DVB Logo
Home
မြန်မာသတင်း
မယ်လအူး ဒုက္ခသည်စခန်းမီးလောင် အိမ်ခြေ ၆ လုံးမီးလောင်ပျက်စီး
DVB
·
April 7, 2015
မယ်လအူး ဒုက္ခသည်စခန်းမီးလောင် အိမ်ခြေ ၆ လုံးမီးလောင်ပျက်စီး
Donate to DVB

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ထဲက ကရင်ဒုက္ခသည်စခန်း တခုဖြစ်တဲ့ မယ်လအူး ဒုက္ခသည်စခန်းမှာ ဧပြီလ ၆ ရက်နေ့ ည ၁၀ နာရီလောက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

မယ်လအူးဒုက္ခသည်စခန်းရဲ့ အမှတ် ၆ ဘီ ရပ်ကွက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒီမီးလောင်မှုကြောင့် အိမ်ခြေ ၂ လုံး မီးလောင်ပျက်စီးသွားသလို ၄ လုံးကတော့ တ၀က်လောက်မီးလောင်ပျက်စီးသွားတယ်လို့ စခန်း ဒု-ဥက္ကဋ္ဌ စောဂေလာ က ဒီဗွီဘီကို ပြောပါတယ်။

“မီးလောင်တာတော့ အိမ်ခြေ ၂ လုံးနဲ့ တခြမ်းလောင်တာက ၄ လုံး လောင်တယ်။ ဒေသခံတွေရဲ့ ကူညီမီးငြိမ်းသတ်ပေးမှုကြောင့် မီးငြိမ်းသွားခဲ့တယ်။ မဟုတ်ရင်တော့ မလွယ်ဘူး။” လို့ ပြောပါတယ်။

မီးလောင်မှုအတွင်းထိခိုက်သေဆုံးဒဏ်ရာရသူမရှိပေမယ့် အိမ်တွင်း ပစ္စည်းအားလုံး မီးလောင်ပျက်စီးသွားခဲ့ တယ်လို့ ကရင်ဒုက္ခသည် စောဂေလာ က ပြောပါတယ်။

မီးဘေးဒုက္ခသည်တွေကိုတော့ ကရင်ဒုက္ခသည်ကော်မီတီနဲ့ အန်ဂျီအိုအဖွဲ့အစည်းတွေ ဘယ်လိုကူညီမလဲဆိုတာကိုတော့ စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

မယ်လအူးဒုက္ခသည် စခန်းဟာ ၂၀၀၄ ခုနှစ်မှာ စလယာယီခိုလှုံရေးစခန်းကနေ ပြောင်းလာတာ ဖြစ်ပြီး လက်ရှိ လူဦးရေ တသောင်းငါးထောင်ကျော် နေထိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013