DVB Logo
Home
မြန်မာသတင်း
မီးဘေးသင့် ကရင်နီဒုက္ခသည် ၆၀၀ ကျော် အရေးပေါ်ကူညီမှုလိုအပ်
DVB
·
April 7, 2015
မီးဘေးသင့် ကရင်နီဒုက္ခသည်  ၆၀၀ ကျော် အရေးပေါ်ကူညီမှုလိုအပ်
1 / 6
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်ရှိ စစ်ဘေးရှောင်ကရင်နီဒုက္ခသည်စခန်းမှာ ဧပြီလ ၇ ရက် နေ့လယ်က မီးလောင်မှုဖြစ်ပွားတဲ့အတွက် လူတွေရာနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်သွားပြီး အကူအညီတွေလိုအပ်နေပါတယ်။

မယ်ဟောင်ဆောင်မြို့နယ် ပန်မူကျေးရွာအုပ်စု နန်းဆွယ်ကျေးရွာထဲမှာရှိတဲ့ ကရင်နီဒုက္ခ သည်စခန်း အမှတ် ၁ မှာမီးလောင်မှု ကြောင့် နေအိမ်အလုံး ၁၅၀ ကျော် မီးထဲပါသွားပြီး လူပေါင်း ၆၀၀ ကျော် အရေးပေါ်အကူအညီ လိုအပ်နေတာ လို့ ကရင်နီဒုက္ခသည်စခန်းအမှတ် ၁ ကော်မတီ ဒုဥက္ကဋ္ဌ နော်ခူဖောက ဒီဗွီဘီကို ပြောပါတယ်။

“မီးက ရပ်ကွက် ၁ အိမ်နံပတ် ၁၁၇ ကနေ စလောင်တယ်။ အိမ်ရှင်အမျိုးသမီးက ထမင်းဟင်းချက်ပြီး အပြင်ထွက်သွားတာ မီးကောင်းကောင်း မငြိမ်းခဲ့ဘူးလို့ပြောတယ်။ အဲဒါ နေလည်းပူ၊ လေလည်းတိုက်ပြီး အဲဒီရပ်ကွက်က ရေရှားတော့ ချက်ချင်းမငြိမ်းနိုင်ဘဲ အိမ်အများကြီး ပါသွားတာ။ ရပ်ကွက် ၁ ဆို တောင်ကုန်းတခုလုံးပြောင်သွားတယ်။ အိပ်ယာခင်း အ၀တ်အစား အသုံးအဆောင်တွေ အကုန်မီးထဲပါသွားလို့ အကူအညီတွေ အများကြီး လိုနေပါတယ်။”

လောလောဆယ် မီးဘေးသင့်လို့ ခိုကိုးရာမဲ့သွားတဲ့ သူတွေကို ရပ်ကွက် ၉၊ ရပ်ကွက် ၁၂ ရေချောင်းဘေး အနီးနဲ့ စခန်းအ၀င်ဂိတ်အနီး ယာယီနေရာချထားတယ်လို့ သူက ဆက်ပြောပါတယ်။

မီးဟာ ဒီမနက် ၁၁ နာရီက စတင်လောင်ကျွမ်းပြီး ထိုင်းအာဏာပိုင်တွေဘက်က မီးသတ်ကား ၂ စီးနဲ့ လာရောက်ငြိမ်းသတ်ခဲ့တဲ့အတွက် မွန်းလွဲ ၂ နာရီထိကျော်မှာ မီးညွှန့်ကျိုးသွားတယ်လို့ ဆိုပါတယ်။

ပျက်စီးဆုံးရှုံးမှုပမာဏတွေ မသိရသေးပေမယ့် ရပ်ကွက် (၁)က မူလတန်းကျောင်း နဲ့ ရပ်ကွက် (၁) နဲ့ (၁၂) က ရပ်ကွက်ရုံး ၁ ရုံး မီးထဲပါသွားပါတယ်။

ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ မှာ ရပ်ကွက်ပေါင်း ၁၇ ခု ၊ အိမ်ခြေ ၂၅၀၀ နီးပါးရှိပြီး လူဦးရေ တစ်သောင်းတစ်ထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီစခန်းမှာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် နဲ့ ၂၀၁၃ ခုနှစ်တုန်းကလည်း မီးလောင်မှုဖြစ်ပွားခဲ့ဖူးပါတယ်။

မီးဘေးသင့် ပြည်သူများကို ထောက်ပံ့ကူညီရေးအတွက် ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ကော်မတီ ဖုန်းနံပတ် ၀၈ ၂၁၈ ၈၄၀ ၆၇ ကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - ChiangMaiRescueFanpage
[gallery ids="88678,88679,88680,88681,88682,88683"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013