DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက်ကျောင်းသားများကို တတိယအကြိမ်ရုံးထုတ်
DVB
·
April 7, 2015
သပိတ်မှောက်ကျောင်းသားများကို  တတိယအကြိမ်ရုံးထုတ်
1 / 4
Donate to DVB

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ရာက အကြမ်းဖက် ရိုက်နှက်ဖမ်ဆီးခံရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူ ၇၀ လောက်ကို ဒီကနေ့ ဧပြီ ၇ ရက်နေ့မှာ လက်ပံတန်း တရားရုံးမှာ တတိယအကြိမ် ရုံးထုတ်ပါတယ်။

ဒီနေ့ရုံးထုတ်ရာမှာ တရားလိုဖက်က လက်ပံတန်းကနေ သာယာဝတီတရားရုံးကို ပြောင်းပြီးရုံး ထုတ်ဖို့ လျှောက်ထားတဲ့အတွက် ဘာအမှုမှ မစစ်ဖြစ်ဘဲ ဧပြီလ ၉ ရက်နေ့ ရုံးပြန်ချိန်းဆိုတယ်လို့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ဒီကနေ့က ဘာထူးခြားလဲဆိုတော့ သူတို့ ရုံးပြောင်းလျှောက်ထားတဲ့အတွက် ဘာမှအမှုကို မစစ်နိုင်တော့ဘူး။ အမှုတွဲက ခရိုင်ရုံးရောက်နေတယ်။ အဲတော့ ဒီမှာအခု မိသားစုတွေ သူတို့မိဘတွေနဲ့ တွေ့နေတာတို့ လုပ်နေပါတယ်။ ရုံးပြောင်းကတော့ အမိန့်မကျသေးပါဘူး။ သင်္ကြန်ပြီးမှပဲ ကြားနာမှာပါ။”

လက်ရှိစစ်ဆေးနေတဲ့ လက်ပံတန်းမြို့နယ်တရားရုံးကနေ သာယာဝတီမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးဖို့ တရားလိုဘက်က လျှောက်တာဖြစ်ပါတယ်။ လာမယ့် ၉ ရက်နေ့မှာလည်း လက်ပံတန်းမြို့နယ်တရားရုံးမှာပဲ ရုံးထုတ်မှာဖြစ်တယ်လိုလည်း ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

သပိတ်မှောက်ကျောင်းသားတွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအ၀င် ပုဒ်မ ၅ ခုနဲ့ စွပ်စွဲထားပြီး သာယာဝတီထောင်ကနေ ဒီမနက် လက်ပံတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်လာ တာဖြစ်ပါတယ်။

လက်ပံတန်းမြို့မှာတော့ တရားရုံးကို သွားတဲ့ ရဲစခန်းထိပ်ကနေ စပြီး သံဆူးကြိုးကာတွေ လမ်းကို ပိတ်လို့ ရဲလုံခြုံရေး တင်းကျပ်စွာ ချထားပါတယ်။ အခုလို မနက်အစောပိုင်းကတည်းက လမ်းကို ပိတ်ထားလို့ သွားလာရခက်ခဲမှုတွေ ရှိတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ရက်တွေအတွင်းမှာတော့ လက်ပံတန်း တရားရုံးကနေ သာယာဝတီခရိုင် တရားရုံးမှာ ပြောင်းလဲစစ်ဆေးတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

မတ်လ ၁၀ ရက်နေ့က ပညာရေးဥပဒေ ပြင်ဆင်ရေးဆန္ဒပြပင်မသပိတ်စစ်ကြောင်းကို လက်ပံတန်းမှာ ရဲလုံခြုံရေးတွေက အကြမ်းဖက် ရိုက်နှက်ပြီး ကျောင်းသားတွေ အပါအ၀င် လူပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျောင်းသား ၂၈ ယောက်၊ ဒေသခံအယောက် ၂၀ နဲ့ ၀န်းရံ ပြည်သူ ၁၁ ယောက်တို့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
[gallery ids="88621,88624,88625,88626,88627"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013