DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံရသည့် ကျောင်းသားများနှင့် ၀န်းရံပြည်သူများ ဆေးဝါးကုသမှု လိုအပ်
DVB
·
April 7, 2015
ဖမ်းဆီးခံရသည့် ကျောင်းသားများနှင့် ၀န်းရံပြည်သူများ ဆေးဝါးကုသမှု လိုအပ်
Donate to DVB

လက်ပံတန်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်သားတွေနဲ့ ၀န်းရံပြည်သူတွေထဲမှာ ဒဏ်ရာရရှိသူတွေနဲ့ အစာအိမ်ရောဂါ ရရှိခဲ့သူတွေကို ဆေးစစ်ကုသဖို့ လိုအပ်နေပါတယ်။

ဧပြီလ ၇ ရက်နေ့က လက်ပံတန်း တရားရုံးကို တတိယအကြိမ်အဖြစ် ဖမ်းဆီးခံ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေ အယောက် ၇၀ လောက်ကို ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ ဒီရုံးချိန်းမှာ ဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်က ထောင်တွင်း ဖမ်းဆီခံထားရသူတွေထဲမှာ ဆေးကုသမှု လိုအပ်နေသူတွေ ရှိတယ်လို့ ပြောဆိုလိုက်တာပါ။

အမျိုးသားပညာရေးဥပဒေကို ကျောင်းသားတွေ လိုလားတဲ့ ဥပဒေ မဖြစ်မချင်း ဆက်လက် ရင်ဆိုင်သွားမှာ ဖြစ်ပြီး အခုချိန်ထိ ကျောင်းသားတွေ တောင်ဆိုနေတဲ့အချက်တွေ လက်တွေ့ မရရှိသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒီနေ့ရုံးထုတ်ရာမှာ တရားလိုဖက်က လက်ပံတန်းကနေ သာယာဝတီတရားရုံးကို ပြောင်းပြီးရုံး ထုတ်ဖို့ လျှောက်ထားတဲ့အတွက် ဘာအမှုမှ မစစ်ဖြစ်ဘဲ ဧပြီလ ၉ ရက်နေ့ ရုံးပြန်ချိန်းဆိုတယ်လို့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။ ရုံးထုတ်ရာမှာ အမျိုးသမီးတွေအပေါ် လက်ထိပ်ခတ်တဲ့အပေါ်ကိုလည်း ဝေဖန်သွားပါတယ်။

လက်ပံတန်း တရားရုံးမှာ သပိတ်မှောက်ကျောင်းသားတွေကို နိုင်ငံတော် အကြည်ညို ပျက်စေမှု အပါအ၀င် ပုဒ်မ ၅ ခုနဲ့ စွပ်စွဲထားတာ ဖြစ်ပြီး တချို့ ကျောင်းသားခေါင်းဆောင်တွေကတော့ တခြားမြို့နယ်တရားရုံးတွေမှာ အဲဒီပုဒ်မတွေ အပါအ၀င် နောက်ထပ် ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုခံထားရပါသေးတယ်။

ဒီကနေ့ရုံးချိန်းမှာ လုံခြုံရေး တင်းကျပ်မှုတွေ ရှိခဲ့ပြီး ကျောင်းသားတွေနဲ့ မိဘတွေ ခဏတွေ့ဆုံခွင့် ရရှိခဲ့ကြပါတယ်။ မနက်အစောပိုင်းကတည်းက တရားရုံး အ၀င် ဘီလင်းတန်း လမ်းထိပ်နဲ့ လမ်းသွယ်တွေကို ရဲတပ်ဖွဲ့တွေနဲ့ ကာစီးထားကာ ယာဉ်ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားခဲ့ပါတယ်။

ဖမ်းဆီးခံထားရသူတွေကို ရုံးထုတ်စစ်ဆေးပြီးနောက် နေ့လည် ၁ နာရီကျော်လောက်မှာ သာယာဝတီထောင်ကို အချုပ်ကားတွေနဲ့ ပြန်လည် ခေါ်ဆောင်သွားကြပါတယ်။ ဖမ်းဆီးခံထားရသူတွေ ပြန်လည် လွတ်မြောက်ရေးအတွက် တရားရုံးရှေ့မှာ ဗကသ ကျောင်းသားတွေကလည်း ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013