DVB Logo
Home
Lead Story
ကာတွန်းမူပိုင်ခွင့် မြန်မာကာတွန်းဆရာများကြေညာ - အော်ပီကျယ်နှင့် မေးမြန်းချက်
DVB
·
April 7, 2015
ကာတွန်းမူပိုင်ခွင့် မြန်မာကာတွန်းဆရာများကြေညာ -  အော်ပီကျယ်နှင့် မေးမြန်းချက်
1 / 2
Donate to DVB

စာနယ်ဇင်းစာမျက်နှာတွေမှာ ရေးဆွဲသရုပ်ဖော်လျှက်ရှိတဲ့ ကာတွန်းလက်ရာတွေဟာ ရေးဆွဲသူ ကာတွန်းဆရာတွေရဲ့ မူပိုင် အနုပညာပစ္စည်းဖြစ်ကြောင်းနဲ့ မူလရေးဆွဲတဲ့ ကာတွန်း ဆရာများကသာလျှင် ပိုင်ဆိုင်ကြောင်း ကာတွန်းဆရာတွေက လက်မှတ်ရေးထိုးကြေညာ လိုက်ပါတယ်။

cartoonဧပြီလ ၃ ရက်နေ့က ကျင်းပတဲ့ မြန်မာကာတွန်း နှစ် ၁၀၀ ပြည့်အကြိုဆွေးနွေးပွဲမှာ မူပိုင်ခွင့် အတွက် မြန်မာ ကာတွန်းဆရာတွေ သဘာတူလက်မှတ်ရေးထိုးခဲ့ကြတာပါ။ ခုလို မူပိုင်ခွင့် ကြေညာလိုက်ရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး ကာတွန်းဆရာ အော်ပီကျယ်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်တွင်းကကာတွန်းဆရာတွေ တွေ့ဆုံပြီးတော့ ကာတွန်းမူပိုင်ခွင့်ဆိုပြီး လက်မှတ်ရေးထိုး ထားတာတွေ့ပါတယ်။ မူပိုင်ခွင့်နဲ့ပတ်သက်လို့ ဘယ်လိုသတ်မှတ်လိုက်တာ ပါလဲ။
“အထူးသဖြင့်တော့ စံတော်ချိန်သတင်းစာထဲမှာ ကာတွန်းတွေကို သုံးလေးတိုက်တပြိုင်နက် ခွဲမပို့ရဘူးတို့ဘာတို့လေ။ အဲလိုကြေညာတော့ လူငယ်ကာတွန်းဆရာတွေ သူတို့က ကျနော့်ကိုတော့ လာတိုင်ပင်ကြတယ်။ ဒီကာတွန်းဆရာတွေက သူ့ကာတွန်း သူပိုင်တယ်ပေါ့လေ။ နောက်ပြီး နိုင်ငံခြားမှာလည်း ကာတွန်းတခုကို လေးငါးဆယ်တိုက် အဲလိုပဲ လှမ်းပြီးတော့အကုန်လုံးထည့်တာပဲ။ ဒါကြောင့် ကာတွန်းဆရာက သူ့ကာတွန်းကို သူလုပ်ပိုင်ခွင့်ရှိတယ်ပေါ့လေ။ အဲဒါကို အဓိက ရှင်းလင်းချင်တာပါ။”

ကာတွန်းဆရာတယောက်က ရေးဆွဲလိုက်တဲ့ကာတွန်းတခုဟာ ကာတွန်းဆရာက ပိုင်ဆိုင်ပါတယ်လို့ ဘာကြောင့် သတ်မှတ်ရတာလဲ။
“အဓိကကတော့ဗျာ ကာတွန်းဆရာတွေက ကာတွန်းတပုံထဲကို နှစ်တိုက် သုံးတိုက် ခွဲပို့တယ်ပေါ့လေ။ အဲဒီတိုက်တွေက ခွဲမပို့ဖို့ ပြောတယ်ပေါ့လေ။ ကာတွန်းဆရာကလည်း သူ့ဟာသူ လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့သဘောမျိုးကို ဆိုလိုချင်တာပါ။”

ကာတွန်းဆရာတွေက ဒီလိုမျိုး မူပိုင်ခွင့်သတ်မှတ်လိုက်ခြင်းအားဖြင့် အသုံးပြုတဲ့ စာနယ်ဇင်းတွေ အနေနဲ့ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မှာပါလဲ။
“တချို့တိုက်ကျတော့ ကာတွန်းတပုံထဲကို သူတို့ တိုက်လည်းပို့၊ သူများတိုက်လည်း ပို့တယ်ဆိုလို့ရှိရင် သူတို့က မသုံးချင်ဘူး။ မသုံးတဲ့လူတွေလည်းဖြစ်ရင် ဖြစ်လာမှာပေါ့လေ။ သို့သော် သုံးချင်တဲ့သူတွေရှိရင်ရှိမှာပေါ့။ ကာတွန်းဆရာကလည်း အမျိုးမျိုးလေ။ တချို့ကလည်း တတိုက်ထဲကိုပဲ တပုံထဲပို့တာပေါ့နော်။ တချို့ကျတော့လည်း ဒီတိုက်က ရေးပြီး ဒီတိုက်က မရွေးလို့ရှိရင် သူတို့ကာတွန်းက နောက်သုံးလေးရင်ဆိုရင် သိုးသွားမယ်လေ။ မလတ်ဆတ်တော့ဘူးပေါ။ အဲဒါကြောင့် သူတို့က သုံးချင်တဲ့တိုက်သုံးဖို့ သူတို့က ခွဲပို့တာ။ အဲဒါတော့ နှစ်ဦးနှစ်ဖက် သူ့သဘောနဲ့သူပါပဲ။ တိုက်က မသုံးချင်လို့ရှိရင် မသုံးနဲ့ပေါ့။ ကာတွန်းဆရာကလည်း မပို့ချင်ရင် မပို့နဲ့ပေါ့။ ”

တကယ်လို့ ဒီမူပိုင်ခွင့်မရှိရင် ကာတွန်းဆရာတွေ ဘယ်လိုနစ်နာမှုတွေရှိနေပါသလဲ။
“မူပိုင်ခွင့်ဆိုတာ တကယ်တော့ရှိပါတယ်။ ကိုယ်လုပ်တဲ့အရာကိုယ်ပိုင်တာပေါ့။ ကျနော်တို့က ဟိုအရင်ခေတ်ကလို တိုက်ပိုင် ကာတွန်းဆရာမှ မဟုတ်တာ။ တိုက်က သူ့ကိုလစာပေးထားတဲ့ကာတွန်းဆရာမျိုး မဟုတ်ဘူးလေ။ အဲဒါမျိုးဆိုရင်တော့ တမျိုးပေါ့။ အခုဟာက ကျနော်တို့ လွတ်လွတ်လပ်လပ်ဆွဲပြီးပို့။ မပါရင်လည်း ပိုက်ဆံမရဘူးပေါ့။ ပါရင် ပိုက်ဆံရမယ်ပေါ့။ အဲတော့ သူတို့ကာတွန်းကို သူတို့ပိုင်ပါတယ်။ တချို့တိုက်ပိုင် ကာတွန်းဆရာတွေဆိုရင် တိုက်ကပြောတဲ့ဟာပဲ ရေးရတာလေ။ အဲတော့ အဲဒီကာတွန်းကို သူဆွဲပြီးတော့ တိုက်က ပိုင်တာပေါ့။ ဗမာပြည်က ကာတွန်းဆရာတွေကတော့ တိုက်ပိုင် ကာတွန်းဆရာ မရှိပါဘူး။ ကိုယ့်ဘာကို လွတ်လွတ်ဆွဲပြီး လွတ်လွတ်လပ်လပ်ဖြစ်တဲ့အတွက် ကိုယ်ပဲ ပိုင်ပါတယ်။ ကာတွန်းဆရာက သူ့ကာတွန်းကို သူပိုင်တာပေါ့လေ။ သူလုပ်ချင်သလို လုပ်ခွင့်ရှိတယ်ပေါ့လေ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013