ကာ ကျန်းမာရေးအသိပညာပေးဖို့၊ စာသင်ကျောင်းတွေမှာ ဟောပြောကြဖို့။ မွေးကင်းစ ကလေးနဲ့ ၅ နှစ်အောက်ကလေးငယ်တွေ သေဆုံးမှုနည်းပါးစေဖို့ ဆောင်ရွက်သွားကြဖို့ မှာကြားခဲ့ တယ်လို့ ဆိုပါတယ်။











