DVB Logo
Home
မြန်မာသတင်း
နေပြည်တော်ရောက်ဆင်ဖြူကို ကြိုနေသည့် ဒုသမ္မတ (သတင်း ဓာတ်ပုံ)
DVB
·
April 7, 2015
နေပြည်တော်ရောက်ဆင်ဖြူကို  ကြိုနေသည့် ဒုသမ္မတ (သတင်း ဓာတ်ပုံ)
1 / 7
Donate to DVB

နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်မှာထားရှိဖို့ ရောက်ရှိလာတဲ့ န၀မမြောက် ဆင်ဖြူကို ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပရိတ်နံသာရည်တွေနဲ့ ပက်ဖျန်းကြိုဆိုနေပါတယ်။

ဧပြီ ၆ ရက် နေ့ကကျင်းပတဲ့ ဒီအခမ်းအနားကို ဒုတိယသမ္မတနဲ့အတူ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ ဒုတိယဝန်ကြီး ဦးသန်းထွန်း၊ ဒေါက်တာ ဒေါ်သက်သက်ဇင်နဲ့ နေပြည်တော် ကောင်စီဝင်တွေ ဌာနဆိုင်ရာ အကြီးအကဲတွေ တက်ရောက်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန လူမှုရေးကွန်ယက် ဖေ့ဘွတ်ခ် စာမျက်နှာမှာ ရေးပါတယ်။

“ရတနာ ဆင်ဖြူတော်သည် ဦးခေါင်းအရှေ့ဘက်သို့လှည့်၍ မော်တော်ယာဉ်ပေါ်မှ ဆင်းသက်”တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ဆင်ဖြူအမည်ကို သီရိမာလာလို့ ပေးလိုက်တဲ့အကြောင်းကိုလည်း “ဒုတိယသမ္မတက “သီရိမာလာ၊ သီရိ မာလာ၊ သီရိမာလာ”ဟု ခေါ်ဆိုပြီး ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ ဒုတိယဝန်ကြီးများနှင့် နေပြည်တော် ကောင်စီဝင်များက “သီရိမာလာ၊ သီရိမာလာ၊ သီရိမာလာ”ဟု အလှည့်ကျ သုံးကြိမ်စီခေါ်ဆိုကြရာ ပရိသတ်များက ဩဘာလက်ခုပ် တီး၍ ကောင်းချီးပေးကြသည်။” လို့ ရေးသားထား ပါတယ်။

ဆင်ဖြူတော်နဲ့ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာပါဆောင်းပါးတပုဒ်မှာတော့“ဆင်ဖြူတော် ရတနာများက ဆောင်ကြဉ်း ခဲ့သော အေးချမ်းသာယာမှု အတိတ်နိမိတ်ကြောင့် ယခုအခါ တစ်နိုင်ငံလုံး ပစ်ခတ်မှု ရပ်ဆိုင်းရေး သဘောတူ စာချုပ်မူကြမ်းကို အစိုးရအဖွဲ့နှင့် တိုင်းရင်း သားခေါင်းဆောင်တို့ အကြား အတည်ပြု လက်မှတ်ကို လက်မှတ် ရေးထိုးနိုင် ခဲ့လေပြီ။” လို့ ရေးသားထားပါတယ်။

“ဂမ္ဘီရဆန်သည်ဟု ဆိုချင်ဆိုကြပါစေ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်လှသော ငြိမ်းချမ်းရေး အလင်းရောင်ကို နဝမမြောက် ဆင်ဖြူတော်က ဆောင်ကြဉ်းလာခဲ့ပြီဟုဆိုလျှင် မှားအံ့မထင် ပါ။”လို့လည်းဆောင်းပါး မှာ ရေးပါတယ်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် သလပ်ခွာ သစ်တောကြိုးဝိုင်း အတွင်းမှာ ဆင်ဖြူကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သတင်းဓာတ်ပုံ (MOI )

[gallery ids="88635,88636,88637,88638,88639,88640,88641"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013