DVB Logo
Home
မြန်မာသတင်း
မြန်မာကာတွန်း နှစ် ၁၀၀ ပြည့်ပွဲတော် ကျင်းပမည်
DVB
·
April 7, 2015
မြန်မာကာတွန်း နှစ် ၁၀၀ ပြည့်ပွဲတော် ကျင်းပမည်
1 / 2
Donate to DVB

မြန်မာကာတွန်း နှစ် ၁၀၀ ပြည့် ပွဲတော်ကို ၂၀၁၅ ခုနှစ်ကုန်ပိုင်း သီတင်းကျွတ်ကာလမှာ ကျင်းပသွားဖို့ မြန်မာကာတွန်းဆရာတွေက စီစဉ်နေပါတယ်။

ပွဲတော်အတွက် ကာတွန်းမျိုးဆက်သစ်တွေနဲ့ မျိုးဆက်ဟောင်းတွေ စုပေါင်းပြီး ကာတွန်းရာပြည့်ပွဲတော် ဖြစ်မြောက်ရေးကော်မတီကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ဖွဲ့စည်း လိုက်ပြီ ဖြစ်ပါတယ်။

ကာတွန်းတွေကို ချင်ခင်သူတွေရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ ကာတွန်းရာပြည့် ပွဲတော်ကို သီတင်းကျွတ်ပွဲတော်ကာလမှာ ၃ ရက်တာ ကျင်းပသွားဖို့ လတ်တလော စီစဉ်နေတယ်လို့ ရာပြည့်ပွဲဖြစ်မြောက်ရေး ကော်မတီက ကာတွန်းမောင်မောင်အောင်က ပြောပါတယ်။

“ကာတွန်းဆရာတွေကနေပြီးတော့ သူတို့ ယနေ့ တွေ့မြင်နေရတဲ့ ဒီနိုင်ငံမှာ ဖြစ်နေပျက်နေတဲ့ အကြောင်းအရာတွေ ရယ်ရွှင်ဖွယ်တွေ စသဖြင့် ရှုထောင့်မျိုးစုံကနေပြီးတော့ အသီးသီး ရေးဆွဲကြမယ်။ ရေးဆွဲတဲ့အခါမှာ ကာတွန်း နှစ် ၁၀၀ ပြည့်လို့ ဆိုတဲ့အတွက် ကလေးကာတွန်းတွေလည်း ပါမယ်။ ရှေ့က နာမည်ကြီးဇာတ်ကောင်တွေ လည်းပါမယ်ပေါ့။ သူတို့ လက်လှမ်းမီသလောက် စုစည်းပြီးတော့ ဒီပွဲကို လုပ်သွားမယ်။”

ကာတွန်းရာပြည့်ပွဲတော်မှာ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ကာတွန်းပညာရှင်တွေကနေ ရသအစုံ ကာတွန်းတွေ ပါဝင်အောင် ပြုလုပ်သွားမယ်လို့လည်း ပြောပါတယ်။

ဒါ့ပြင် ကာတွန်းအကြောင်း စာတမ်းဖတ်တာ၊ စာရေးဆရာတွေကနေ ကာတွန်းလောက အပေါ်အမြင်တွေဟောပြောပွဲတွေ၊ မျိုးဆက်သစ် လူငယ်ကာတွန်းဆရာတွရဲ့ အငြိမ့်ပွဲနဲ့ လူကိုယ်တိုင် လက်မှတ်ထိုး ကာတွန်းရေးဆွဲပြတာတွေလည်း ပါဝင်မှာဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ကာတွန်းရေးဆွဲ အသက်မွေးနေသူပေါင်း ၂၀၀ နီးပါးရှိမယ် ခန့်မှန်းပြီး ပြည်မြို့၊ မန္တလေး၊ မော်လမြိုင်၊ ကသာ၊ မကွေးမြို့ စတဲ့မြို့ တွေကနေ ကာတွန်းပညာရှင်တွေ အများအပြား ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အရင်က ကာတွန်းပွဲတော်တွေကို သီတင်းကျွတ်ကာလ ရန်ကုန်မှာ ကျင်းပလေ့ရှိသလို နီးစပ်ရာ ကာတွန်းဆရာတွေစုပြီး နှစ်စဉ် ကာတွန်းပြပွဲတွေလည်း အကြောင်းအရာအလိုက် ကျင်းပ လေ့ရှိပေမယ့် ကာတွန်းရာပြည့်ပွဲကိုတော့ ပထမဆုံးအကြိမ်ကျင်းပမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013