DVB Logo
Home
မြန်မာသတင်း
အသက်ရှင်ကယ်ဆယ်နိုင်ခဲ့သည့် မြန်မာသင်္ဘောသားများ ရုရှားတောင်ပိုင်းမြို့ရောက်ရှိ
DVB
·
April 7, 2015
အသက်ရှင်ကယ်ဆယ်နိုင်ခဲ့သည့် မြန်မာသင်္ဘောသားများ ရုရှားတောင်ပိုင်းမြို့ရောက်ရှိ
Donate to DVB

ရုရှားသင်္ဘော နစ်မြုပ်မှုမှာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တဲ့ မြန်မာသင်္ဘောသား (၂၂)ဦး ရုရှားနိုင်ငံ တောင်ပိုင်းက Yuzhro Sakhalinsk မြို့ကို ရောက်ရှိလာတယ်လို့ မော်စကိုအခြေစိုက် မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။

မြန်မာသင်္ဘောသားတွေကို ကယ်ဆယ်ရေး သင်္ဘောတွေနဲ့ တင်ဆောင်လာခဲ့တာဖြစ်ပြီး သဘောင်္သား(၂၂)ဦးလုံး ကျန်းကျန်းမာမာရှိတဲ့အကြောင်းနဲ့ Sakhalin မြို့ရှိ Pacific Plaza ဟိုတယ်မှာထားရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာက သင်္ဘောသား ၁၃၂ ယောက်လိုက်ပါလာတဲ့ ရုရှား ငါးဖမ်းသင်္ဘော ဒဲလ်နီ ဗော့စ်တော့ “Dalniy Vostok” ဟာ ဧပြီ ၂ ရက်နေ့က ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း Okhotsk အိုခေါ့ရှ်ပင်လယ် ၊ Kamchatka ကမ်ချတ်ကာ ကျွန်းဆွယ်မှာ နစ်မြုပ်သွား ခဲ့တာပါ။

သင်္ဘောပေါ်မှာ မြန်မာသင်္ဘောသား ၄၂ ဦး လိုက်ပါသွားခဲ့ရာမှာ အသက်ရှင်သူ ၂၂ ဦး သေဆုံးသူ ၁၆ လောင်း ပြန်ရရှိပြီး၊ ၄ ယောက်မှာ ပျောက်ဆုံးနေဆဲလို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သင်္ဘောသားတွေရဲ့ အမည်စာရင်းကိုလည်း မြန်မာသံရုံးဝက်ဆိုက်မှာရော ဖေ့စ်ဘွတ် အင်တာနက်စာမျက်နှာမှာပါ ဖော်ပြထားပြီး ပျောက်ဆုံးနေဆဲ မြန်မာသဘောင်္သား ၄ ဦးကတော့ ကိုစန်းဝင်းလှိုင်၊ ကိုကိုမောင်၊ ကိုသက်ဆွေနဲ့ ကိုသိန်းထွန်းတို့ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးရရှိသည့် သတင်းများအရ သေဆုံးသူ မိသားစုတွေကို ရုရှားအလုပ်သမား ဝန်ကြီးဌာနက ရုရှား ရူဘယ် ငွေ တစ်သန်းစီ ထောက်ပံ့ပေးသွားဖို့ရှိတယ်လို့လည်း မြန်မာသံရုံး လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013